Connect with us

Hi, what are you looking for?

သတင်း

ကုလမှာ လက်ရှိမြန်မာသံအမတ်ကြီးကို ဆက်လက်ထောက်ခံဖို့ ကန်လွှတ်တော်အမတ် ၆ဦး တောင်းဆို

ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံအားပေးဖို့ အမေရိကန်လွှတ်တော်အမတ် ၆ဦးက ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင် သံအမတ်ကြီးမိုက်ဝေါ့ဇ်ဆီကို ပူးတွဲလက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

(လက်ရှိကျင်းပနေဆဲ ကုလအထွေထွေညီလာခံမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း စက်တင်ဘာ ၁၄ရက်က တက်ရောက်မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး)

အောက်တိုဘာ-၁၅၊ ၂၀၂၆။ People’s Spring

ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံအားပေးဖို့ အမေရိကန်လွှတ်တော်အမတ် ၆ဦးက ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင် သံအမတ်ကြီးမိုက်ဝေါ့ဇ်ဆီကို ပူးတွဲလက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂကိုယ်စားလှယ်စိစစ်ရေးကော်မတီ(Credentials Committee)ဆီမှာ အာဏာသိမ်းစစ်တပ်က သူတို့ရဲ့ခန့်အပ်တဲ့ကိုယ်စားလှယ်နဲ့ လက်ရှိသံအမတ်ကြီးဦးကျော်မိုးထွန်းကို အစားထိုးခန့်အပ်ရေး ကြိုးပမ်းလာမယ့် အခြေအနေမတိုင်ခင်မှာ အမေရိကန်လွှတ်တော်အမတ်တွေက သံအမတ်ကြီးမိုက်ဝေါ့ဇ်ဆီကို စာရေးသားပေးပိုခဲ့တာပါ။

အောက်တိုဘာ ၁၄ရက် မနေ့က ရက်စွဲနဲ့ ပေးပို့လိုက်တဲ့ စာမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်ရုံးအနေနဲ့ ကုလမသဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံအားပေးဖို့နဲ့ စစ်တပ်ရဲ့ ကိုယ်စားလှယ်ခန့်အပ်နိုင်ရေး ဘယ်လိုကြိုးပမ်းမှုကိုမဆို ဆန့်ကျင်ကန့်ကွက်ဖို့ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီးတောက်လျှောက် ကုလရဲ့ကိုယ်စားလှယ်စိစစ်ရေးကော်မတီက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကိုယ်စားပြုမှုကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက််ကြောင့် ကုလသမဂ္ဂမှာ အပြောင်းအလဲမရှိဘဲ လက်ရှိသံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

အဲဒီကာလအတွင်း မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဝင်ရောက်ခွင့်ရရှိရေး၊ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေးနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုများ မဖြစ်ပွားစေဖို့ တားဆီးကာကွယ်ရေးတို့နဲ့ပတ်သက်လို့ ကုလသမဂ္ဂနဲ့ ထိတွေ့ဆက်ဆံဆောင်ရွက်နိုင်ခဲ့ကြတယ်လို့ အမေရိကန်လွှတ်တော်အမတ် ၆ဦးရဲ့ စာမှာ ဖော်ပြပါတယ်။

ကုလရဲ့ကိုယ်စားလှယ်စိစစ်ရေးကော်မတီက လက်ရှိဆိုင်းငံ့ထားမှုအပေါ် ဘယ်လိုပြောင်းလဲမှုမျိုးမဆို ပြုလုပ်ခြင်းက အမေရိကန်ရဲ့ အကျိုးစီးပွားတွေနဲ့ ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာ၊ ခိုင်မာမှုတို့အပေါ် လက်တွေ့ကျကျ ခြိမ်းခြောက်လာစေမယ့် အန္တရာယ်များ ဖြစ်ပေါ်စေလိမ့်မယ်လို့ အဲဒီအမတ် ၆ဦးက သတိပေးထားပါတယ်။

အာဏာသိမ်းမြန်မာစစ်တပ်ကို ကုလသမဂ္ဂမှာ မဲပေးခွင့်နဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေမှာ အီရန်နဲ့ တရုတ်တို့လို အမေရိကန်ရဲ့ ပြိုင်ဘက်တွေနဲ့ တတန်းတည်း ဆောင်ရွက်ခွင့်ပြုခြင်းက နိုင်ငံတကာကို မှားယွင်းတဲ့သတင်းစကား ဖြစ်စေလိမ့်မယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ သံတမန်ရေးရာ အကာအကွယ်ရရှိရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးဆိုင်ရာ အထောက်အပံ့တွေနဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ လေယာဉ်ဆီရရှိရေးတို့အတွက် အဲဒီမိတ်ဖက်နိုင်ငံတွေအပေါ် မှီခိုနေရတာလို့ ထည့်သွင်းဖော်ပြပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ မကြာသေးမီက ရွေးကောက်ပွဲလုပ်ငန်းစဥ်ဟာလည်း လက်နက်ကိုင်ပဋိပက္ခများ၊ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရမှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ၊ နိုင်ငံရေးဆန့်ကျင်ဘက် အင်အားစုများကို ဖမ်းဆီးထိန်းသိမ်းမှုများနဲ့ အဓိက ဒီမိုကရက်တစ်ပါတီကြီးများကို ဖယ်ထုတ်ထားမှုများအကြား ကျင်းပခဲ့ခြင်း ဖြစ်တယ်လို့ ထောက်ပြပါတယ်။ အဲဒီရွေးကောက်ပွဲအခင်းအကျင်းဟာ အာဏာအကျပ်ကိုင်မှု၊ အကြမ်းဖက်မှုနဲ့ အရေးပေါ်အမိန့်များ ထုတ်ပြန်ကာ အာဏာကို ဆက်လက်ကျင့်သုံးနေတဲ့ စစ်အုပ်ချုပ်ရေးရဲ့ ပင်ကိုသဘာဝကို ပြောင်းလဲစေနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုမှု အပြောင်းအလဲပြုလုပ်ခြင်းဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒ ဒါမှမဟုတ် သူတို့ရဲ့ ဒီမိုကရေစီ မျှော်မှန်းချက်များကို ထင်ဟပ်ဖော်ပြနိုင်မှာ မဟုတ်တဲ့အပြင် အာဏာသိမ်းစစ်တပ်ကို သံတမန်အသိအမှတ်ပြုခြင်းက စစ်အာဏာရှင်စနစ်ကို ဆုချလိုက်သလို ဖြစ်သွားစေလိမ့်မယ်လို့ အမေရိကန်လွှတ်တော်အမတ်တွေက သတိပေးထားပါတယ်။

အမေရိကန်ဟာ ကုလသမဂ္ဂရဲ့ ဦးဆောင်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် လည်းကောင်း၊ ကိုယ်စားလှယ်စိစစ်ရေးကော်မတီရဲ့ အစဉ်အလာ အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် လည်းကောင်း မြန်မာနိုင်ငံကိုယ်စားပြုမှုကို အရင်နှစ်တွေအတိုင်း ဆက်လက်ဆိုင်းငံ့ထားရေးကို ထောက်ခံဖို့ နဲ့ အမေရိကန်ရဲ့ သဘောထားရပ်တည်ချက်ကို ပြတ်သားရှင်းလင်းစွာ ဖော်ထုတ်ဖို့ အဲဒီအမတ်တွေက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုဟာ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်မဖြစ်နိုင်ဘူးလို့ ပြော

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုအကြောင်း ကုလသမဂ္ဂအဆင့်မြင့်အစည်းအဝေးမှာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြပါတယ်။

သတင်း

ကမ္ဘာ့ခေါင်းဆောင်တွေမိန့်ခွန်းမှာ မြန်မာ့အရေးကို ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊တီမောလက်စ်တေတို့ ထည့်ပြော၊ တရုတ်ထည့်မပြော

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။