Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပအိုဝ်းတပ် PNLA တပ်ဖွဲ့ဝင်ငါးဦးကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်

အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသည့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF) ဆိုသည့် လက်နက်ကိုင်တပ်ဖွဲ့လည်းရှိနေပြီး PNDFသည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) မှ ရဲဘော်အချို့အား တွေ့ရစဉ်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) မှ ရဲဘော်အချို့အား တွေ့ရစဉ်

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) တပ်ဖွဲ့ဝင် ၅ဦးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည် သူ့စစ်အဖွဲ့(PNO/PNA)က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း PNLOက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၄ရက် မွန်းလွဲပိုင်းတွင် ပင်လောင်းမြို့နယ် ပင်မွန်းကျေးရွာအုပ်စု ဝါးပြုံးကျေးရွာတွင် PNLO/PNLA မှ ဒုတပ်စုမှူး ခွန်ထွန်းဦးပါအဝင် ၅ဦးကို မည်သည့် ရန်ငြိုးရန်စတစ်စုံတရာမှ မရှိဘဲ PNO/PNA ပြည်သူ့စစ်အဖွဲ့မှ အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ အခြေအနေ အသေးစိတ်တော့မသိဘူး။ ကျွန် တော်တို့ ရဲဘော်တွေက ပင်လောင်းဘက်မှာသွားသွားလာလာတော့ရှိတယ်။ တချို့ကလေးတွေက အဲဒီဘက် ဇာတိတွေ။ တခါတလေရွာပြန်လည် တာတွေရှိတယ်။ အဲဒါမျိုးတွေပေါ့။ ပြန်လည်ရင်းနဲ့ဒီတခါဘယ်လို ဖြစ်သွားလဲ မသိဘူး အဖမ်းခံရပြီး အသတ်ခံလိုက်ရတယ်လို့ ပြောတယ်”ဟု PNLO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်မင်းသိမ်းက ပြောသည်။

PNLO ရဲဘော်များသည် လက်နက်နှင့်အတူ သွားခြင်းဖြစ်ပြီး လက်နက်များကို PNOကသိမ်းထားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” အရင်တုန်းက ဒါမျိုး ဖြစ်စဉ်တွေမရှိခဲ့ဖူးဘူး။ ကျွန်တော်တို့ကတော့ စတိတ်မန့်မှာပါတဲ့အတိုင်း ဒီပြဿနာရပ်အပေါ် ရပ်ကို ရပ်ချင်းတုန့်ပြန်မယ့် အနေအထားမျိုးတော့ မရှိပါဘူး။ ကျွန်တော်တို့ အတက်နိုင်ဆုံး အငြိမ်းချမ်းဆုံးဖြစ်အောင် ဒေသတည်ငြိမ်ရေးကို ထိန်းသိမ်းတဲ့အနေနဲ့ အတက်နိုင် ဆုံး ငြိမ်းချမ်းနဲ့ နည်းလမ်းနဲ့ ဖြေရှင်းသွားမှာပါ။”ဟု ဗိုလ်မှူးခွန်မင်းသိမ်းက ပြောသည်။

ယခု ဖြစ်ရပ်အပေါ် PNOဘက်သို့ ဆက်သွယ် ထားပြီးဖြစ်သည်ဟု ဆိုသည်။

ပအိုဝ်းပြည်သူ့စစ် PNOသည် စစ်ကောင်စီလက် အောက်ခံ ဖြစ်ပြီး စစ်ကောင်စီနှင့်ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများဆောင်ရွက်နေသည်။ ပအိုဝ်းလက်နက်ကိုင် PNLO သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှု များ လုပ်ဆောင်ထားသည်။

အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသည့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF) ဆိုသည့် လက်နက်ကိုင်တပ်ဖွဲ့လည်းရှိနေပြီး PNDFသည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

သတင်း

ဆီဆိုင်မြို့ကို PNLAက သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ကို ပြန်ဝင်ရောက်နေရာယူရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

သတင်း

PNO ပြည်သူ့စစ် နှင့် စစ်ကောင်စီ စခန်းများ သိမ်းပိုက်ရရှိမှု အ​ခြေအ​နေကိုပြည့်ပြည့်စုံစုံသိရှိနိုင်ရန် တော်လှန်ရေးအင်အားစုများထံမှ အတည်ပြုချက်ရယူရန် လူထုနွေဦးကဆက်သွယ်မေးမြန်းဆဲ​နေဖြစ်သည်။

သတင်း

ဒီဇင်ဘာ ၃၀ ရက် ညကလည်း ရှမ်းမြောင်းရွာက ကျောက်မှုန့်စက်ရုံပိုင်ရှင်၏ မိခင်ဖြစ်သူ၊ စက်ရုံရှိ အမျိုးသမီးအလုပ်သမား တစ်ဦးနှင့် အမျိုးသားအလုပ်သမား ၅ ဦး စုစုပေါင်း ပြည်သူ ၇ဦးအား ပစ်သတ်သွားခဲ့သည်။