Connect with us

Hi, what are you looking for?

သတင်း

ပအိုဝ်းတပ် PNLA တပ်ဖွဲ့ဝင်ငါးဦးကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်

အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသည့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF) ဆိုသည့် လက်နက်ကိုင်တပ်ဖွဲ့လည်းရှိနေပြီး PNDFသည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) မှ ရဲဘော်အချို့အား တွေ့ရစဉ်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) မှ ရဲဘော်အချို့အား တွေ့ရစဉ်

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) တပ်ဖွဲ့ဝင် ၅ဦးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည် သူ့စစ်အဖွဲ့(PNO/PNA)က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း PNLOက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၄ရက် မွန်းလွဲပိုင်းတွင် ပင်လောင်းမြို့နယ် ပင်မွန်းကျေးရွာအုပ်စု ဝါးပြုံးကျေးရွာတွင် PNLO/PNLA မှ ဒုတပ်စုမှူး ခွန်ထွန်းဦးပါအဝင် ၅ဦးကို မည်သည့် ရန်ငြိုးရန်စတစ်စုံတရာမှ မရှိဘဲ PNO/PNA ပြည်သူ့စစ်အဖွဲ့မှ အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ အခြေအနေ အသေးစိတ်တော့မသိဘူး။ ကျွန် တော်တို့ ရဲဘော်တွေက ပင်လောင်းဘက်မှာသွားသွားလာလာတော့ရှိတယ်။ တချို့ကလေးတွေက အဲဒီဘက် ဇာတိတွေ။ တခါတလေရွာပြန်လည် တာတွေရှိတယ်။ အဲဒါမျိုးတွေပေါ့။ ပြန်လည်ရင်းနဲ့ဒီတခါဘယ်လို ဖြစ်သွားလဲ မသိဘူး အဖမ်းခံရပြီး အသတ်ခံလိုက်ရတယ်လို့ ပြောတယ်”ဟု PNLO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်မင်းသိမ်းက ပြောသည်။

PNLO ရဲဘော်များသည် လက်နက်နှင့်အတူ သွားခြင်းဖြစ်ပြီး လက်နက်များကို PNOကသိမ်းထားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” အရင်တုန်းက ဒါမျိုး ဖြစ်စဉ်တွေမရှိခဲ့ဖူးဘူး။ ကျွန်တော်တို့ကတော့ စတိတ်မန့်မှာပါတဲ့အတိုင်း ဒီပြဿနာရပ်အပေါ် ရပ်ကို ရပ်ချင်းတုန့်ပြန်မယ့် အနေအထားမျိုးတော့ မရှိပါဘူး။ ကျွန်တော်တို့ အတက်နိုင်ဆုံး အငြိမ်းချမ်းဆုံးဖြစ်အောင် ဒေသတည်ငြိမ်ရေးကို ထိန်းသိမ်းတဲ့အနေနဲ့ အတက်နိုင် ဆုံး ငြိမ်းချမ်းနဲ့ နည်းလမ်းနဲ့ ဖြေရှင်းသွားမှာပါ။”ဟု ဗိုလ်မှူးခွန်မင်းသိမ်းက ပြောသည်။

ယခု ဖြစ်ရပ်အပေါ် PNOဘက်သို့ ဆက်သွယ် ထားပြီးဖြစ်သည်ဟု ဆိုသည်။

ပအိုဝ်းပြည်သူ့စစ် PNOသည် စစ်ကောင်စီလက် အောက်ခံ ဖြစ်ပြီး စစ်ကောင်စီနှင့်ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများဆောင်ရွက်နေသည်။ ပအိုဝ်းလက်နက်ကိုင် PNLO သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှု များ လုပ်ဆောင်ထားသည်။

အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသည့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF) ဆိုသည့် လက်နက်ကိုင်တပ်ဖွဲ့လည်းရှိနေပြီး PNDFသည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ကြောင်းနဲ့ တော်လှန်ရေးတရပ်လုံးကိုယ်စားပြုနိုင်တဲ့ ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မယ်လို့ ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးက ထုတ်ပြန်ကြေညာပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်ရင်း(၁၂) ရဲဘော် တစ်ဦးနဲ့ မြို့နယ်လုပ်သားလူငယ် တစ်ဦးကို ‎ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA အဖွဲ့က ဖမ်းဆီးပြီး ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။