Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦး ဖွဲ့စည်းမှု တစ်နှစ်ပြည့် အခမ်းအနား ပြုလုပ်

မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး(MVRF) ဖွဲ့စည်းမှု တစ်နှစ်ပြည့်အခမ်းအနားကို စက်တင်ဘာ ၁၄ရက်က ပြုလုပ်ခဲ့သည်။

ဓါတ်ပုံ-MVRF
ဓါတ်ပုံ-MVRF

မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး(MVRF) ဖွဲ့စည်းမှု တစ်နှစ်ပြည့်အခမ်းအနားကို စက်တင်ဘာ ၁၄ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြိုင်မြို့နယ်ရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)နှင့် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တာဝန်ရှိသူများ၊ မြို့နယ် ပညာရေး တာဝန်ရှိသူများ နှင့် ကျန်းမာရေးတာဝန်ရှိသူများ၊ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များ၊ မဟာမိတ်အင်အားစုများ၊ MVRF ရဲဘော်များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြောင်း MVRFက သတင်းထုတ်ပြန်သည်။

MVRF သည် ပခုက္ကူ ခရိုင် တပ်ရင်း အမှတ်(၆) တပ်ရင်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနကအတည်ပြုထားသည့်PDFတပ်ရင်းဖြစ်သည်။

MVRF အနေဖြင့် စစ်ကောင်စီကို ဆန့်ကျင်သော မည်သည့် အဖွဲ့အစည်းနှင့်မဆို မဟာမိတ်ဖွဲ့ပြီးပူးပေါင်း တိုက်ခိုက်သွားမည်ဟု အဖွဲ့စတင်တည်ထောင်ကတည်းက ကြေညာထားပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။ ယမန်နေ့ စက်တင်

Public Service Announcement

Public Service Announcement

ဘာ ၁၄ရက်တွင် မြိုင်နယ်အတွင်း ကင်းပတ်ထွက်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၈ဦးအား တိုက်ခိုက်ခဲ့ရာ ၁ဦးသေဆုံးပြီး လက်နက် တစ်လက်နှင့် ကျည်များ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။