Connect with us

Hi, what are you looking for?

သတင်း

ရေစကြို ပခန်းငယ်ရဲကင်းစခန်းမှ ရဲတပ်သားတစ်ဦး CDM ပြုလုပ်လာဟု မြိုင်မှ MVRFတပ်ဖွဲ့ အသိပေး

လတ်တလောတွင် ရေစကြိုနယ်နှင့် မြို့နယ်တို့တွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြားမကြာခဏ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။

CDM ရဲတပ်သား
CDM ရဲတပ်သား

မကွေးတိုင်း ရေစကြိုမြို့နယ် ပခန်းငယ်ရဲကင်းစခန်းမှ ရဲတပ်သားတစ်ဦး CDM ပြုလုပ်လာကြောင်း မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦး(MVRF)က ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ပခန်းငယ် ရဲစခန်းမှ ရဲတပ်သား အောင်ကျော်သူသည် ဇွန်လ ၂၂ရက်တွင် CDM ပြုလုပ်ပြီး ပြည်သူလူထုဘက် ဝင်ရောက်ပူးပေါင်းလာခြင်းဖြစ်သည်ဟု အသိပေးထားသည်။

CDM ပြုလုပ်လာသည့် ရဲတပ်သားကို လေးစားကြောင်းနှင့် စစ်ကောင်စီတပ်များ တပ်ပျက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လတ်တလောတွင် ရေစကြိုနယ်နှင့် မြို့နယ်တို့တွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြားမကြာခဏ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။