Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာပြည်သူများ၏ ပညာရေးအတွက် လုပ်ဆောင်မည့်အစီအစဥ် NUG ထုတ်ပြန်

အထက်ပါတွေ့ဆုံပွဲတွင် ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်း၊ ပညာရေးဒုတိယဝန်ကြီးများ ဖြစ်သော ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့် ဆရာမဂျာထွယ်ပန်၊ ၊ ရိုဟင်ဂျာပညာရေးခေါင်းဆောင်များက အသီးသီး အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း ဖော်ပြသည်။

ရိုဟင်ဂျာပြည်သူများ၏ ပညာရေးအတွက် လုပ်ဆောင်မည့်အစီအစဥ် NUG ထုတ်ပြန်
ရိုဟင်ဂျာပြည်သူများ၏ ပညာရေးအတွက် လုပ်ဆောင်မည့်အစီအစဥ် NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် တရားမျှတမှုနှင့် တာဝန်ယူမှုကို အခြေပြု၍ ရိုဟင်ဂျာပြည်သူများ၏ အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်သော ပညာရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ရန်စီစဉ်နေကြောင်း ယနေ့ထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ရက်တွင် NUG ပညာရေးဝန်ကြီးဌာနသည် ရိုဟင်ဂျာပညာရေး ခေါင်းဆောင်များနှင့် ကြားကာလပညာရေးဆောင်ရွက်နေသော အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများတွေ့ဆုံ ဆွေးနွေးခဲ့ပြီး ရိုဟင်ဂျာလူငယ်လူရွယ်များ၏ ပညာရေးအခွင့်အလမ်း လွန်စွာ ဆုံးရှုံး နစ်နာနေမှုကို အဆုံးသတ်ရန် အချက် ၄ ချက်ကို လုပ်ဆောင်ရန် သဘောတူဆုံးဖြတ် ခဲ့ကြောင်း ဖော်ပြသည်။

ရိုဟင်ဂျာပြည်သူများ၏ ပညာရေးအတွက် လုပ်ဆောင်မည့်အစီအစဥ် NUG ထုတ်ပြန်
ရိုဟင်ဂျာပြည်သူများ၏ ပညာရေးအတွက် လုပ်ဆောင်မည့်အစီအစဥ် NUG ထုတ်ပြန်

ယင်းအချက်များမှာ NUG ပညာရေးဝန်ကြီးဌာနရှိ အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ သက်မွေး ပညာရေးနှင့် ဆရာအတတ်ပညာရေးကဏ္ဍများအပြင် ပညာရေးဝန်ကြီး ဌာနနှင့် ချိတ်ဆက်နေသော တက္ကသိုလ်များ၊ မိတ်ဖက်ပညာရေးအဖွဲ့အစည်းများ ၏ ပညာရေး အစီအစဉ် များတွင် ရိုဟင်ဂျာများအား ပါဝင်ခွင့်ပြုရန်၊ ပညာရေးကဏ္ဍအသီးသီးအလိုက်တွေ့ဆုံပူးပေါင်းနိုင်ရေး ဆက်လက် ဆောင်ရွက်ရန်၊ ရိုဟင်ဂျာလူငယ်များ ပညာသင်ခွင့်အကူအညီများထောက်ပံ့နိုင်ရေးအတွက် နိုင်ငံတကာ ဖွံ့ဖြိုးမှုအဖွဲ့အစည်းများ နှင့် ချိတ်ဆက်ဆောင်ရွက်ရန်နှင့် ရိုဟင်ဂျာလူငယ်ပညာတတ်များပိုမိုများပြားလာစေရန် မူဝါဒများ၊ အစီအစဉ်များချမှတ်ကာ အကောင်အထည်ဖော်နိုင်ရန် တို့ဖြစ်သည်။

အထက်ပါတွေ့ဆုံပွဲတွင် ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်း၊ ပညာရေးဒုတိယဝန်ကြီးများ ဖြစ်သော ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့် ဆရာမဂျာထွယ်ပန်၊ ၊ ရိုဟင်ဂျာပညာရေးခေါင်းဆောင်များက အသီးသီး အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ရိုဟင်ဂျာပြည်သူများ၏ ပညာရေးအတွက် လုပ်ဆောင်မည့်အစီအစဥ် NUG ထုတ်ပြန်
ရိုဟင်ဂျာပြည်သူများ၏ ပညာရေးအတွက် လုပ်ဆောင်မည့်အစီအစဥ် NUG ထုတ်ပြန်

ဆက်လက်ပြီး ရိုဟင်ဂျာ ပညာရေးခေါင်းဆောင်များက ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာလူငယ်များ ပညာသင်ကြားသင်ယူနေရမှု အခြေအနေများကို ဆွေးနွေးခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်နေသော ကြားကာလအဆင့်မြင့် ပညာရေးအဖွဲ့အစည်းများကလည်း ၎င်းတို့ တက္ကသိုလ်နှင့် ပညာရေးအဖွဲ့အစည်းအသီးသီးတွင် ဆောင်ရွက်နေသော ပညာရေးအစီအစဉ်များနှင့် ရိုဟင်ဂျာ လူငယ်များအတွက် ဆောင်ရွက်ပေးနိုင်သော ပညာရေး အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း ထုတ်ပြန်သည်။

ဝေးလံခေါင်ပါးသည့် နယ်စပ်ဒေသတွင် နေထိုင်သူများဖြစ်ပြီး၊ ခေတ်အဆက်အဆက် အခြေခံလူ့အခွင့်အရေးများ မရရှိခဲ့ခြင်း၊ ပညာရေးကဏ္ဍတွင် တက္ကသိုလ်ပညာရေးနှင့် အဆင့်မြင့်ပညာများအား လက်လှမ်းမီခွင့် မရရှိခဲ့ခြင်းကြောင့် လည်းကောင်း၊ စစ်တပ်၏ အကြမ်းဖက် စစ်ဆင်ရေးကြောင့် လူနေမှုပုံစံများ ကစဉ်ကလျားဖြစ်ကာ ကျေးရွာများ မီးရှို့ခံရခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခံရခြင်းနှင့် စစ်တပ်၏ လူသားမျိုးနွယ်အပေါ် ပစ်မှတ်ထား ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခံရခြင်းကြောင့် လည်းကောင်း၊ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သိန်းနှင့်ချီ၍ အစုံလိုက်အပြုံလိုက် ထွက်ပြေး တိမ်းရှောင်နေရခြင်းကြောင့် လည်းကောင်း ရိုဟင်ဂျာလူငယ်လူရွယ်များ၏ ပညာရေးအခွင့်အလမ်းမှာ လွန်စွာဆုံးရှုံး နစ်နာနေကြောင်း NUG ပညာရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်(AA)နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီး၊ စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို အသုံးပြုတိုက်ခိုင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။