Connect with us

Hi, what are you looking for?

သတင်း

ကိုရီးယား POSCOကုမ္ပဏီက စစ်ကောင်စီနှင့်ပူးပေါင်း၍ ရခိုင်ကမ်းလွန်တွင် ဓာတ်ငွေ့တူးဖော်ရန်စီစဥ်

ရခိုင်မြောက်ပိုင်းရှိ A-1 နှင့်A-3 ကမ်းလွန်လုပ်ကွက်များကို ကိုရီးယားကုမ္ပဏီက လုပ်ခွင့်ရထားသည်။ ထိုလုပ်ကွက်များတွင် ဒေါ် လာ သန်း ၅၀၀ ခန့် ထပ်မံရင်းနှီးမြှုပ်နှံပြီး သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများလုပ်ကိုင်မည်ဟုကိုရီးယားPosco Daewooကုမ္ပဏီက ၂၀၁၈ တွင်ထုတ်ပြန်ထားသည်။

(လုပ်ကွက် A-1 ၊လုပ်ကွက် A-3 ပြ​မြေပုံကြမ်း။ ဓါတ်ပုံ-စကစ)
(လုပ်ကွက် A-1 ၊လုပ်ကွက် A-3 ပြ​မြေပုံကြမ်း။ ဓါတ်ပုံ-စကစ)

အ​မေရီကန်နှင့်နိုင်ငံတကာက စစ်​ကောင်စီ၏MOGE အားဒဏ်ခပ်အ​ရေးယူရန်​တောင်းဆို​နေကြချိန်တွင်ကိုရီးယားကုမ္ပဏီက ဆက်လက်လုပ်ကိုင်ရန်စီစဥ်​နေ

ကိုရီးယား POSCO ကုမ္ပဏီက စစ်ကောင်စီနှင့် ပူးပေါင်း၍ ရခိုင်ကမ်းလွန်တွင် သဘာဝဓာတ်ငွေ့တူးဖော်ရန်အတွက် သဘာဝပတ်ဝန်းထိခိုက်မှုလေ့လာမှုဆန်းစစ်ချက်(EIA)ကို အောက်တိုဘာ ၁၇ ရက်တွင် စတင်ဆောင်ရွက်မည်ကြောင်း ထုတ်ပြန်သည်။

ရခိုင်ကမ်းလွန်ရှိ ကမ်းလွန်လုပ်ကွက်အမှတ် A-1 ဧရိယာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်များကို အောက်တိုဘာ ၁၇ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကမ်းလွန်လုပ်ကွက်အမှတ် A-1စီမံကိန်း၏ ၄ ကီလိုမီတာ (နှစ်မိုင်ခွဲ)အတွင်း သင်္ဘောကြီးငယ်များ သွားလာခြင်းမပြုရန် စစ်ကောင်စီက တားမြစ်​ကြောင်းထုတ်ပြန်သည်။

ဥရောပသမဂ္ဂက စစ်ကောင်စီလက်အောက်ခံ MOGE(မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)ကို ပိတ်ဆို့အရေးယူများချမှတ်ထား ပြီး ၊ အ​မေရီကန်နိုင်ငံကပါ MOGE ကို ပိတ်ဆို့အ​ရေးယူဒဏ်ခပ်ရန်​တောင်းဆို​နေကြချိန်တွင် ကိုရီးယား POSCOကုမ္ပဏီက စစ်ကောင်စီနှင့် ဆက်လက်လက်တွဲလုပ်ကိုင်နေခြင်းဖြစ်သည်။

ရခိုင်မြောက်ပိုင်းရှိ A-1 နှင့်A-3 ကမ်းလွန်လုပ်ကွက်များကို ကိုရီးယားကုမ္ပဏီက လုပ်ခွင့်ရထားသည်။ ထိုလုပ်ကွက်များတွင် ဒေါ် လာ သန်း ၅၀၀ ခန့် ထပ်မံရင်းနှီးမြှုပ်နှံပြီး သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများလုပ်ကိုင်မည်ဟုကိုရီးယားPosco Daewooကုမ္ပဏီက ၂၀၁၈ တွင်ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုကုမ္ပဏီသည် A-1 ကမ်းလွန်လုပ်ကွက်ကို ရှယ်ယာ ၅၁ ရာခိုင်နှုန်းဖြင့်အများဆုံးရင်းနှီးမြှုပ်နှံထားသည်။အိန္ဒိယ အစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း (ONGC)၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ Gail(India)ကုမ္ပဏီနှင့် ကိုရီးယား ဂတ်စ် ကော်ပိုရေးရှင်းတို့ကလည်း ယင်းစီမံကိန်း၌အချိုးကျပါဝင် ​​နေသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

ရသစာတမ်းငယ်

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ

သတင်း

စစ်တွေမြို့နယ်၊ရွှေမင်းဂံရေတပ်အနီးတိုက်ပွဲဆက်ဖြစ်နေ