Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုရီးယား POSCOကုမ္ပဏီက စစ်ကောင်စီနှင့်ပူးပေါင်း၍ ရခိုင်ကမ်းလွန်တွင် ဓာတ်ငွေ့တူးဖော်ရန်စီစဥ်

ရခိုင်မြောက်ပိုင်းရှိ A-1 နှင့်A-3 ကမ်းလွန်လုပ်ကွက်များကို ကိုရီးယားကုမ္ပဏီက လုပ်ခွင့်ရထားသည်။ ထိုလုပ်ကွက်များတွင် ဒေါ် လာ သန်း ၅၀၀ ခန့် ထပ်မံရင်းနှီးမြှုပ်နှံပြီး သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများလုပ်ကိုင်မည်ဟုကိုရီးယားPosco Daewooကုမ္ပဏီက ၂၀၁၈ တွင်ထုတ်ပြန်ထားသည်။

(လုပ်ကွက် A-1 ၊လုပ်ကွက် A-3 ပြ​မြေပုံကြမ်း။ ဓါတ်ပုံ-စကစ)
(လုပ်ကွက် A-1 ၊လုပ်ကွက် A-3 ပြ​မြေပုံကြမ်း။ ဓါတ်ပုံ-စကစ)

အ​မေရီကန်နှင့်နိုင်ငံတကာက စစ်​ကောင်စီ၏MOGE အားဒဏ်ခပ်အ​ရေးယူရန်​တောင်းဆို​နေကြချိန်တွင်ကိုရီးယားကုမ္ပဏီက ဆက်လက်လုပ်ကိုင်ရန်စီစဥ်​နေ

ကိုရီးယား POSCO ကုမ္ပဏီက စစ်ကောင်စီနှင့် ပူးပေါင်း၍ ရခိုင်ကမ်းလွန်တွင် သဘာဝဓာတ်ငွေ့တူးဖော်ရန်အတွက် သဘာဝပတ်ဝန်းထိခိုက်မှုလေ့လာမှုဆန်းစစ်ချက်(EIA)ကို အောက်တိုဘာ ၁၇ ရက်တွင် စတင်ဆောင်ရွက်မည်ကြောင်း ထုတ်ပြန်သည်။

ရခိုင်ကမ်းလွန်ရှိ ကမ်းလွန်လုပ်ကွက်အမှတ် A-1 ဧရိယာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်များကို အောက်တိုဘာ ၁၇ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကမ်းလွန်လုပ်ကွက်အမှတ် A-1စီမံကိန်း၏ ၄ ကီလိုမီတာ (နှစ်မိုင်ခွဲ)အတွင်း သင်္ဘောကြီးငယ်များ သွားလာခြင်းမပြုရန် စစ်ကောင်စီက တားမြစ်​ကြောင်းထုတ်ပြန်သည်။

ဥရောပသမဂ္ဂက စစ်ကောင်စီလက်အောက်ခံ MOGE(မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)ကို ပိတ်ဆို့အရေးယူများချမှတ်ထား ပြီး ၊ အ​မေရီကန်နိုင်ငံကပါ MOGE ကို ပိတ်ဆို့အ​ရေးယူဒဏ်ခပ်ရန်​တောင်းဆို​နေကြချိန်တွင် ကိုရီးယား POSCOကုမ္ပဏီက စစ်ကောင်စီနှင့် ဆက်လက်လက်တွဲလုပ်ကိုင်နေခြင်းဖြစ်သည်။

ရခိုင်မြောက်ပိုင်းရှိ A-1 နှင့်A-3 ကမ်းလွန်လုပ်ကွက်များကို ကိုရီးယားကုမ္ပဏီက လုပ်ခွင့်ရထားသည်။ ထိုလုပ်ကွက်များတွင် ဒေါ် လာ သန်း ၅၀၀ ခန့် ထပ်မံရင်းနှီးမြှုပ်နှံပြီး သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများလုပ်ကိုင်မည်ဟုကိုရီးယားPosco Daewooကုမ္ပဏီက ၂၀၁၈ တွင်ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုကုမ္ပဏီသည် A-1 ကမ်းလွန်လုပ်ကွက်ကို ရှယ်ယာ ၅၁ ရာခိုင်နှုန်းဖြင့်အများဆုံးရင်းနှီးမြှုပ်နှံထားသည်။အိန္ဒိယ အစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း (ONGC)၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ Gail(India)ကုမ္ပဏီနှင့် ကိုရီးယား ဂတ်စ် ကော်ပိုရေးရှင်းတို့ကလည်း ယင်းစီမံကိန်း၌အချိုးကျပါဝင် ​​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။