Connect with us

Hi, what are you looking for?

သတင်း

အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ငါးရက်အကြာတွင် RCSSထုတ်ပြန်

RCSS၊ ၀တပ်ဖွဲ့(UWSA)၊ မိုင်းလားတပ်ဖွဲ့(NDAA) စသည့် စစ်ကောင်စီနှင့် ဆွေးနွေးနေသည့် လက်နက်ကိုင်တပ်များကလည်း အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ရပ်အပေါ် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် ရှုတ်ချထားခြင်းမျိုးမတွေ့ရပေ။

အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ငါးရက်အကြာတွင် RCSSထုတ်ပြန်
အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ငါးရက်အကြာတွင် RCSSထုတ်ပြန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသ၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးဒဏ်ရာရသူများအားလုံးအတွက် လွန်စွာဝမ်းနည်းကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ယနေ့ ထုတ်ပြန်ကြေညာသည်။

အောက်တိုဘာ ၂၃ရက် ညပိုင်းက အနန့်ပါဒေသ၌ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) တည်ထောင်ခြင်း အထိမ်းအမှတ် အကြို ဂီတပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူများ အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်KIO/KIA ဝန်ထမ်းများ အသက်ဆုံးရှုံးဒဏ်ရာရခဲ့သည်။

အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီး ၅ရက်အကြာတွင် RCSSက ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အနန့်ပါ လေကြောင်း တိုက်ခိုက်မှုလုပ်ရပ်အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကျောင်းသားတပ်မတော်(ABSDF)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA) တို့ကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်အပေါ် မီးမောင်းထိုး ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

RCSS၊ ၀တပ်ဖွဲ့(UWSA)၊ မိုင်းလားတပ်ဖွဲ့(NDAA) စသည့် စစ်ကောင်စီနှင့် ဆွေးနွေးနေသည့် လက်နက်ကိုင်တပ်များကလည်း အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ရပ်အပေါ် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် ရှုတ်ချထားခြင်းမျိုးမတွေ့ရပေ။

မွန်တပ်ဖွဲ့(NMSP)၊ ပအိုဝ်းအဖွဲ့(PNLO)၊ ရခိုင် (ALP)၊ ရှမ်းတပ်(SSPP)၊ ကရင် DKBAနှင့်ကရင်ငြိမ်းချမ်းရေးကောင်စီ စသည့် လက်နက်ကိုင်အဖွဲ့များကမူ အနန့်ပါ ဖြစ်ရပ်နှင့်ပတ်သက်၍ တစုံတရာ ထုတ်ပြန်ထားခြင်းမတွေ့ရပေ။ အဆိုပါ အဖွဲ့များအားလုံးသည်စစ်ကောင်စီနှင့် ဆွေးနွေးနေသည့် တပ်ဖွဲ့များလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်နဲ့ စစ်ကောင်စီအကြားဒီကနေ့ (ဩဂုတ် ၂၂)နေ့လည်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်ပါတယ်။