Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအတွက်ကျောက်စိမ်းလှူဒါန်းခဲ့တဲ့ အညာကမိသားစု

အာဏာသိမ်းစစ်ကောင်စီတပ်အား ပြင်းပြင်းထန်ထန်တုံ့ပြန်နေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ဒေသခံပြည်သူများက ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ရွှေငွေလက်ဝတ်ရတနာများ မကြာခဏလှူဒါန်း​ကြသည်။

(96 Soldiers-PDF(အညာဒေသတပ်ခွဲ)သို့ ကျောက်စိမ်းများလှူဒါန်းနေစဥ်။ ဓာတ်ပုံ-96 Soliders-PDF)
(96 Soldiers-PDF(အညာဒေသတပ်ခွဲ)သို့ ကျောက်စိမ်းများလှူဒါန်းနေစဥ်။ ဓာတ်ပုံ-96 Soliders-PDF)

စစ်ကောင်စီအားတော်လှန်တိုက်ခိုက်နေသည့်စစ်ကိုင်းတိုင်းအခြေစိုက် 96 Soldiers-PDF (အညာဒေသတပ်ခွဲ)သို့ အညာဒေသရှိမိသားစုတစ်စုက မိသားစုပိုင်ကျောက်စိမ်းများကိုလှူဒါန်းခဲ့သည်။

အညာဒေသမှ မိသားစုတစ်စုသည် ၎င်းတို့ပိုင်ဆိုင်သော ကျောက်စိမ်းအတွဲ ၃တွဲကို တော်လှန်ရေးအတွက်အသုံးပြုရန်လာရောက်ထည့်ဝင်လှူဒါန်းခဲ့ကြောင်း 96 Soldiers-PDF(အညာဒေသတပ်ခွဲ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(96 Soldiers-PDF(အညာဒေသတပ်ခွဲ)သို့ ကျောက်စိမ်းများလှူဒါန်းနေစဥ်။ ဓာတ်ပုံ-96 Soliders-PDF)
(96 Soldiers-PDF(အညာဒေသတပ်ခွဲ)သို့ ကျောက်စိမ်းများလှူဒါန်းနေစဥ်။ ဓာတ်ပုံ-96 Soliders-PDF)

“သူတို့ကတော့ တော်လှန်ရေးမှာ အသုံးပြုဖို့အတွက် သူတို့ရဲ့ မိသားစုပိုင်ပစ္စည်းလေးကို လှူန်ဒါန်းတာပါ။”ဟု96 Soldiers-PDF(အညာဒေသတပ်ခွဲ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုကျောက်စိမ်းတွဲငယ်များကို တော်လှန်ရေးအတွက် လာရောက်ထည့်ဝင်သွားသော မိသားစုအား အထူးကျေးဇူးတင်ကြောင်း၊ အဆိုပါ ကျောက်စိမ်းများကို မကြာမီအချိန်တွင်တော်လှန်ရေး ရံပုံငွေအတွက်အသုံးပြုရန် မဲလက်မှတ်များ ရောင်းချသွားမည်ဟု 96 Soldiers-PDF(အညာဒေသတပ်ခွဲ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

(96 Soldiers-PDF(အညာဒေသတပ်ခွဲ)သို့ ကျောက်စိမ်းများလှူဒါန်းနေစဥ်။ ဓာတ်ပုံ-96 Soliders-PDF)
(96 Soldiers-PDF(အညာဒေသတပ်ခွဲ)သို့ ကျောက်စိမ်းများလှူဒါန်းနေစဥ်။ ဓာတ်ပုံ-96 Soliders-PDF)

အာဏာသိမ်းစစ်ကောင်စီတပ်အား ပြင်းပြင်းထန်ထန်တုံ့ပြန်နေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ဒေသခံပြည်သူများက ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ရွှေငွေလက်ဝတ်ရတနာများ မကြာခဏလှူဒါန်း​ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

One Championship ရဲ့ ဂျပန် ကစ်ဘောင်ဆင် ဖိုက်တာ တာခဲရုဟာ မြန်မာနိုင်ငံ တောင်ကြီးမြို့က အေးသာယာရပ်ကွက် ရွှေတောင်တန်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်မှာ စာသင်ကျောင်းဆောင်သစ် လှူဒါန်းခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။