Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးအတွက်ကျောက်စိမ်းလှူဒါန်းခဲ့တဲ့ အညာကမိသားစု

အာဏာသိမ်းစစ်ကောင်စီတပ်အား ပြင်းပြင်းထန်ထန်တုံ့ပြန်နေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ဒေသခံပြည်သူများက ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ရွှေငွေလက်ဝတ်ရတနာများ မကြာခဏလှူဒါန်း​ကြသည်။

(96 Soldiers-PDF(အညာဒေသတပ်ခွဲ)သို့ ကျောက်စိမ်းများလှူဒါန်းနေစဥ်။ ဓာတ်ပုံ-96 Soliders-PDF)
(96 Soldiers-PDF(အညာဒေသတပ်ခွဲ)သို့ ကျောက်စိမ်းများလှူဒါန်းနေစဥ်။ ဓာတ်ပုံ-96 Soliders-PDF)

စစ်ကောင်စီအားတော်လှန်တိုက်ခိုက်နေသည့်စစ်ကိုင်းတိုင်းအခြေစိုက် 96 Soldiers-PDF (အညာဒေသတပ်ခွဲ)သို့ အညာဒေသရှိမိသားစုတစ်စုက မိသားစုပိုင်ကျောက်စိမ်းများကိုလှူဒါန်းခဲ့သည်။

အညာဒေသမှ မိသားစုတစ်စုသည် ၎င်းတို့ပိုင်ဆိုင်သော ကျောက်စိမ်းအတွဲ ၃တွဲကို တော်လှန်ရေးအတွက်အသုံးပြုရန်လာရောက်ထည့်ဝင်လှူဒါန်းခဲ့ကြောင်း 96 Soldiers-PDF(အညာဒေသတပ်ခွဲ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(96 Soldiers-PDF(အညာဒေသတပ်ခွဲ)သို့ ကျောက်စိမ်းများလှူဒါန်းနေစဥ်။ ဓာတ်ပုံ-96 Soliders-PDF)
(96 Soldiers-PDF(အညာဒေသတပ်ခွဲ)သို့ ကျောက်စိမ်းများလှူဒါန်းနေစဥ်။ ဓာတ်ပုံ-96 Soliders-PDF)

“သူတို့ကတော့ တော်လှန်ရေးမှာ အသုံးပြုဖို့အတွက် သူတို့ရဲ့ မိသားစုပိုင်ပစ္စည်းလေးကို လှူန်ဒါန်းတာပါ။”ဟု96 Soldiers-PDF(အညာဒေသတပ်ခွဲ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုကျောက်စိမ်းတွဲငယ်များကို တော်လှန်ရေးအတွက် လာရောက်ထည့်ဝင်သွားသော မိသားစုအား အထူးကျေးဇူးတင်ကြောင်း၊ အဆိုပါ ကျောက်စိမ်းများကို မကြာမီအချိန်တွင်တော်လှန်ရေး ရံပုံငွေအတွက်အသုံးပြုရန် မဲလက်မှတ်များ ရောင်းချသွားမည်ဟု 96 Soldiers-PDF(အညာဒေသတပ်ခွဲ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

(96 Soldiers-PDF(အညာဒေသတပ်ခွဲ)သို့ ကျောက်စိမ်းများလှူဒါန်းနေစဥ်။ ဓာတ်ပုံ-96 Soliders-PDF)
(96 Soldiers-PDF(အညာဒေသတပ်ခွဲ)သို့ ကျောက်စိမ်းများလှူဒါန်းနေစဥ်။ ဓာတ်ပုံ-96 Soliders-PDF)

အာဏာသိမ်းစစ်ကောင်စီတပ်အား ပြင်းပြင်းထန်ထန်တုံ့ပြန်နေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ဒေသခံပြည်သူများက ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ရွှေငွေလက်ဝတ်ရတနာများ မကြာခဏလှူဒါန်း​ကြသည်။

ဆက်စပ်သတင်းများ

သတင်း

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်သို့ လေယာဉ်နှစ်ကြိမ်ပျံဝဲခဲ့ပြီး ဒေသခံများအားလုံး မြို့မှ တိမ်းရှောင်ထွက်ပြေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သားအနေဖြင့် ပြည်သူနှင့်ပူးပေါင်းကြရန်တိုက်တွန်းပြီး တိုက်ပွဲမခင်အချိန်ထိ ပြည်သူရင်ခွင်ခိုလှုံခွင့်ပြုထားဟု လည်း၎င်းကဆက်​ပြောသည်။