Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်ထဲ စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော်တစ်ဦးကျဆုံး

96 Soldiers-PDF အဖွဲ့မှ ကိုဇေယျာလွင်က “ဒီနေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်ပါ။ တစ်ဦးဒဏ်ရာရပါတယ်(မပြင်းထန်ပါဘူး)၊ တစ်ဦးက ကျဆုံးခဲ့ပါတယ်” ဟု သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားမျှဝေထားသည်။

ဝက်လက်မြို့နယ်ထဲ စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော်တစ်ဦးကျဆုံး
ဝက်လက်မြို့နယ်ထဲ စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော်တစ်ဦးကျဆုံး

ဝက်လက်မြို့နယ်အတွင်းရှိ ရွှေပန်းကုန်းကျေးရွာတွင်တည်ရှိသော စစ်ကောင်စီရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွဲခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု 96 Soldiers-PDF အညာဒေသတပ်ခွဲမှ သတင်းထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ(၁၇)ရက် မနက်အစောပိုင်းက ဝက်လက်မြို့နယ်ရှိ ရွှေပန်းကုန်းကျေးရွာတွင်ရှိသည့် စစ်ကောင်စီရဲစခန်းကို 96 Soldier-PDFတပ်ဖွဲ့၊ ဒေါင်းနီအဖွဲ့၊ မြင်းဖြူရှင်အဖွဲ့ တောသားကြီးအဖွဲ့တို့မှ ပူးပေါင်း၍ စခန်းသိမ်းတိုက်ပွဲဆင်နွဲခဲ့ခြင်းဖြစ်သည်။

ဝက်လက်မြို့နယ်ထဲ စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော်တစ်ဦးကျဆုံး
ဝက်လက်မြို့နယ်ထဲ စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော်တစ်ဦးကျဆုံး

တိုက်ပွဲတစ်နာရီခန့်အကြာတွင် စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဝက်လက်မြို့နယ်ထဲ စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော်တစ်ဦးကျဆုံး
ဝက်လက်မြို့နယ်ထဲ စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော်တစ်ဦးကျဆုံး

“လေယာဉ်ပစ်ကူများ ရွှေပန်းကုန်းကျေးရွာ ကောင်းကင်ယံထက်တွင်ပျံသန်း၍ မြေပြင်ကိုတရစပ် ပစ်ခတ်သောကြောင့် ကျွန်တော်တို့တပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ရပါသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ်ထဲ စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော်တစ်ဦးကျဆုံး
ဝက်လက်မြို့နယ်ထဲ စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော်တစ်ဦးကျဆုံး

96 Soldiers-PDF အဖွဲ့မှ ကိုဇေယျာလွင်က “ဒီနေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်ပါ။ တစ်ဦးဒဏ်ရာရပါတယ်(မပြင်းထန်ပါဘူး)၊ တစ်ဦးက ကျဆုံးခဲ့ပါတယ်” ဟု သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားမျှဝေထားသည်။

Public Service Announcement
Public Service Announcement

ထိုတိုက်ပွဲတွင်တော့ 96 Soldiers-PDF အဖွဲ့မှ ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦးကျဆုံးသွားခဲ့စည်။ စစ်ကောင်စီဘက်ကလည်း နှစ်ဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်အတွင်းရှိ ကြယ်ပြောင်ကုန်း စစ်ကောင်စီတပ်စခန်းက သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်း မှတ်တမ်းဓာတ်ပုံနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေတွေကို KNU ဗဟိုက ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။