Connect with us

Hi, what are you looking for?

သတင်း

AA အားလျော့စေရန် လူထုကိုဒုက္ခပေးသည့် စစ်ကောင်စီ၏ လုပ်ဆောင်မှုပြောင်းပြန်အကျိုးသက်ရောက်စေမည်ဟု ရခိုင်နိုင်ငံရေးသမားပြော

အောက်တိုဘာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် က ကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ ခြောက်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း AAက ထုတ်ပြန်ထားသည်။

မြောက်ဦးမြို့ရှိ မြတန်ဆောင်စစ်ဘေးရှောင်မှ ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - Western News
မြောက်ဦးမြို့ရှိ မြတန်ဆောင်စစ်ဘေးရှောင်မှ ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - Western News

▪️စစ်ကောင်စီ၏ပိတ်ပင်မှုများကြောင့် ရခိုင်စစ် ရှောင်စခန်းအချို့ ရိက္ခာပြတ်လတ်မှုအန္တရာယ်ရင် ဆိုင်နေရ

ရက္ခိုင့်တပ်တော်(AA) အားလျော့စေရန် ရည်ရွယ်ပြီး ရခိုင်လူထုကို ဒုက္ခပေးနေသည့် စစ်ကောင်စီ၏ လုပ်ရပ်သည် ပြောင်းပြန်အကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောကြားသည်။

စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားရေး အကူအညီများ ရပ်တန့်ထားရန် ပြည်တွင်းပြည်ပ ကူညီရေးအဖွဲ့များအား တားမြစ်ထား၍ စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာအခက်အခဲ ပိုမိုကြုံနေရပြီး စစ်ရှောင်စခန်းအချို့ ရိက္ခာပြတ်လတ်မှု ဖြစ်ပေါ်လျက်ရှိသည်။

ယခင် ၂၀၁၈နှစ်ကုန်ပိုင်းမှ ၂၀၂၀အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ရှောင်များ နေရပ်မပြန်နိုင်သေးသည့် အခြေအနေတွင် လတ်တလော တကျော့ပြန်တိုက်ပွဲများကြောင့် စစ်ရှောင်များထပ်တိုးလာနေသည်ဟု ဦးဖေသန်းက ပြောသည်။

ထိုအခြေအနေတွင် ကူညီရေးအဖွဲ့များအား ပိတ်ပင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးများ ပိတ်ထားခြင်းက ဒုက္ခရောက်နေသူများကို ကူညီရမည့်အစားပိုပြီး ဒုက္ခရောက်အောင် လုပ်နေသည့် သဘောဖြစ်သည်ဟု ဦးဖေသန်းက ပြောသည်။

Public Service Announcement

Public Service Announcement

မြောက်ဦးမြို့ရှိ မြတန်ဆောင်စစ်ဘေးရှောင်မှ ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - Western News
မြောက်ဦးမြို့ရှိ မြတန်ဆောင်စစ်ဘေးရှောင်မှ ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ – Western News

“လက်ရှိက စစ်ရှောင်စခန်းရယ်လို့ မဟုတ်ဘူး တစ်ပြည်နယ်လုံးမှာ မြို့နယ်တွေကားလမ်းတွေ၊ ရေလမ်းတွေ ပိတ်ထားတာရှိတယ်။ နယ်တွေက မြို့ကိုလာလို့မရ၊ မြို့အချင်းချင်း ဆက်သွယ်လို့မရ၊ ကုန်ပစ္စည်းတွေ သယ်ယူလို့မရ၊ အဓိက ဆေးဝါးပစ္စည်းတွေ အဲဒါတွေက လုံး၀သယ်ယူခွင့်မပြုဘူး။ တစ်ပြည်နယ်လုံးမှာ စစ်ကောင်စီက အဲဒီလို ပြည်သူတွေကို ဒုက္ခပေးဖို့ နည်းပရိယာယ်ပေါ့ ၊အဲဒီလို ပြည်သူတွေကို ဒုက္ခပေးလိုက်ခြင်းအားဖြင့် သူတို့ ဝါဒဖြန့်တာက ULA/AA ကြောင့် တိုက်ပွဲတွေဖြစ်ပြီး ဒီလိုဒုက္ခခံရတယ်ဆိုတဲ့ပုံစံ၊ ပြည်သူတွေက ULA/AAကို မထောက်ခံရဲအောင် ၊ ULA/AA ရဲ့လှုပ်ရှားမှုတွေမှာမပါရဲအောင် ဖိအားပေးတဲ့နည်းဗျူဟာပေါ့”ဟု ၎င်းက ဆိုသည်။

ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ရခိုင်လူထုများ စားသောက်နေထိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းများက အစ အခက်အခဲကြုံနေရကြောင်း ဦးဖေသန်းက ပြောသည်။

စစ်ရှောင်များအား ကူညီရန် ပြည်သူအချင်းချင်း အလှူငွေကောက်ခံခြင်း၊ ပစ္စည်းကောက်ခံခြင်းများ ပြုလုပ်ပါကလည်း စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

မြောက်ဦးမြို့ရှိ မြတန်ဆောင်စစ်ဘေးရှောင်မှ ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - Western News
မြောက်ဦးမြို့ရှိ မြတန်ဆောင်စစ်ဘေးရှောင်မှ ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ – Western News

“အဲဒီလိုမျိုးက ပြည်သူတွေက ULA/AAနဲ့ မပူးပေါင်း မဆောင်ရွက်မထောက်ခံ အဲဒီလို သူတို့ ဖြစ်စေချင်သလို ဖြစ်သွားမှာ မဟုတ်ဘူး။ အဲဒီလို လုပ်နေတဲ့သူ ဘယ်သူလဲဆိုတာသိတယ်။ ULA/AAကို သွားတိုက်ရင်တိုက်ပေါ့။ သူတို့ချင်းဖြစ် တာ။ တစ်ဖက်နဲ့တစ်ဖက် တိုက်နေရတာမှာ ရွာတွေ ကြားညှပ်တဲ့ပုံစံမဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိ ရွာတွေကို တည်တည့် ပစ်နေတာ။ သိရဲ့သားနဲ့ ပြည်သူတွေကို ဒုက္ခပေးနေတာ။ အဲဒီလိုလုပ်ခြင်းအားဖြင့် ပြည်သူတွေက စစ်ကောင်စီကို ပိုပြီးတော့ စိတ်နာသွားကြလိမ့်မယ်။ ပိုခံပြင်းပြီး ULA/AAဘက်တောင် ပိုပြီး ပူးပေါင်းသွားကြလိမ့်မယ်။ အဲဒီလို ပြောင်းပြန် အကျိုးသက်ရောက်ဖို့ပဲ ဖြစ်လာနိုင်တယ်”ဟု ဦးဖေသန်းက ပြောသည်။

စစ်ကောင်စီတပ်နှင့် AA တို့သည် အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာလဆန်း၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့သည်။

အောက်တိုဘာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် က ကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ ခြောက်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း AAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ဟာ အခကြေးငွေယူပြီး အများပြည်သူကို Starlink အင်တာနက်ဝန်ဆောင်မှုပေးတဲ့ အင်တာနက်အရောင်းဆိုင်တွေ ဖွင့်လှစ်ခွင့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုပါ ခွင့်ပြုပေးတော့မှာဖြစ်ပြီး အစိုးရနဲ့ အကျိုးတူပြုလုပ်ရမယ်လို့ နည်းပညာဌာနတာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ငွေအလွှဲ၊ အထုတ်တွေအတွက် အားကိုးစရာ ဘဏ်မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ ပုဂ္ဂလိက ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတွေရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရပြီးနောက် ငွေလွှဲ၊ငွေထုတ်ခ နှုန်းထားဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။