Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ – မန္တလေးလမ်းပိုင်း ခရီးသွားပြည်သူများ သတိပြုရမည့်အချက်များ ဒေသတွင်း PDF အသိပေး

အဆိုပါ လမ်းပိုင်းများရှိ နွားထိုးကြီးမြို့နယ်၊ မြင်းခြံမြို့နယ်များသည် အာဏာသိမ်း စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းသည့်ဒေသများဖြစ်သည်။

မြင်းခြံမြို့အဝင် မန္တလေး-မြင်းခြံလမ်းအား တွေ့ရစဥ်(ပုံအဟောင်းဖြစ်ပါသည်) ဓာတ်ပုံ-CJ
မြင်းခြံမြို့အဝင် မန္တလေး-မြင်းခြံလမ်းအား တွေ့ရစဥ်(ပုံအဟောင်းဖြစ်ပါသည်) ဓာတ်ပုံ-CJ

မန္တလေးတိုင်း၊ မြင်းခြံ – မန္တလေးလမ်းပိုင်းနှစ်ခုတွင် ခရီးသွားပြည်သူများ သတိပြုရမည့်အချက် များအား နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက ယနေ့(နိုဝင်ဘာ၇ ရက်) ထုတ်ပြန်သတိပေးသည်။

မြင်းခြံမြို့နယ်၊ မန္တလေး – နွားထိုးကြီး-မြင်းခြံကားလမ်းနှင့် တံတားဦး-မြို့သာ-မြင်းခြံလမ်းပိုင်းများ၌ ဖြတ်သန်းသွားလာနေကြသော ယာဉ်ကြီး၊ ယာဉ်ငယ်များ ကားမှန်ချမောင်းပေးရန်၊ ည ၈နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခြင်းမပြုရန်၊ လူပြတ်သည့်နေရာများတွင် ကားဆိုင်ကယ်များ ရပ်နားခြင်းမပြုရန်နှင့် နွား၊ဆိတ်ကျောင်းကြသူများလည်း ကားလမ်းဘေးတွင် ကပ်၍ မကျောင်းရန် နဂါးနီပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

ထို့အပြင် ပြည်သူများမထိခိုက်စေရန် စစ်ဆင် ရေးများ အကြိမ်ကြိမ်ဖျက်သိမ်းပေးခဲ့ရပြီး ရဲဘော်များနှင့် ပစ္စည်းများလည်း ဆုံးရှုံးခဲ့ကြောင်း၊ ယခုထုတ်ပြန်ကြေညာပြီးနောက် လိုက်နာမှုမရှိပါက မလိုက်နာသူ၏ တာဝန်သာဖြစ်ကြောင်း ‌နဂါးနီပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

“ကျွန်တော်တို့ ပွဲတွေပျက်ပေါင်းလည်း မနည်းတော့ဘူးဗျ။ ဒီလမ်းသွားလမ်းလာတွေပေါ့ နွားအုပ်တွေဆိတ်အုပ်တွေရောပေါ့။ စစ်ကောင်စီတပ် ကျွန်တော်တို့ထောင်ထားတဲ့မိုင်းကွင်းထဲမှာရောက်လာချိန် သူတို့နဲ့မလွတ်လို့ လွှတ်ပေးလိုက်ရတယ်။ ပွဲတွေပျက်ပေါင်းလည်း မနည်းတော့ဘူး။ ပစ္စည်းတွေ ဆုံးရှုံးပေါင်းလည်းမနည်းတော့ဘူး။ အဲတော့ သတိပေးမှရတော့မှာမလို့ ခုလိုလုပ်လိုက်ရတာပါဗျ။”ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ၏ တာဝန်ခံတစ်ဦးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ လမ်းပိုင်းများရှိ နွားထိုးကြီးမြို့နယ်၊ မြင်းခြံမြို့နယ်များသည် အာဏာသိမ်း စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းသည့်ဒေသများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။