Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာရုပ်အလောင်း ၁၃လောင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုစတင်ဟု NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရသည် လူနည်းစုများအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်လုံးရှိ အရပ်သားပြည်သူများအပေါ် အမုန်းတရားထား အကြမ်းဖက်ခြင်းများကို အတိအလင်းပြတ်ပြတ်သားသား ကန့်ကွက်ရှုံ့ချကြောင်း ဖော်ပြသည်။

(လှည်းကူးမြို့နယ် ငွေနံ့သာရွာ အရှေ့ဘက် ကွန်ကရစ်လမ်းဘေးတွင် ဒီဇင်ဘာ ၅ရက်တွေ့ရသည့် ရုပ်အလောင်းများ၊ဓာတ်ပုံ - CJ)
(လှည်းကူးမြို့နယ် ငွေနံ့သာရွာ အရှေ့ဘက် ကွန်ကရစ်လမ်းဘေးတွင် ဒီဇင်ဘာ ၅ရက်တွေ့ရသည့် ရုပ်အလောင်းများ၊ဓာတ်ပုံ - CJ)

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၌ ရိုဟင်ဂျာ အမျိုးသား ရုပ်အလောင်း ၁၃လောင်းနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စုံစမ်းစစ်ဆေးမှု စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ စုံစမ်းစစ်ဆေးမှုအတွက် အထောက်အပံ့ဖြစ်စေသော လူမှုရပ်ဝန်းမှ အဖွဲ့ဝင်များ၏ အကူအညီများကိုလည်း NUG က ဖိတ်ခေါ်ထားသည်။

ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၌ အမျိုးသားရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုအား အမျိုသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာတုန်လှုပ်စိတ်ပျက်မိကြောင်း ထုတ်ပြန်သည်။

သေဆုံးသူများထဲတွင် ငယ်ရွယ်သော ရိုဟင်ဂျာလူငယ်များပါဝင်နေကြောင်း တွေ့ရပြီး ကနဦးတွေ့ရှိချက်များအရ ရုပ်အလောင်းအချို့တွင် ပြတ်ရှဒဏ်ရာများနှင့် ညှဉ်းပမ်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများတွေ့ရှိရသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရိုဟင်ဂျာရုပ်အလောင်းများကို စစ်အုပ်စုထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များမှတဆင့် စတင်ဖော်ပြခဲ့ပြီး အသက်ရှုမွန်းကြပ်ကာ သေဆုံးကြောင်း ဝါဒဖြန့်ခဲ့ကြသည်။

သို့သော် နောက်ဆက်တွဲသတင်းများအရ အဆိုပါရုပ်အလောင်းများကို အစ္စလာမ်ဘာသာရေးထုံးတမ်းနှင့်အညီ သဂြိုလ်မည့်အစီအစဥ်ကို စစ်အုပ်စုက ခွင့်မပြုခဲ့ဘဲ ၎င်းတို့တဖက်သတ်ဆုံးဖြတ်ချက်ဖြင့် မီးရှို့သဂြိုလ်ခဲ့သည်ဟု သိရသည်။

ထို့အတွက် သေဆုံးသော ရုပ်အလောင်းများတွင် နှိပ်စက်ညှဥ်းပမ်းမှုဒဏ်ရာများ၊ ပြတ်ရှဒဏ်ရာများ ရှိနေခြင်းနှင့် သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများကို ၎င်းတို့၏ ထုံးတမ်းနှင့်အညီ သဂြိုလ်ခွင့်မပေးခြင်းတို့ကြောင့် အဆိုပါရိုဟင်ဂျာများအပေါ် စစ်တပ်က ကျူးလွန်သတ်ဖြတ်ခဲ့သည်ဟု ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူအချို့က သုံးသပ်သည်။

စုံစမ်းစစ်ဆေးမှု ရလဒ်များအား ပြီးစီးရန် စောင့်ဆိုင်းနေစဥ်ကာလအတွင်းတွင် ယခုဖြစ်စဉ်ကဲ့သို့သော ရိုဟင်ဂျာလူမျိုးများအား ပစ်မှတ်ထားကျူးလွန်သည့် အလားတူအစွန်းရောက်အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ် လာနိုင်သည့်အပေါ် NUG က လွန်စွာစိုးရိမ်ပူပန်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် လူနည်းစုများအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်လုံးရှိ အရပ်သားပြည်သူများအပေါ် အမုန်းတရားထား အကြမ်းဖက်ခြင်းများကို အတိအလင်းပြတ်ပြတ်သားသား ကန့်ကွက်ရှုံ့ချကြောင်း ဖော်ပြသည်။

ယင်းနောက် ပြစ်မှုကျူးလွန်သူများအား တရားဥပဒေအတိုင်း အပြည့်အဝအရေးယူ၍ တရားမျှတမှုနှင့် အပြစ်ပေးဆပ်ခြင်းများကို ကျူးလွန်ခံရသူများနှင့် ၎င်းတို့၏မိသားစုများထံ ဆောင်ကျဉ်းပေးရမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။