Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာရုပ်အလောင်း ၁၃လောင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုစတင်ဟု NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရသည် လူနည်းစုများအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်လုံးရှိ အရပ်သားပြည်သူများအပေါ် အမုန်းတရားထား အကြမ်းဖက်ခြင်းများကို အတိအလင်းပြတ်ပြတ်သားသား ကန့်ကွက်ရှုံ့ချကြောင်း ဖော်ပြသည်။

(လှည်းကူးမြို့နယ် ငွေနံ့သာရွာ အရှေ့ဘက် ကွန်ကရစ်လမ်းဘေးတွင် ဒီဇင်ဘာ ၅ရက်တွေ့ရသည့် ရုပ်အလောင်းများ၊ဓာတ်ပုံ - CJ)
(လှည်းကူးမြို့နယ် ငွေနံ့သာရွာ အရှေ့ဘက် ကွန်ကရစ်လမ်းဘေးတွင် ဒီဇင်ဘာ ၅ရက်တွေ့ရသည့် ရုပ်အလောင်းများ၊ဓာတ်ပုံ - CJ)

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၌ ရိုဟင်ဂျာ အမျိုးသား ရုပ်အလောင်း ၁၃လောင်းနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စုံစမ်းစစ်ဆေးမှု စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ စုံစမ်းစစ်ဆေးမှုအတွက် အထောက်အပံ့ဖြစ်စေသော လူမှုရပ်ဝန်းမှ အဖွဲ့ဝင်များ၏ အကူအညီများကိုလည်း NUG က ဖိတ်ခေါ်ထားသည်။

ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၌ အမျိုးသားရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုအား အမျိုသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာတုန်လှုပ်စိတ်ပျက်မိကြောင်း ထုတ်ပြန်သည်။

သေဆုံးသူများထဲတွင် ငယ်ရွယ်သော ရိုဟင်ဂျာလူငယ်များပါဝင်နေကြောင်း တွေ့ရပြီး ကနဦးတွေ့ရှိချက်များအရ ရုပ်အလောင်းအချို့တွင် ပြတ်ရှဒဏ်ရာများနှင့် ညှဉ်းပမ်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများတွေ့ရှိရသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရိုဟင်ဂျာရုပ်အလောင်းများကို စစ်အုပ်စုထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များမှတဆင့် စတင်ဖော်ပြခဲ့ပြီး အသက်ရှုမွန်းကြပ်ကာ သေဆုံးကြောင်း ဝါဒဖြန့်ခဲ့ကြသည်။

သို့သော် နောက်ဆက်တွဲသတင်းများအရ အဆိုပါရုပ်အလောင်းများကို အစ္စလာမ်ဘာသာရေးထုံးတမ်းနှင့်အညီ သဂြိုလ်မည့်အစီအစဥ်ကို စစ်အုပ်စုက ခွင့်မပြုခဲ့ဘဲ ၎င်းတို့တဖက်သတ်ဆုံးဖြတ်ချက်ဖြင့် မီးရှို့သဂြိုလ်ခဲ့သည်ဟု သိရသည်။

ထို့အတွက် သေဆုံးသော ရုပ်အလောင်းများတွင် နှိပ်စက်ညှဥ်းပမ်းမှုဒဏ်ရာများ၊ ပြတ်ရှဒဏ်ရာများ ရှိနေခြင်းနှင့် သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများကို ၎င်းတို့၏ ထုံးတမ်းနှင့်အညီ သဂြိုလ်ခွင့်မပေးခြင်းတို့ကြောင့် အဆိုပါရိုဟင်ဂျာများအပေါ် စစ်တပ်က ကျူးလွန်သတ်ဖြတ်ခဲ့သည်ဟု ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူအချို့က သုံးသပ်သည်။

စုံစမ်းစစ်ဆေးမှု ရလဒ်များအား ပြီးစီးရန် စောင့်ဆိုင်းနေစဥ်ကာလအတွင်းတွင် ယခုဖြစ်စဉ်ကဲ့သို့သော ရိုဟင်ဂျာလူမျိုးများအား ပစ်မှတ်ထားကျူးလွန်သည့် အလားတူအစွန်းရောက်အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ် လာနိုင်သည့်အပေါ် NUG က လွန်စွာစိုးရိမ်ပူပန်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် လူနည်းစုများအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်လုံးရှိ အရပ်သားပြည်သူများအပေါ် အမုန်းတရားထား အကြမ်းဖက်ခြင်းများကို အတိအလင်းပြတ်ပြတ်သားသား ကန့်ကွက်ရှုံ့ချကြောင်း ဖော်ပြသည်။

ယင်းနောက် ပြစ်မှုကျူးလွန်သူများအား တရားဥပဒေအတိုင်း အပြည့်အဝအရေးယူ၍ တရားမျှတမှုနှင့် အပြစ်ပေးဆပ်ခြင်းများကို ကျူးလွန်ခံရသူများနှင့် ၎င်းတို့၏မိသားစုများထံ ဆောင်ကျဉ်းပေးရမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ယနေ့ ထုတ်ပြန်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ PDFစစ်ရုံးချုပ်က ယနေ့(မေလ ၆ရက်)ထုတ်ပြန်သည်။

သတင်း

စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချုပ်ငြိမ်းရေး အတွက် မလျှော့တမ်းတော်လှန်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များအနေဖြင့်လည်း ယင်းပန်းတိုင်ကို မျက်ခြေမပြတ်ရန်လိုကြောင်း မှာကြားခဲ့သည်။