Connect with us

Hi, what are you looking for?

သတင်း

ကရင်နှစ်သစ်ကူးနေ့အတွက် KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြ သဝဏ်လွှာပို့

လာမည့် ဒီဇင်ဘာလ(၂၂)ရက်တွင် ကျရောက်မည့် ကရင်သက္ကရာဇ် (၂၇၆၂)ခုနှစ် ကရင်နှစ်သစ်ကူးနေ့တွင်ပေးပို့သော ကော်သူးလေတပ်မတော်စစ်ဦးစီးချုပ်၏ သဝဏ်လွှာမိန်းခွန့်တွင် စစ်ဦးစီးချုပ် စောနယ်ဒါးမြက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်နှစ်သစ်ကူးနေ့အတွက် KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြ သဝဏ်လွှာပို့
ကရင်နှစ်သစ်ကူးနေ့အတွက် KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြ သဝဏ်လွှာပို့

ကရင်လူမျိုးများအနေဖြင့် လွတ်လပ်မှုကို အမြန်ဆုံးရရှိစေရန် ရည်မှန်းချက်ပန်းတိုင် ဦးတည်ချက်တူညီသူများနှင့် ပေါင်းစည်းကာ ရန်သူများကို တိုက်ထုတ်ရမည်ဟု ကော်သူးလေတပ်မတော်(KTLA)စစ်ဦးစီးချုပ် စောနယ်ဒါးမြက ပြောသည်။

လာမည့် ဒီဇင်ဘာလ(၂၂)ရက်တွင် ကျရောက်မည့် ကရင်သက္ကရာဇ် (၂၇၆၂)ခုနှစ် ကရင်နှစ်သစ်ကူးနေ့တွင်ပေးပို့သော ကော်သူးလေတပ်မတော်စစ်ဦးစီးချုပ်၏ သဝဏ်လွှာမိန်းခွန့်တွင် စစ်ဦးစီးချုပ် စောနယ်ဒါးမြက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“လွတ်လပ်မှုဆိုသည်မှာ အလွယ်တကူ မရရှိနိုင်ပါ။ သွေးချွေးပေါင်းများစွာသာမက မိမိ၏ အသက်ပါပေးရသည်။ ကျွန်ုပ်တို့၏ ကရင့်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောဘိုမြပြောကြားခဲ့သော စကားတခွန်းမှာ လွတ်လပ်ခြင်းသည် တိုက်ရဲသောသူများအတွက်သာ” ဟု ကရင်နှစ်သစ်ကူးနေ့မိန့်ခွန်းတွင် စောနယ်ဒါးမြက ပြောသည်။

ထို့အပြင် ကရင်လူမျိုးများအား ဖိနှိပ်ချုပ်ချယ်သတ်ဖြတ်မှုများကို နည်းလမ်းပေါင်းများစွာဖြင့် မတရားနှိပ်စက်မှုများကြောင့် စည်းစည်းလုံးလုံးနှင့် အတူတကွလက်တွဲပြီး ကရင်ပြည်သူများ လွတ်လပ်မှုရှိအောင် ကြိုးစားလုပ်ဆောင်ရမည်ဟု KTLA စစ်ဦးစီးချုပ်က ဆိုသည်။

Public Service Announcement

Public Service Announcement

လာမည့် ကရင်နှစ်သစ်ကူးသည် ကရင်လူမျိုးများအတွက် ပျော်ရွှင်ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံသော နှစ်သစ်ကူးအချိန်အခါဖြစ်ပြီး ကရင်လူမျိုးများ၏ လိုအပ်ချက်ဖြစ်သော အောင်မြင်မှုများကို ရရှိနိုင်သည့် နှစ်သစ်တစ်ခုဖြစ်ပါစေကြောင်း ကော်သူးလေတပ်မတော်(KTLA)စစ်ဦးစီးချုပ် စောနယ်ဒါးမြက ဆုမွန်ကောင်းတောင်းသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ တာဝန်ရှိသူ တစ်ဦး လိုက်ပါလာတဲ့ကားကို ဗိုလ်ကော်လားဖိုးဦး‌ဆောင်တဲ့ KTLAအဖွဲဝင်တွေက ထိုင်းပိုင်နက် နယ်မြေအတွင်းမှာ ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့ မြန်မာ-ထိုင်းနယ်စပ် သတင်းရင်းမြစ်တဦးက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

တနင်္သာရီမြို့နယ်၊ မောတောင်မြို့သိမ်း တိုက်ပွဲကနေ မိခင်တပ်ရင်းကို ပြန်လာတဲ့ ဗထူးတပ်မတော် တပ်ဖွဲ့ဝင် ရဲဘော်တွေကို တိုက်ခိုက်တာဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ရန်သူအဖြစ်သတ်မှတ်တိုက်ခိုက်ခြင်းလားဟု ဗိုလ်စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ကို မေးမြန်းတဲ့ ကြေညာချက် ဗထူးတပ်ဖွဲ့က မတ်လ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)နဲ့မဟာမိတ်တွေကို ခြုံခိုတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ဗိုလ်အယ်ခွီး(ခေါ်) ကောလာဖိုးအဖွဲ့ဟာ စစ် ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အဖြစ်သတ်မှတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။