Connect with us

Hi, what are you looking for?

သတင်း

မြဝတီ – ‌ကော့ကရိတ် အာရှလမ်း အသုံးပြုသွားလာမှုကို သတိပေး

ဒါ့အပြင် ပြည်သူများအနေဖြင့် ကော်သူးလေတပ်မတော်၏ ခွင့်ပြုချက်မရှိပဲ ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းတွင် သွားလာခြင်းမပြုရန် ဗိုလ်ချုပ်စောနယ်ဒါးမြက မေတ္တာရပ်ခံထားသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြဝတီ - ‌ကော့ကရိတ် အာရှလမ်း အသုံးပြုသွားလာမှုကို သတိပေး
မြဝတီ - ‌ကော့ကရိတ် အာရှလမ်း အသုံးပြုသွားလာမှုကို သတိပေး

ကော့ကရိတ်မြို့တွင်းတိုက်ပွဲများကြောင့် မြ၀တီ-ကော့ကရိတ် အာရှလမ်းမကို အထူးသတိပြုသွားလာကြပါရန် ကော်သူးလေတပ်မတော်(KTLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက ယနေ့ အောက်တိုဘာလ(၂၆)ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။

ကရင်ပြည်(ကော်သူးလေ)နယ်နိမိတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကော်သူးလေတပ်မတော်သားများ စစ်ရေးတင်းမာမှုများဖြစ်ပေါ်ပြီး တိုက်ပွဲအရှိန်အဟုန်မြင့်တက်လာမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ကော့ကရိတ်-မြ၀တီ အာရှလမ်း အသုံးပြုသွားလာခြင်းကို တိုက်ပွဲဖြစ်ပေါ်နေစဉ်ကာလအတွင်း သတိထားသွားလာအသုံးပြုရန် ဗိုလ်ချုပ်စောနယ်ဒါးမြက အသိပေးထားသည်။

ဒါ့အပြင် ပြည်သူများအနေဖြင့် ကော်သူးလေတပ်မတော်၏ ခွင့်ပြုချက်မရှိပဲ ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းတွင် သွားလာခြင်းမပြုရန် ဗိုလ်ချုပ်စောနယ်ဒါးမြက မေတ္တာရပ်ခံထားသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းတွင် ပြီးခဲ့သည့် အောက်တိုဘာ(၁၈)ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့မှုများစတင်ဖြစ်ပွားပြီး တိုက်ပွဲအခြေအနေများကြောင့် အာရှလမ်းပိုင်းတွင် ခရီးသွားလာမှုရပ်တန့်ကာ ယာဉ်အများအပြားပိတ်ခဲ့ရသလို ပြီးခဲ့တဲ့ရက်ပိုင်းက ခရီးသွားလာခွင့်ပြန်လည်ရရှိခဲ့ပေမယ့် ယမန်နေ့တွင်တော့ ယာဉ်နှစ်စီး မီးရှို့ခံထားရသည်။

Public Service Announcement

Public Service Announcement

ယနေ့ အောက်တိုဘာ(၂၆)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေအင်အားစုတပ်များအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ခရီးသွားပြည်သူများအနေဖြင့် သတိထားပြီးသွားလာနေကြရသည်ဟု ခရီးသွားပြည်သူတွေ၏ပြောကြားချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးဒေးတောင်ကြောက သဲဖြူချောင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံ တပ်ရင်းတွေ သေဆုံးမှုများပြားနေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်က​လေ​ကြောင်းသုံးတိုက်ခိုက်​နေပြီး လက်နက်ကြီးကျည်အချို့ ထိုင်းဘက်ကျ

Facebook