Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – အရာတော်လမ်းပိုင်း ယာယီပိတ်

မုံရွာ – အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

(မုံရွာ - အရာတော်လမ်းပိုင်း အရာတော်မြို့အဝင်အား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)
(မုံရွာ - အရာတော်လမ်းပိုင်း အရာတော်မြို့အဝင်အား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော် လမ်းပိုင်းအား ပြည်သူများ ဖြတ်သန်းသွားလာခြင်း ယာယီရပ် နားထားရန် Danger Force LPDFအဖွဲ့က ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုံရွာ – အရာတော်လမ်းပိုင်းတစ်နေရာ၌ တပ်စွဲ၍ သွားလာလှုပ်ရှားမှုများ ရှိနေသောကြောင့် ပြည်သူများအနေဖြင့်အဆိုပါ လမ်းပိုင်းအား အသုံးပြုသွားလာခြင်းကို ယခုအချိန်ကစ၍ အထူးပင်တားမြစ်ပိတ်ပင်ကြောင်း Danger Force LPDFအဖွဲ့က ယနေ့ (ဒီဇင်ဘာ၁၉ ရက်)သတိပေးကြေညာ သည်။

Public Service Announcement
Public Service Announcement

တားမြစ်သည့်ထားကြားက သွားလာ၍ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ပါက ပြည်သူ့တပ်ဖွဲ့များအနေဖြင့် တာဝန်ယူမည် မဟုတ်ကြောင်း၊ပြန်လည်အသုံးပြုသွားလာနိုင်သောအချိန်ကို သီးခြားထုတ်ပြန်ပေးမည်ဖြစ်ကြောင်း Danger Force LPDFအဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မုံရွာ – အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လူတစ်စုက စစ်ကောင်စီရဲ့ တိုင်းရုံးက ရဲတွေလို့ဆိုပြီး နေအိမ်နဲ့ ဆိုင်ခန်းတွေကို ခြိမ်းခြောက်ငွေလိုက်တောင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။