Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ်အတွင်းဝင်ထွက်သွားလာခြင်း ယာယီပိတ်ပင်ကြောင်း ကရင်နီပြည်အစိုးရ​ကြေညာ

လမ်းပိတ်ထားစဥ်ကာလအတွင်း ဝင်ထွက်သွားလာခြင်းကို စစ်ဆေးတွေ့ရှိပါက လုံးဝ ခွင့်ပြုမည်မဟုတ်ဘဲ သွားလာနိုင်မည့်ရက်ကို ပြန်လည်အသိပေးမည်ဟု ပါရှိသည်။

(ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအနီးယခုနှစ်စက်တင်ဘာလအတွင်း မိုင်းဆွဲခံရသည့် စစ်ကားတစ်စီးဖြစ်သည်။ ဓါတ်ပုံ-KA)
(ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအနီးယခုနှစ်စက်တင်ဘာလအတွင်း မိုင်းဆွဲခံရသည့် စစ်ကားတစ်စီးဖြစ်သည်။ ဓါတ်ပုံ-KA)

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းဝင်ထွက်သွားလာခြင်း ယာယီပိတ်ပင်ကြောင်း ကရင်နီပြည်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၇ ရက် ရက်စွဲပါ အမိန့်စာအရ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ပြည်သူများကို ညှင်း ပန်းနှိပ်စက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်တပ်ကို ပြန်လည်ချေမှုန်းနိုင်ရန် နည်းလမ်း မျိုးစုံဖြင့် ကြိုးစားအားထုတ်နေကြောင်း ဖော်ပြ ထားသည်။

(ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအနီးယခုနှစ်စက်တင်ဘာလအတွင်း မိုင်းဆွဲခံရသည့် စစ်ကားတစ်စီးဖြစ်သည်။ ဓါတ်ပုံ-KA)
(ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအနီးယခုနှစ်စက်တင်ဘာလအတွင်း မိုင်းဆွဲခံရသည့် စစ်ကားတစ်စီးဖြစ်သည်။ ဓါတ်ပုံ-KA)

ထို့ကြောင့် ယနေ့(နိုဝင်ဘာ ၂၈ ရက်)ကစ၍ဖရူဆိုမြို့အတွင်းဝင်ထွက်သွားလာခြင်းကို အခြေအနေပေါ်မူတည်၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်ပင်ထားမည်ဖြစ်ကြောင်း အသိပေးသည်။

လမ်းပိတ်ထားစဥ်ကာလအတွင်း ဝင်ထွက်သွားလာခြင်းကို စစ်ဆေးတွေ့ရှိပါက လုံးဝ ခွင့်ပြုမည်မဟုတ်ဘဲ သွားလာနိုင်မည့်ရက်ကို ပြန်လည်အသိပေးမည်ဟု ပါရှိသည်။

Public Service Announcement

Public Service Announcement

“ဖရူဆို​ဒေသတွင်းရှိပွင့်လင်းရာသီချိန်တွင်း စစ်ရေးအရှိန်တိုးမြင့်လာနိုင်သောကြောင့် မိဘပြည်သူများ ထုတ်ပြန်ချက်ကို အ​မြဲနားစွင့်လိုက်နာဆောင်ရွက်ကြပါရန်” ကရင်နီတပ် မတော် KA က ပြောသည်။

ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ ၄၂၈ တပ် က အထိုင်ချတပ်စွဲထား ပြီး ကရင်နီတော်လှန်ရေးတပ်များနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။