Connect with us

Hi, what are you looking for?

သတင်း

ချင်းတပ် CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုအ​ဆောက်အအုံထိခိုက်ပျက်စီးများ၊ ထိခိုက်ကျဆုံးမှုရှိ

စစ်ကောင်စီတပ်၏တိုက်လေယာဉ်များ ထပ်မံလာရောက်တိုက်ခိုက်နိုင်သည်ဟု သတင်းများလည်း ရရှိထားကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။

ချင်းတပ် CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုအ​ဆောက်အအုံထိခိုက်ပျက်စီးများ၊ ထိခိုက်ကျဆုံးမှုရှိ
ချင်းတပ် CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုအ​ဆောက်အအုံထိခိုက်ပျက်စီးများ၊ ထိခိုက်ကျဆုံးမှုရှိ

ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)ဌာနချုပ်ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ အ​​ဆောက်အအုံထိခိုက်ပျက်စီးများပြီး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိကြောင်းချင်းတပ်မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

CNF/CNAဌာနချုပ်ဖြစ်သကဲ့သို့ ချင်းတပ်ပေါင်းစု ချင်းပြည်ကာကွယ်ရေးကော်မတီ(CJDC) ဌာနချုပ်တည်ရှိရာ ထန်တလန်မြို့နယ် ဗစ်တိုးရီးယားစခန်း သို့ စစ်ကောင်စီတပ်က ယနေ့ဇန်နဝါရီ ၁၀ရက်ညနေပိုင်း၌ လေကြောင်းမှတိုက်​လေယာဥ် ၅ စီးဖြင့်လာ​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ထိခိုက်ပျက်စီးတာများတယ်။ကျဆုံးတွေလဲရှိတယ်။ထိခိုက်ကျဆုံးကိုတော့မစုစည်းရသေးဘူး။ဌာနချုပ်ကကျယ်တော့ စုစည်းပြီးမှပဲသတင်းထုတ်ပြန်ရမယ်ထင်တယ်” ဟုချင်းတပ်ဖွဲ့မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

​ဒေသတွင်းသတင်းဌာနဖြစ်​သောThe Chin JournalကCNF/CNA တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိ​ကြောင်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏တိုက်လေယာဉ်များ ထပ်မံလာရောက်တိုက်ခိုက်နိုင်သည်ဟု သတင်းများလည်း ရရှိထားကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။

​လေ​​ကြောင်းမှသွား​ရောက်တိုက်ခိုက်​သော​လေယာဥ်များမှာတံတားဦး​လေတပ်မှ တိုက်​လေယာဥ် ၅ စီးဖြစ်သည်။တံတားဦး​လေတပ်မှYAL-130 တိုက်​လေယာဥ် ၅ စီးသည် ယ​နေ့ည​နေ ၃နာရီ ၃၆ မိနစ်တွင် တစ်စီး ၊ ၃ နာရီ ၅၆ မိနစ်တွင်တစ်စီး ၊ ၄ နာရီ ၁ မိနစ်တွင်တစ်စီး ၊ ၄ နာရီ ၃ မိနစ်တွင်တစ်စီး ၊ ၄ နာရီ ၁၁ မိနစ်တွင်တစ်စီး တံတားဦး​လေတပ်မှ အ​ရှေ့​မြောက်အရပ်သို့ အ​ယောင်ပြ ပျံသန်းပြီးမှ ချင်းပြည်နယ်ကိုသွား​ရောက်ဗုံးကျဲခဲ့ခြင်းဖြစ်သည်။

ယခု လေကြောင်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ ဆက်သွယ်နေဆဲဖြစ်သည်။

CNF/CNA သည်ချင်းပြည်ဒေသအသီးသီးရှိချင်းကာကွယ်ရေးတပ်(CDF) များနှင့်လက်တွဲပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့အပါအဝင်ဒေသတွင်းကို အင်အားထောင်ချီနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်တပ် အင်အား ရာချီထိခိုက်ကာ အလောင်းတွေ၊ လက်နက်ခဲယမ်းတွေ အများအပြားသိမ်းရခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ဒီကနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။