Connect with us

Hi, what are you looking for?

News

ထန်တလန်မြို့နယ်၌ ဆောက်လုပ်ရေးလုပ်ငန်း ဆောင် ရွက်မှု စက်တင်ဘာပထမပတ်နောက်ဆုံးထား လုပ်ကိုင်ရန် CDF သတိပေး

ထန်တလန်မြို့နယ်သို့ စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာ၍ ဩဂုတ် ၂၀၊ ၂၁ရက်နေ့များက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထန်တလန် CDFက ထုတ်ပြန်ထားသည်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုကို စက်တင်ဘာပ ထမနောက်ဆုံးထားပြီး လုပ်ငန်းတာဝန်များ အပြီးဆောင်ရွက်ရန်နှင့် လုပ်ငန်းများ မပြီးဆုံးနိုင်ပါက လက်ရှိဆောင်ရွက်ဆဲလုပ်ငန်းများ ရပ်တန့်ရန် ထန်တလန်ချင်းပြည်ကာကွယ် ရေးတပ်(CDF)က သတိပေးချက် ထုတ်ပြန်သည်။

ယင်းမြို့နယ်အတွင်း လက်ရှိအချိန်ထိ လုပ်ငန်းဆောင် ရွက်လျက်ရှိသော လမ်းလုပ်ငန်း၊ ရေပွန်လုပ်ငန်း၊ ကျောက်ခင်း၊ ကျောက်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း အစရှိသည့် လုပ်ငန်း ဆောင်ရွက်ပေး နေသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ အစုအဖွဲ့နှင့် အစုစပ်လုပ်ငန်းများထံ ထန်တလန် CDFက အသိပေးခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က အင်အား အများအပြားဖြင့် ထန်တလန်မြို့နယ်အတွင်း တပ်ဖြန့်လျက်ရှိသောကြောင့် ထန်တလန် CDF ၏ လုံခြုံရေးနှင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များအား အနှောက်အယှက်ဖြစ်နိုင်၍ ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။ လိုက်နာပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက အပြင်းအထန် အရေးယူမည်ဟု လည်း ဖော်ပြခဲ့သည်။

ထန်တလန်မြို့နယ်သို့ စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာ၍ ဩဂုတ် ၂၀၊ ၂၁ရက်နေ့များက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထန်တလန် CDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။