Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် ဓားပြတိုက်မှုထပ်မံဖြစ်ပွား

မုံရွာမြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း ဓားပြတိုက်လုယက်မှုများဖြစ်ပွားခဲ့ပြီး ယမန်နှစ်လယ်ပိုင်းမှစတင်ကာ ပိုမိုဖြစ်ပွားလာခဲ့ကာ မြို့ပေါ်ရွှေဆိုင်များအထိ ဓားပြမှုအတင့်ရဲလာခဲ့သည်။

မုံရွာမြို့လယ်တစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
မုံရွာမြို့လယ်တစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် လူတစ်ဦးသေဆုံးခဲ့သည့် ဓားပြမှုတစ်ခုဖြစ်ပွားပြီးနောက် နာရီပိုင်းအတွင်း ဓားပြတိုက်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂၁ ရက်)မွန်းလွဲ ၂နာရီခန့်က မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ဘောလုံးကွင်းအနီး၌ ကြယ်နီအမည်ဖြင့် ကွမ်းယာဆိုင်ဖွင့်ထားသည့် နေအိမ်တစ်လုံးအား လက်နက်ကိုင်လူတစ်စုက ရောက်ရှိလာပြီး ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

အိမ်ရှင်လင်မယားအား ခေါင်းငုံ့ခိုင်းထားပြီး ကောင်တာနှင့် နေအိမ်ရှိ ကျပ် ၅သိန်းခန့်နှင့် လက်ကိုင်ဖုန်းနှစ်လုံး ယူဆောင်သွားသည်ဟု သတင်းရကြောင်း Chindwin Postက ဖော်ပြသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၀ရက်) ည ၇နာရီကလည်းအောင်ချမ်းသာရပ်ကွက်ရှိ “ချမ်းမြေ့သုခ” ကုန်စုံဆိုင်ဓားပြတိုက်ခံရပြီး ဓားဖြင့်ပါအခုတ်ခံရသောကြောင့် ဆိုင်ရှင်လင်မယားနှစ်ဦးလုံး ဆေးရုံရောက်ကာ အမျိုးသားဖြစ်သူ သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

“အခုဆိုဆိုင်လည်း အစောကြီးပိတ်နေရပြီ။ မဖွင့်ရဲဘူး။”ဟု မုံရွာမြို့က ဆိုင်ရှင်တစ်ဦးက ပြောသည်။

ဇန်နဝါရီလဆန်းပိုင်းကလည်း တစ်ပတ်အတွင်း မုံရွာမြို့ပေါ်ရှိ နေရာသုံးခု ဓားပြတိုက်ခံခဲ့ရသည်။

မုံရွာမြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း ဓားပြတိုက်လုယက်မှုများဖြစ်ပွားခဲ့ပြီး ယမန်နှစ်လယ်ပိုင်းမှစတင်ကာ ပိုမိုဖြစ်ပွားလာခဲ့ကာ မြို့ပေါ်ရွှေဆိုင်များအထိ ဓားပြမှုအတင့်ရဲလာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။