Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် စစ်​ကောင်စီတပ်နှင့် ရုံးရှိရာ ရပ်ကွက်၌ဓါးပြတိုက်ခံရပြီးအိမ်ရှင်အမျိုးသားသေ၊ အမျိုးသမီးဒဏ်ရာရ

စစ်​ကောင်စီတပ်နှင့်ရုံးများရှိ​​​သောရပ်ကွက်တွင် အတင့်ရဲစွာဓါးပြတိုက်ခြင်းဖြစ်​သော​ကြောင့် စစ်​ကောင်စီတပ်သား၊စစ်​ကောင်စီတပ် ​နောက်လိုက်များက ကျူးလွန်ခြင်းဖြစ်နိုင်​ကြောင်း ​ဒေသခံများကသုံးသပ်​ပြောကြား​နေကြသည်။

(ဓါးပြတိုက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ဓါးပြတိုက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ယမန်နေ့ညက ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အိမ်ရှင်ဇနီး​မောင်နှံတွင်အမျိုးသားသေဆုံးခဲ့ပြီး ၊ဇနီးဖြစ်သူမှာဒဏ်ရာများရရှိကြောင်း မြို့ခံများက ပြောသည်။

မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ နေအိမ်တစ်အိမ်အားယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်နေ့) ည ၁၀ နာရီခွဲခန့်ကဓားပြတိုက်ခံရခြင်းဖြစ်ပြီး သေနတ်သံများပါကြားလိုက်ရကြောင်း မြို့ခံများက ပြောသည်။ ​အောင်ချမ်းသာရပ်ကွက်သည် ခမရ ၁၆ အ​မြောက်တပ်၊ ယခင်စသုံးလုံး (အထူးစုံစမ်းစစ်​ဆေး​ရေးဌာန) ရုံးများရှိ​သောရပ်ကွက်ဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

စစ်​ကောင်စီတပ်နှင့်ရုံးများရှိ​​​သောရပ်ကွက်တွင် အတင့်ရဲစွာဓါးပြတိုက်ခြင်းဖြစ်​သော​ကြောင့် စစ်​ကောင်စီတပ်သား၊စစ်​ကောင်စီတပ် ​နောက်လိုက်များက ကျူးလွန်ခြင်းဖြစ်နိုင်​ကြောင်း ​ဒေသခံများကသုံးသပ်​ပြောကြား​နေကြသည်။

Public Service Announcement
Public Service Announcement

“ဓားပြတိုက်တာ စကစ နဲ့ခိုးဆိုးတွေဘဲ”ဟု ပြည်သူကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း​ပြောသည်။ ဖြစ်စဥ်ကို အ​သေးစိပ် စုံစမ်း​နေ​ကြောင်းလည်း PDFတပ်ဖွဲ့ဝင်အချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ဓားပြတိုက်ခံရသည့်အိမ်မှာ ကုန်စုံဆိုင်ဖွင့်လှစ်ထားပြီး လူလေးဦးက ဆိုင်ကယ်များဖြင့် ရောက်ရှိလာကာ ဓါးများကိုင်​ဆောင်၍ ဓားပြတိုက်ခဲ့ကြောင်း၊ ထို့နောက် ဆိုင်ရှင်လင်မယားကိုပါ ဓားဖြင့်ခုတ်ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဓားပြတိုက် ငွေတောင်းသည်ကို ဆိုင်ရှင်ဇနီးမောင်နှံကငြင်းဆန်သောကြောင့်ဟုဆိုကာ အသင့်ပါလာသည့် ဓာဖြင့်ခုတ်သွားခြင်းဖြစ်ကာ ဆိုင်ရှင်အမျိုးသား၌ လက်မောင်း၊ နောက်ကျောနှင့် ရင်ဘတ် ပြတ်ရှဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ဇနီးဖြစ်သူမှာ ပါးနှင့်လက်ချောင်း ပြတ်ရှဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေရကြောင်း နီးစပ်သူများက ပြောသည်။

“ကောင်လေးကတော့ ဆုံးသွားပါပြီ။ကောင်မလေးကဘဏ်ဝန်ထမ်းပါ။ ကလေးငယ်လေးတစ်ယောက်နဲ့ဗျာ။”ဟု မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ကြီးများတွင် ဥပဒေမဲ့ ဓားပြတိုက်၊ လုယက်သတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။