Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(ဇန်နဝါရီ ၂၇ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ထောက်ပို့စစ်ကားတစ်စီး မိုင်းထိပြီး စစ်ကောင်စီတပ်သား၅ ဦး​သေဆုံး

ရွှေဘို-မြစ်ကြီးနားလမ်းမှာစစ်ကူလာတဲ့ထောက်ပို့စစ်ကားတစ်စီးမိုင်းထိပြီးစစ်ကောင်စီတပ်သား၅ဦး​သေဆုံးတဲ့အပြင်စစ်အသုံးအဆောင်ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့Mother Heros Local PDFအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ဇန်နဝါရီလ ၂ ရက်နေ့က ရွှေဘိုမြစ်ကြီးနားလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားရာ အလယ်သျှိုဒေသသို့ လက်နက်ကြီးကျည်၊ လူအင်အားအများအပြားနဲ့ ပြည်သူ့ကားကိုချောဆွဲပြီး ထောက်ပို့သွားတဲ့ဆယ်ဘီးကားကို ရွှေဘိုနဲ့ ခင်ဦး လမ်းဆုံကြားမှာ မဟာမိတ်အဖွဲ့​တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ။မိုင်းဆွဲတိုက်လိုက်အပြီးမှာ PDF​တွေက လက်နက်ကြီး လက်နက်ငယ်​တွေနဲ့ပါတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ၊အင်တာန်ကဖြတ်​တောက်ထားတာ​ကြောင့်သတင်းထုတ်ပြန်တာ​နောက်ကျတာဖြစ်ပါတယ်။

▪︎ထိန်းချုပ်နယ်မြေများ ပိုမိုခိုင်မာတောင့်တင်းအောင် ကြိုးစားဖို့ NUG ဝန်ကြီးချုပ်တိုက်တွန်း

အစိုးရအနေနဲ့ ရရှိပြီးသား ထိန်းချုပ်နယ်မြေများကို ပိုမိုခိုင်မာတောင့်တင်းအောင် ကြိုးစားရင်း တိုင်းများကို ပိုမိုအလေးအနက်ထားအားစိုက်ကာ အဖွဲ့အစည်းအားလုံးနဲ့အတူ ပူးပေါင်းဆောင်ရွက်စေလိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ မနေ့က ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်က တော်လှန်‌ရေးကာလအတွင်း အုပ်ချုပ်‌ရေးယန္တရားတည်ဆောက်ရတာ မလွယ်ကူပေမဲ့လည်း ယခုပုံစံတစ်မျိုး နောက်ပုံစံတစ်မျိုး ပြည်သူများ စိတ်ရှုတ်ထွေးမှုများ မရှိစေရေး အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများ စနစ်တကျ စီမံနိုင်ဖို့လိုအပ်ကြောင်း ပြောပါတယ်။ အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေးအင်အားစုများအကြား သွေးခွဲ သပ်လျှိုပြီး နည်းမျိုးစုံနဲ့ ကြိုးစားနေလို့ တော်လှန်ရေးအင်အားစုများ အချင်းချင်း လုံခြုံရေးကို အထူး သတိပြုကြဖို့လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ထိန်းချုပ်နယ်မြေများ ပိုမိုခိုင်မာတောင့်တင်းအောင် ကြိုးစားရန် NUGပြည်ထောင်စုဝန်ကြီးချုပ်ပြော
ထိန်းချုပ်နယ်မြေများ ပိုမိုခိုင်မာတောင့်တင်းအောင် ကြိုးစားရန် NUGပြည်ထောင်စုဝန်ကြီးချုပ်ပြော

▪︎မတူပီ-ဘွေရာလမ်းရှိ ကင်းစခန်းကို CDF တိုက်ခိုက်

ချင်းပြည်နယ် မတူပီမြို့-ဘွေရာမြို့လမ်းပိုင်းရှိ စစ်ကောင်စီကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဒဏ်ရာရသူများရှိခဲ့တယ်လို့ မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၅ ရက် မနက်အစောပိုင်းက မတူပီ-ဘွေရာလမ်းမှာ တပ်စွဲဂိတ်ထိုးထားတဲ့ စစ်ကောင်စီကင်းစခန်းတစ်ခုကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဖော်ပြပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဒဏ်ရာအများအပြားရရှိခဲ့ပြီး မတူပီ CDF ရဲဘော်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ မတူပီမြို့နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းမူများကို ဟန့်တားနိုင်ဖို့ စစ်ကောင်စီဂိတ်တွေကို ပစ်ခတ်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

▪︎ကရင်နီပြည်ရှိ လမ်းပိုင်းအချို့ကို ယာယီပိတ်

ကရင်နီပြည်နယ်၊ ဖရူဆို-နန်းဖဲ-ဘောလခဲလမ်း နဲ့ ထီးပေါ်ဆိုလမ်းမကြီးကို ပြည်သူများအသုံးမပြုကြဖို့ ရက်အကန့်အသတ်မရှိ ပိတ်ပင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း-၁၅က ထုတ်ပြန်ပါတယ်။ ပိတ်ပင်လိုက်တဲ့ လမ်းပိုင်းတွေနဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာ အကြမ်းဖက်စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဒီနေ့ကစလို့ စစ်ရေးအခြေအနေအရ ပြည်သူများ အသုံးမပြုဖို့ KNDF တပ်ရင်း ၁၅ က မေတ္တာရပ်ခံပါတယ်။ ကရင်နီဒေသ နေရာအများစုမျာ အကြမ်းဖက်စစ် ကောင်စီတပ်များစစ်ကြောင်းထိုးနေပြီး လွိုင်ကော်၊ မိုးဗြဲ ၊ ဖရူဆိုနဲ့ ဒီးမော့ဆိုတို့မှာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပါတယ်။

▪︎ရွေးကောက်ပွဲအတွက် စာရင်းလိုက်ကောက်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ မနေ့ညနေပိုင်းက စစ်​ကောင်စီရွေးကောက်ပွဲအတွက် လူဦး​ရေစာရင်းလိုက်ကောက်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိတယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာမှ ဆိုင်ကယ်(၇)စီးနဲ့ ကားလေး(၂)စီးဖြင့် ထွက်လာတဲ့ အင်အား၂၅ ​ယောက်ခန့်ပါ​ စစ်ကောင်စီတပ်ကို ဖက်ရင်းကျေးရွာနဲ့ လေးတန်းကျေးရွာကြားမှာ ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

▪︎ဆိပ်ဖြူ ပညာရေးမှူးရုံးနဲ့ လျှပ်စစ်ရုံးကို တပြိုင်နက်မိုင်းခွဲ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ပညာရေးမှူးရုံးနဲ့ လျှပ်စစ်မန်နေဂျာရုံးကို တပြိုင်နက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ OAK AWE UG Group (စလေ) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ ညနေပိုင်းက ပညာရေးမှူးရုံးကို မိုင်းတစ်လုံး၊ ညဦးပိုင်းမှာ မြို့နယ်လျှပ်စစ်ရုံးတို့ကို မိုင်းတစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။

▪︎NUG စာသင်ကျောင်းသို့ ကျောင်းသုံးစာအုပ်များ လှူသည်ဟုဆိုကာ အင်းတော်ဒေသခံကို စစ်ကောင်စီ ဖမ်းဆီး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စာသင်ကျောင်းများသို့ ဗလာစာအုပ်များနဲ့ စာရွက်စာတမ်းများ ပစ္စည်းများ လှူဒါန်းနေသည်ဆိုကာ စာရေးကိရိယာဆိုင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီက ဖမ်းသွားတယ်လို့ အင်းတော်ဒေသခံက ပြောပါတယ်။ အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်ရှိ သားချော စာရေးကိရိယာဆိုင် ပိုင်ရှင် ဦးချစ်ကိုကို(ခ) ဦးဖိုးစီကို ဇန်နဝါရီ ၂၃ ရက်မှာ ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းပြီး စာရေးကိရိယာပစ္စည်းအစုံကို သိမ်းဆည်းသွားတယ်လို့ Indaw Revolutionက ဖော်ပြပါတယ်။ အင်းတော်မှာပဲ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဒေသခံနှစ်ဦးကို PDF နဲ့ ဆက်နွှယ်တယ်ဆိုပြီး ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

▪︎တော်လှန်ရေးအင်အားစုများ ပုလဲမြို့သွားရောက်ပြီး ဒေသခံများကို ကူညီထောက်ပံ့

စစ်ကိုင်းတိုင်း မုံရွာ၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်မှ တော်လှန်ရေးအင်အားစုတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လုံခြုံရေးအစီအမံနဲ့ ပုလဲမြို့နယ်အထိ သွားရောက်ကာ ဒေသခံတွေနဲ့ တွေ့ဆုံကာ ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်အာဏာရှင် တော်လှန်ရေးအားကောင်းတဲ့ အဲဒီမြို့တွေက တော်လှန်ရေးအင်အားစုတွေဟာ ပုလဲမြို့နယ်သို့ ဇန်နဝါရီ တတိယပတ်အတွင်း ရောက်ရှိလာပြီး ဒေသခံတွေကို တွေ့ဆုံနေတာပါ။ တော်လှန်ရေးအင်အားစုတွေက စစ်ဘေးရှောင်လူထုနဲ့တွေ့ဆုံပြီး ကျန်းမာရေးစောက်ရှောက် မှုပေးခဲ့ကြတယ်လို့ သိရပါတယ်။

▪︎မြင်းစီးရွာရှိ ပျူစခန်း စီးနင်းတိုက်ခိုက်မှု ပျူ ၁၈ ဦးဖမ်းမိ

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းက ပျူခေါင်းဆောင် ဦးဌေးအောင် ဦးဆောင်တဲ့မြင်စီးကျေးရွာပျူစခန်းကို ရွှေဘိုတိုက်နယ် ၁ နဲ့ ခင်ဦးတိုက်နယ် ၂ ဦးဆောင်ပြီး တိုက်ခိုက်ခဲ့ရာ ပျူအဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီးနောက် ၁၈ ဦး အရှင်ဖမ်းမိတယ်လို့ FIRE Dragon (KU)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဖမ်းမိ​တဲ့ပျူတွေကို အမျိုးသားညီညွတ်​ရေးအစိုးရ ၊ကာကွယ်​​ရေးဝန်ကြီးဌာနက ညွှန်ကြားထား​တဲ့ ဥပ​ဒေ၊ ကျင့်ဝတ်နဲ့အညီ အ​ရေးယူသွားမယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ မဟာမိတ်အဖွဲ့များမှ ရဲဘော်ငါးဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ