Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(ဖေဖော်ဝါရီ ၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ဟုမ္မလင်းနယ်ထဲကရွှေပြည်အေးမြို့ကို PDF တွေထိန်းချုပ်လိုက်ပြီလို့အသိ​ပေး

စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို PDF တပ်တွေ မနေ့က သိမ်းပိုက်လိုက်ပြီလို့ ဟုမ္မလင်း PDF က ဒီနေ့မနက်ပိုင်းမှာ အသိပေးလိုက်ပါတယ်။ ရွှေပြည်အေးမြို့ကို PDF တွေနဲ့အတူ မဟာမိတ်ပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ပြီး မြို့ကို သိမ်းလိုက်တာလို့ဆိုပါတယ်။

ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်
ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေပြည်အေးမြို့မှာ တိုက်ပွဲတွေဖြစ်ခဲ့တာရှိပြီး မနေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့လာပစ်တာရှိတယ်လို့ ဒေသခံတစ်ဦးဆီကသိရပါတယ်။ PDF နဲ့ပူးပေါင်းတပ်တွေဟာ ရွှေပြည်အေးမြို့သစ်က ဆေးရုံ ၊ထွေအုပ် နဲ့ ဌာနဆိုင်ရာရုံးတွေကို ထိန်းချုပ်ထားလိုက်ပြီး မြို့မရဲစခန်းကိုသာ မသိမ်းနိုင်သေးတာလို့ ဒေသခံအချို့ဆီသိရပါတယ်။ မြို့တွင်း တိုက်ပွဲတွေဆက်ပြင်းထန်နိုင်တယ်လို့ ဒေသခံ ပြည်သူတွေကို ဟုမ္မလင်း PDF က အသိပေးထားတာတွေ့ရပါတယ်။

▪︎အာဏာသိမ်း​ခေါင်း​ဆောင် ဝန်ခံစကား​ကြောင့် ရွှေတစ်ကျပ်သား ကျပ် ၂၉ သိန်းခန့်အထိ ဈေးတက်လာ

PDF(ပြည်သူ့ကာကွယ်​ရေးတပ်)များကြောင့် တိုင်းပြည်ကို စစ်တပ်မထိန်းချုပ်နိုင်ဟု အာဏာသိမ်းခေါင်းဆောင်ဝန်ခံပြီးနောက် ပြည်တွင်းရွှေဈေးတက်လာပြီး အခေါက်ရွှေ တစ်ကျပ်သားကို ၂၉ နီးပါးအထိဈေး​ရောက်လာတယ်လို့ ပြည်တွင်းရွှေဈေးကွက်မှ ​ရောင်းဝယ်သူတွေက ပြောပါတယ်။ စစ်အုပ်စုဦးဆောင်ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က NUG၊ PDFများကြောင့် တိုင်းပြည်ကို မထိန်းချုပ်နိုင်သေးကြောင်း ဝန်ခံပြောကြားခဲ့ပြီးနောက် အခုလိုရွှေဈေးတက်လာတာပါ။ ဇန်နဝါရီ ၃၀ ရက် နေ့ခင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂,၈၄၅, ၀၀၀ ပေါက်ဈေးရှိခဲ့ပြီး စစ်​ကောင်စီရဲ့ ကာလုံအစည်းအဝေးသတင်းထုတ်ပြန်ပြီး​နောက် ဒီနေ့မှာ အခေါက်ရွှေတစ်ကျပ်သား ၂,၈၈၂,၀၀၀ ကျပ်အထိပေါက်ဈေးရှိလာပါတယ်။

Public Service Announcement

Public Service Announcement

(​တ​ကျော့ပြန်တက်လာ​သော​ရွှေ ​ဈေးသည် တစ်ကျပ်သား ကျပ်သိန်း၃၀ အထိတက်လာမည်ဟုလုပ်ငန်းရှင်များခန့်မှန်း​နေသည်။ ။ဓါတ်ပုံ-MGLPB)
(​တ​ကျော့ပြန်တက်လာ​သော​ရွှေ ​ဈေးသည် တစ်ကျပ်သား ကျပ်သိန်း၃၀ အထိတက်လာမည်ဟုလုပ်ငန်းရှင်များခန့်မှန်း​နေသည်။ ။ဓါတ်ပုံ-MGLPB)

▪︎PRIO အဆိုပြု​တဲ့ ဒီနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ဆန်ခါတင် ၅ ဦးစာရင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်

ဒီနှစ် ၂၀၂၃ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် PRIO ဒါရိုက်တာ အဆိုပြု​တဲ့ ဆန်ခါတင် ၅ ဦးစာရင်းထုတ်ပြန်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့ ပါဝင်ကြောင်းသိရပါတယ်။ ငြိမ်းချမ်းရေးသုတေသနအင်စတီကျု့(PRIO) ဒါရိုက်တာ Henrik Urdal က လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုများအတွက် ဆန်ခါတင် ၅ ဦးစာရင်းကို မနေ့က ထုတ်ပြန်ခဲ့တာပါ။ အခုဆန်ခါတင်စာရင်းမှာ PRIO မှ ဒါရိုက်တာကအဆိုပြု​သောစာရင်းသာဖြစ်ပြီး နိုဗယ်ဆု​ရွေးချယ်​ရေးအဖွဲ့ရဲ့ ဆန်ခါတင်စာရင်းမဟုတ်​သေးဘဲ နိုဗယ်ဆုများအတွက် သက်ဆိုင်ရာပညာရှင်များ၊ အဖွဲ့အစည်းများက အဆိုပြုစာရင်းများ ​ပေးပို့နိုင်ပါတယ်။

PRIOက အဆိုပြု​သော ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ဆန်ခါတင် ၅ ဦးစာရင်းတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC ပါဝင်
PRIOက အဆိုပြု​သော ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ဆန်ခါတင် ၅ ဦးစာရင်းတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC ပါဝင်

▪︎မြန်မာ့အရေး ဦးစားပေး လုပ်ဆောင်သင့်တာတွေကို နိုင်ငံတကာအား ကုလအထူးကိုယ်စားလှယ်အကြံပြု

မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုက်အဝန်းက လက်ရှိထက် ပိုပြီး ထဲထဲဝင်ဝင်၊ ဖိဖိစီးစီး ဆောင်ရွက်သင့်တဲ့ အပိုင်းတွေကို ကုလသမဂ္ဂအတွင်း​ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက အကြုံပြုသွားပါတယ်။ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံအကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့အတွက် အဓိက အချက် ၃ ခုကို အားထည့် လုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ ပိုပြီး ထိထိရောက်ရောက် ပေါင်းစည်း လုပ်ဆောင်ဖို့၊ အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေတဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ ပိုမို ခိုင်မာတဲ့ ရပ်တည်ချက် တစ်ခုခုကို စုပေါင်း ဖော်ဆောင်ကြဖို့နဲ့ နိုင်ငံတွင်း၊ နိုင်ငံပြင်ပရောက် မြန်မာ ဒုက္ခသည်တွေကိုပါ ထိထိရောက်ရောက် ကူညီ ကာကွယ်ပေးဖို့ အချက်တို့ဖြစ်ပါတယ်။

(ကုလသမဂ္ဂအတွင်း​ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ။ဓါတ်ပုံ-NUG-MOFA)
(ကုလသမဂ္ဂအတွင်း​ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ။ဓါတ်ပုံ-NUG-MOFA)

▪︎အဆုံးစီရင်ဖို့ ခုန်ချတဲ့ကျောင်းသူကို လိုက်လံကယ်ဆယ်တဲ့ ဆရာပါပြုတ်ကျပြီး နှစ်ဦးစလုံးသေဆုံး

နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ်ရှိ ကိုယ်ပိုင်ကျောင်းမှာ ကိုးတန်းကျောင်းသူ ကျောင်းဆောင်ပေါ်က ခုန်ချရာမှာ လိုက်လံဖျောင်းဖျတဲ့ ဆရာပါ ပြုတ်ကျပြီး ၂ ဦးစလုံးသေဆုံးခဲ့ရတယ်လို့ ကျောင်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။ မြေပြင်ကနေ ပေ ၅၀ ခန့်မြင့်တဲ့ ၄ ထပ်ကျောင်းဆောင်ပေါ်ကနေ မနေ့ ညနေပိုင်းက ကျောင်းသူဟာ ခုန်ချခဲ့တာပါ။ ခုန်ချဖို့လုပ်နေချိန် မြင်တွေ့သူအားလုံးက တားမြစ်သလို ကျောင်းဆရာကလည်း လိုက်လံဖျောင်းဖျပေးခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ကျောင်းသူက ခုန်ချရာမှာ ကယ်ဆယ်ဖို့လိုက်ဆွဲတဲ့ အဲဒီဆရာပါ ပြုတ်ကျ သေဆုံးသွားခဲ့တာပါ။

▪︎မိုးမောက်မှာ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းကို KIAကြားဖြတ်တိုက်ခိုက်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIAသတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ KIAတပ်မဟာ(၃)၊ တပ်ရင်း (၁၅)နယ်မြေ မိုးမောက် – လွယ်ဂျယ်လမ်း လော့ဒန်ကျေးရွာအနီးမှာ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းက စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ KIAက ဆိုပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ KIAသတင်းပြန်ကြားရေးက ဖော်ပြပါတယ်။ တိုက်ပွဲဖြစ်ပွားအပြီးမှာ စစ်ကောင်စီတပ်က အနီးဝန်းကျင်ဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

▪︎ဝက်လက်မြို့နယ်မှာ တစ်လအတွင်း အိမ်ခြေ ၂,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

ဝက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီတစ်လအတွင်း အိမ်ခြေ ၂,၀၀၀ နီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ကလေးတစ်ဦးအပါအဝင် ပြည်သူ ငါးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ (၁)နှစ်အရွယ်ကလေးငယ်တစ်ဦး၊ (၁၇)နှစ်အရွယ်တစ်ဦးတို့ အပါအဝင် စုစုပေါင်း ငါးဦးအား သတ်ဖြတ်သွားတယ်လို့ Wetlet Informational Network အဖွဲ့က ပြောပါတယ်။ ဝက်လက်မြို့ပေါ်မှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့ပါတယ်။

စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ ပြာကျ​နေ​သော အညာ​ဒေသမှ ​ကျေးရွာတစ်ရွာ။ ဓါတ်ပုံ-People's Spring
စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ ပြာကျ​နေ​သော အညာ​ဒေသမှ ​ကျေးရွာတစ်ရွာ။ ဓါတ်ပုံ-People’s Spring

▪︎မြင်းမူရဲစခန်းနဲ့ စစ်အုပ်စုကိုတိုက်ခိုက်ရာ ထိခိုက်ပျက်စီးမှုရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရဲစခန်းနဲ့ စစ်ကောင်စီစခန်းချရာ နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တို​က်ခိုက်ရာ ပျက်စီးထိခိုက်မှုရှိတယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)တာဝန်ခံက ပြောပါတယ်။ မနေ့ ညနေပိုင်းက မြင်းမူမြို့ပေါ်မှာ အင်အားအများအပြားနဲ့ အထိုင်ချထားတဲ့ အ.ထ.က(၁)နဲ့ ရဲစခန်းအတွင်းရှိ စစ်အုပ်စုဝင်တွေကို (၆၀) မမနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ရဲစခန်းအတွင်းရှိ လိုင်းခန်းတွေပေါ် ၆ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ PAFD က ပြောပါတယ်။

▪︎ရွှေဘိုမြို့နယ်တိုက်ပွဲ Black Wolf အဖွဲ့ ရဲဘော် သုံးဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်း ဘုန်းဘွဲ့ကျေးရွာအနီး စစ်ကောင်စီတ​ပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ ရဲဘော် သုံးဦးကျဆုံးခဲ့တယ်လို့ BLACK WOLF – ARMYတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ နေ့ခင်းက ဘုန်းဘွဲ့ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း ရဲဘော်ပိုင်ကြီး၊ ရဲဘော်ခန့်သီဟနဲ့ ရဲဘော် ဝင်းစိုးတို့ ကျဆုံးခဲ့တာပါ။ ရဲဘော်ခန့်သီဟ (ခေါ်) Spider ဟာ Black Wolf တပ်ဖွဲ့ဝင်မဖြစ်ခင်က ရန်ကုန်မြို့ပြ သပိတ်တိုက်ပွဲတွေမှာ တက်ကြွစွာလှုပ်ရှားပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ရဲဘော်ကိုSpiderရဲ့ မြင့်မြတ်စွာကျဆုံးခဲ့မှုကို ဝမ်းနည်းစွာဂုဏ်ပြုအပ်ကြောင်း ရန်ကုန်လူထုသပိတ်က ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ