Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိတ္ထီလာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီ​၏ ဆီသယ်ယာဉ်တန်းအား တိုက်ခိုက်

ယင်းစစ်ဆင်ရေးကို ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ မန်းခရိုင်တပ်ရင်းအမှတ်(၅) Myitnge-People Defense Force တပ်ရင်းနှင့် အောင်စည်တော် စစ်ဆင်ရေးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ ဆီသယ်ယာဉ်တစ်စီး အား ၂၀၂၁ မေလ ၁၈ရက်က တိုက်ခိုက်ခံခဲ့ရစဉ်။ (ဓာတ်ပုံ − CJ)
ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ ဆီသယ်ယာဉ်တစ်စီး အား ၂၀၂၁ မေလ ၁၈ရက်က တိုက်ခိုက်ခံခဲ့ရစဉ်။ (ဓာတ်ပုံ − CJ)

▪️ ယာဉ်နှစ်စီး ပျက်စီးသွားကြောင်း အောင်စည် တော်စစ်ဆင်ရေးက အသိပေး

မိတ္ထီလာမှ မန္တလေးမြို့သို့ ‌လောင်စာဆီများသယ်ဆောင်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ဆီသယ်ယာဉ်ယာဉ်တန်းကို ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ယာဉ်နှစ်စီး ပျက်စီးသွားကြောင်း အောင်စည်တော်စစ်ဆင်ရေးက အသိပေးထားသည်။

ဖေဖော်ဝါရီ ၁၆ရက် နေ့လည် ၁၁နာရီခန့်တွင် ရှေ့တန်းထောက်ပို့တပ် မိတ္ထီလာမှ မန္တလေးမြို့သို့ ဒီဇယ်နှင့် ဓာတ်ဆီများ သယ်ဆောင်လာသည့် ဆီသယ်ယာဉ် ၁၆စီးကို မိတ္ထီလာ – မန္တလေးလမ်းဟောင်း ၊ ကျောက်ဆည်နှင့် စဉ့်ကိုင်မြို့အကြားတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အောင်စည်တော် စစ်ဆင်ရေးက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ဆင်ရေးကို ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ မန်းခရိုင်တပ်ရင်းအမှတ်(၅) Myitnge-People Defense Force တပ်ရင်းနှင့် အောင်စည်တော် စစ်ဆင်ရေးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ထိုဆီသယ်ယာဉ်ကားများအနက် (၂)စီးမှာ ထိခိုက်ပျက်စီးသွားကြောင်း သိရကာ အပျက်စီးနှင့် အထိအခိုက်များကို စုံစမ်းနေဆဲဖြစ်ပါသည်။”ဟု အောင်စည်တော်စစ်ဆင်ရေးက ဆိုသည်။