Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီ​၏ ဆီသယ်ယာဉ်တန်းအား တိုက်ခိုက်

ယင်းစစ်ဆင်ရေးကို ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ မန်းခရိုင်တပ်ရင်းအမှတ်(၅) Myitnge-People Defense Force တပ်ရင်းနှင့် အောင်စည်တော် စစ်ဆင်ရေးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ ဆီသယ်ယာဉ်တစ်စီး အား ၂၀၂၁ မေလ ၁၈ရက်က တိုက်ခိုက်ခံခဲ့ရစဉ်။ (ဓာတ်ပုံ − CJ)
ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ ဆီသယ်ယာဉ်တစ်စီး အား ၂၀၂၁ မေလ ၁၈ရက်က တိုက်ခိုက်ခံခဲ့ရစဉ်။ (ဓာတ်ပုံ − CJ)

▪️ ယာဉ်နှစ်စီး ပျက်စီးသွားကြောင်း အောင်စည် တော်စစ်ဆင်ရေးက အသိပေး

မိတ္ထီလာမှ မန္တလေးမြို့သို့ ‌လောင်စာဆီများသယ်ဆောင်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ဆီသယ်ယာဉ်ယာဉ်တန်းကို ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ယာဉ်နှစ်စီး ပျက်စီးသွားကြောင်း အောင်စည်တော်စစ်ဆင်ရေးက အသိပေးထားသည်။

ဖေဖော်ဝါရီ ၁၆ရက် နေ့လည် ၁၁နာရီခန့်တွင် ရှေ့တန်းထောက်ပို့တပ် မိတ္ထီလာမှ မန္တလေးမြို့သို့ ဒီဇယ်နှင့် ဓာတ်ဆီများ သယ်ဆောင်လာသည့် ဆီသယ်ယာဉ် ၁၆စီးကို မိတ္ထီလာ – မန္တလေးလမ်းဟောင်း ၊ ကျောက်ဆည်နှင့် စဉ့်ကိုင်မြို့အကြားတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အောင်စည်တော် စစ်ဆင်ရေးက ထုတ်ပြန်ထားသည်။

ယင်းစစ်ဆင်ရေးကို ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ မန်းခရိုင်တပ်ရင်းအမှတ်(၅) Myitnge-People Defense Force တပ်ရင်းနှင့် အောင်စည်တော် စစ်ဆင်ရေးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ထိုဆီသယ်ယာဉ်ကားများအနက် (၂)စီးမှာ ထိခိုက်ပျက်စီးသွားကြောင်း သိရကာ အပျက်စီးနှင့် အထိအခိုက်များကို စုံစမ်းနေဆဲဖြစ်ပါသည်။”ဟု အောင်စည်တော်စစ်ဆင်ရေးက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။