Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာဝန်ခံကိုသာ ဗြိတိန်ခန့်အပ်

တရားမဝင်အာဏာသိမ််းစစ်ကောင််စီကို အသိအမှတ်မပြုဘဲ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချထားသည့် နိုင်ငံများထဲတွင် ပါဝင်သော ဗြိတိန်သည်် သံအမတ်အဆင့် ခန့်အပ်ခြင်းမပြုဘဲ ယာယီသံရုံး တာ၀န်ခံသာ ထားရှိခြင်းဖြစ်သည်။

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်
စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်

ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံး၏ ယာယီသံရုံးတာ၀န်ခံအဖြစ် မစ္စတာ Ken O’Flahertyကို ခန့််အပ်ကြောင်း ယနေ့ ကြေညာသည်။

တရားမဝင်အာဏာသိမ််းစစ်ကောင််စီကို အသိအမှတ်မပြုဘဲ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချထားသည့် နိုင်ငံများထဲတွင် ပါဝင်သော ဗြိတိန်သည်် သံအမတ်အဆင့် ခန့်အပ်ခြင်းမပြုဘဲ ယာယီသံရုံး တာ၀န်ခံသာ ထားရှိခြင်းဖြစ်သည်။

ယာယီသံရုံးတာ၀န်ခံအသစ်က “မြန်မာနိုင်ငံမှာယူကေကို ကိုယ်စားပြုခွင့်ရခြင်းဟာ အခွင့်ထူးပါပဲ။ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် မြန်မာနိုင်ငံက ပြည်သူတွေရဲ့ မှန်ကန်တဲ့ ဆန္ဒတွေကို ဆက်လက်ထောက်ခံအားပေးဖို့ မျှော်လင့်နေပါတယ်” ဟု ပြောသည်

စစ်ကောင်စီအနေဖြင့် ၎င်းတို့၏လုပ်ရပ်များအပေါ် တာဝန်ခံစေမှုနှင့် စစ်ကောင်စီအပေါ် ဖိအားများ တိုးမြင့်လာစေရန် ဗြိတိန်က တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ခြင်း၊ မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားလိုက်နာခြင်းအားဖြင့် ဗြိတိန််၏ လုပ်ဖော်ကိုင်ဖက်များနှင့် လက်တွဲလုပ်ဆောင်ရန် ခိုင်မာစွာ ကတိပြုထားကြောင််း အထက်ပါ ယာယီသံရုံးတာ၀န်ခံက အသိပေးသည််။

မစ္စတာ Ken O’ Flaherty သည် သံတမန်တစ်ဦးဖြစ်ပြီး ယခင််က ပါရီ၊ တိုကျို၊ ရောမနှင့် ဘရပ်ဆဲလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

You May Also Like

သတင်း

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။