Connect with us

Hi, what are you looking for?

သတင်း

ပိုမိုကောင်းမွန်သောနိုင်ငံအနာဂတ်အတွက် အသက်စတေးခဲ့ကြသူအားလုံးကို လေးစားဂုဏ်ပြုကြောင်း ဗြိတိန်သံရုံးထုတ်ပြန်

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ရင်း ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရ ဂုဏ်ပြုကြောင်းဖော်ပြသည်။

ဗြိတိန်သံရုံး
ဗြိတိန်သံရုံး

ပိုမိုကောင်းမွန်သောနိုင်ငံအနာဂတ်အတွက် အသက်စတေးခဲ့ကြသူအားလုံးကို လေးစားဂုဏ်ပြုကြောင်း ယနေ့ကျရောက်သော အာဇာနည်နေ့၌ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်သည်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင် ၉ ဦး ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခံရ သည့် ယနေ့ကျရောက်သော ၇၅ နှစ်မြောက် အာဇာနည်နေ့တွင် အဆိုပါလွတ်လပ်ရေးခေါင်းဆောင်ကြီးများနှင့်အတူ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှစ၍ အသက်ဆုံးရှုံးခဲ့ရသည့် အရပ်သား ထောင်ကျော်ကိုလည်း အောက်မေ့သတိရမိကြောင်း သံရုံးက ထုတ်ပြန်သည်။

“ဘယ်လိုလှုံ့ဆော်မှုမျိုး၊ ဘယ်လိုယုံကြည်မှုမျိုးကြောင့်ဖြစ်စေ အရပ်သားများကို သတ်ဖြတ်မှုဆိုတာ တရားမျှတမှုမဖြစ်နိုင်သလို၊ လက်ခံနိုင်ဖွယ်ရာလည်း မရှိပါ” ဟု ဗြိတိန်သံရုံးအကြီးအကဲ Pete Vowles က ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ရင်း ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရ ဂုဏ်ပြုကြောင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရန် ကြိုးစားရင်း အသိတရားမဲ့စွာ လုပ်ကြံခံခဲ့ရခြင်းအတွက်လည်း ဝမ်းနည်းမိပြီး ကနေဒါသည် အရပ်သား ပြည်သူလူထုအား အမျိုးမျိုးအဖုံဖုံသော အကြမ်းဖက်မှုများ အပါအဝင် ဒီမိုကရေစီစနစ်အား ယုတ်လျော့စေသော အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနှင့် ခြောက်လှန့်မှုများ အားလုံးကိုလည်း ဆန့်ကျင်ကြောင်း ယနေ့ထုတ်ပြန်သည်။

ထို့အပြင် အမေရိကန်သံရုံးက လွန်ခဲ့သော ၇၅ နှစ်က ယခုလိုနေ့မျိုး၌ ၎င်းတို့၏နိုင်ငံအတွက် အသက်ပေးခဲ့ကြရသော အာဇာနည်ပုဂ္ဂိုလ် ၉ ဦးကို ဂုဏ်ပြုကြောင်း ထုတ်ပြန်သည်။

“၎င်းတို့၏အမွေအနှစ်များသည် မျိုးဆက်သစ်များ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုများအတွက် ခွန်အားအဖြစ်ဆက်လက်တည်တံ့နိုင်ပါစေ” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဆုမွန်ကောင်းတောင်းသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန်နိုင်ငံ၊ ဝေးလ်စ်ပြည်နယ်က ဆေးရုံတစ်ခု ခေါင်မိုးပေါ်မှာ သေမင်းပုံစံ ဝတ်ဆင်ပြီး လူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့တဲ့ လူငယ်ဟာ ဒဏ်ငွေတပ်ရိုက်တာ ခံလိုက်ရပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။