Connect with us

Hi, what are you looking for?

သတင်း

ကြည့်မြင်တိုင်မြို့နယ်တရားရုံး ဗုံးခွဲတိုက်ခိုက်

အဆိုပါ ပေါက်ကွဲမှုအပြီးနောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ ကမ်းနားလမ်း၊ အထက် ကြည့်မြင်တိုင်လမ်း၊ ဗားကရာလမ်းတို့ကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဓာတ်ပုံ - ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကြည့်မြင်တိုင်မြို့နယ် တရားရုံး (ပုံအဟောင်းအသုံးပြုထားပါသည်)
ဓာတ်ပုံ - ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကြည့်မြင်တိုင်မြို့နယ် တရားရုံး (ပုံအဟောင်းအသုံးပြုထားပါသည်)

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်းအောက်ထောင့် နှင့် ကမ်းနားလမ်းမပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ကြည့်မြင်တိုင်မြို့နယ်တရားရုံးအား ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း KMD18 – Hunter Unitက ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၃)နေ့လည် ၁၂ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ ကြည့်မြင်တိုင်မြို့နယ်တရားရုံးအား အဝေးထိန်းမိုင်းများ အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် တရားရုံးအပြင်ဘက် အဆောက်အဦးအချို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်း KMD18 – Hunter Unit က အသိပေး ဖော်ပြခဲ့သည်။

“နေ့လည် ၁၂ ကျော်လောက်က ကြည့်မြင်တိုင် ကမ်းနားလမ်းပေါ်က တရားရုံးနားမှာ ဗုံးပေါက်သံအကျယ်ကြီး တချက်ကြားလိုက်ရပါတယ်။ တရားရုံးအပြင်ဘက် အဆောက်အဦးအချို့ ထိခိုက်ပျက်ဆီးသွားတာ တွေ့ရတယ်။ လူထိမထိတော့ မသေချာဘူး။ စစ်ကားတစ်စီးကတော့ တရားရုံးဘက်ကနေ ကုတင် ၅၀၀ဘက်ကို မောင်းထွက်သွားတာ တွေ့လိုက်တယ် “ဟု ကြည့်မြင်တိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်ကိုင်တုတ်အဖြစ် အပြစ်မဲ့ပြည်သူကို မတရားဖမ်းဆီးနေသော ရဲများနှင့် မတရားပုဒ်မတပ် ထောင်ချနေသော မတရားသူကြီးများကို ပညာပေးဆုံးမလိုခြင်း၊ စစ်ကိုင်းနှင့် ကရင်နီဒေသများအား မတရားနည်းဖြင့် လက်နက်အားကိုး ထိုးစစ်ဆင်ခြင်း တို့ကို လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း KMD18 – Hunter Unit က ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ပေါက်ကွဲမှုအပြီးနောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ ကမ်းနားလမ်း၊ အထက် ကြည့်မြင်တိုင်လမ်း၊ ဗားကရာလမ်းတို့ကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် ယနေ့ညပိုင်းတွင်လည်း ကြည့်မြင်တိုင်မြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက်ဧည့်စာရင်းစစ်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ သတိထားနိုင်ကြရန်လည်း ဒေသခံ တော်လှန်ရေးအင်အားစုက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စီစီတီဗီမှတ်တမ်းထွက်ပေါ်လာသော်လည်း ပစ်ခတ်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် ပစ်ခတ်မှုဖြစ်ခဲ့သည့် ဈေးကလေးရပ်ကွက်ကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးကပြောသည်။

သတင်း

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ယမန်နေ့ (ဩဂုတ် ၂၈) နေ့လည်ပိုင်းက “Cheetah Operation” အဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Anonymous Force (ရန်ကုန်စစ်ဒေသခွဲ PRF) က အသိပေးထုတ်ပြန်သည်။

နိုင်ငံတကာ

အမေရိကန် လွှတ်တော်ဖြစ်တဲ့ ကက်ပီတိုလ်ကို ထရမ့်ရဲ့ အမာခံ ကျောထောက်နောက်ခံ အင်အားစုတွေဖြစ်တဲ့ လက်ယာစွန်း အစုအဖွဲ့တွေက စီးနင်းထိန်းချုပ်ခဲ့တာဖြစ်ပြီး ထရမ့်ကတော့ အဲဒီဖြစ်စဉ်မှာ သူဟာ ဘယ်လို ပတ်သက် ဆက်နွှယ်မှုမှ မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။