Connect with us

Hi, what are you looking for?

သတင်း

ကြည့်မြင်တိုင်မြို့နယ်တရားရုံးအား ဖောက်ခွဲတိုက်ခိုက်

နောက်နောင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော အုပ်ချုပ်ရေး၊ စီပွားရေး၊ လူမူရေးပစ်မှတ်များအား ထိရောက်ပြင်းထန်စွာတိုက်ခိုက်သွားမည် ဖြစ်ကြောင်း Dark shadow (UG)က ဆိုသည်။

ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းပေါ်ရှိ မြို့နယ်တရားရုံးအားတွေ့ရစဥ် (ပုံအဟောင်းအသုံးပြုထားပါသည်)
ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းပေါ်ရှိ မြို့နယ်တရားရုံးအားတွေ့ရစဥ် (ပုံအဟောင်းအသုံးပြုထားပါသည်)

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်းတောင်ရပ်ကွက် ကမ်းနားလမ်းပေါ်ရှိ မြို့နယ်တရားရုံးအား ယနေ့ (အောက်တိုဘာ ၁၅) နံနက် ၈နာရီခွဲဝန်းကျင်တွင် Brave Eagles(UG) အဖွဲ့နှင့် Dark Shadow (UG) မှ ပူးပေါင်း၍ ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

“ကြည့်မြင်တိုင်မြို့နယ် မတရားရုံးကို ရီမုမိုင်းနှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ရာ တစ်လုံးပေါက်ကွဲပြီး ကျန်တစ်လုံးကို စစ်သားတွေ ရှာဖွေတွေ့ပြီး ဖောက်ခွဲလိုက်ပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ် “ဟု Dark Shadow (UG) အဖွဲ့က ဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် ကြည့်မြင်တိုင်မြို့နယ် တရားရုံးရှိ ပြတင်းပေါက်မှန်အချို့နှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“မနက်က ကြည့်မြင်တိုင် တရားရုံးမှာ ဗုံးပေါက်တာ ပြတင်းပေါက်နဲ့ အုတ်နံရံအချို့ ပျက်ဆီးသွားတယ်လို့ သိရတယ်။ လူထိခိုက်မှု မရှိပါဘူး။ ဗုံးတစ်လုံးက အရင်ပေါက်ပြီး နောက်တစ်လုံးက ၉ နာရီကျော်လောက်မှာ စစ်တပ်က ကမ်းနားလမ်းကို ပိတ်ပြီး ဖောက်ခွဲလိုက်တာပါ “ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

နောက်နောင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော အုပ်ချုပ်ရေး၊ စီပွားရေး၊ လူမူရေးပစ်မှတ်များအား ထိရောက်ပြင်းထန်စွာတိုက်ခိုက်သွားမည် ဖြစ်ကြောင်း Dark shadow (UG)က ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်အဖွဲ့အစည်းများနှင့်အဆောက်အဦးများအနီးသို့ ဖြတ်သန်းသွားလာခြင်းမပြုပဲ ဝေးဝေးမှဂရုစိုက် ရှောင်ရှားသွားကြရန် မြို့ပြပြောက်ကျားတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မတ်လ ၈ရက် ည ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

စီစီတီဗီမှတ်တမ်းထွက်ပေါ်လာသော်လည်း ပစ်ခတ်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် ပစ်ခတ်မှုဖြစ်ခဲ့သည့် ဈေးကလေးရပ်ကွက်ကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးကပြောသည်။