Connect with us

Hi, what are you looking for?

သတင်း

NLDအပါအဝင် နိုင်ငံရေးပါတီ၄၀ ဖျက်သိမ်းရန် စစ်အာဏာရှင်၏ဆုံးဖြတ်ချက်ကို ဗြိတိန် ပြစ်တင်ရှုတ်ချ

ဗြိတိန်သည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်ပြီး လေးနက်၍ အားလုံးပါဝင်နိုင်သော အပြန်အလှန်ဆွေးနွေးမှုမျိုးဖန်တီးပေးရန် စစ်အာဏာရှင်ကို ဆက်လက်ဖိအားပေးလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ ပြည်သူများက NLD အလံကိုင်ဆောင်ကာ စုဝေးဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ၁၇ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ ပြည်သူများက NLD အလံကိုင်ဆောင်ကာ စုဝေးဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ၁၇ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)

ဒေါ်အောင်ဆန်းစုကြည်၏ NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ကို ဖျက်သိမ်းရန် စစ်အာဏာရှင် ၏ ဆုံးဖြတ်ချက်သည် မြန်မာပြည်သူလူထု၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထပ်မံခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးက ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သည်။

စစ်အာဏာရှင်၏ နိုင်ငံရေးအရ လှုံ့ဆော်သည့် လုပ်ဆောင်ချက်များနှင့် အကြောက်တရားသွင်း၍ ဆန့်ကျင်မှုများအား ဖိနှိပ်ရန်အတွက် ပိုမိုရက်စက်သော နည်းဗျူဟာများအသုံးပြုခြင်းကို ဗြိတိန်က ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြသည်။

“ပြည်သူလူထုရဲ့ ဒီမိုကရေစီဝါဒအခြေခံတဲ့ ဆန္ဒများကို လေးစားသော၊ လေးနက်ပြီး အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများ မလုပ်ဆောင်ဘဲ စစ်အာဏာရှင်ဟာ ၎င်းတို့ဖန်တီးထားတဲဲ့ ကျပ်တည်းတဲ့ အခြေအနေကို ဖြေရှင်းလို့ မရနိုင်ပါဘူး” ဟု ဗြိတိန်နိုင်ငံခြားရေးရုံးပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ဗြိတိန်သည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်ပြီး လေးနက်၍ အားလုံးပါဝင်နိုင်သော အပြန်အလှန်ဆွေးနွေးမှုမျိုးဖန်တီးပေးရန် စစ်အာဏာရှင်ကို ဆက်လက်ဖိအားပေးလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ငြိမ်းချမ်း၍အားလုံးပါဝင်နိုင်သည့် အနာဂတ်ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းနေသည့် မြန်မာပြည်သူလူထုနှင့် ၎င်းတို့၏ ရည်မှန်းချက်များနှင့်အတူ ဗြိတိန်က ရပ်တည်ကြောင်းထပ်လောင်း ကတိပြုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။