Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

NLDအပါအဝင် နိုင်ငံရေးပါတီ၄၀ ဖျက်သိမ်းရန် စစ်အာဏာရှင်၏ဆုံးဖြတ်ချက်ကို ဗြိတိန် ပြစ်တင်ရှုတ်ချ

ဗြိတိန်သည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်ပြီး လေးနက်၍ အားလုံးပါဝင်နိုင်သော အပြန်အလှန်ဆွေးနွေးမှုမျိုးဖန်တီးပေးရန် စစ်အာဏာရှင်ကို ဆက်လက်ဖိအားပေးလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ ပြည်သူများက NLD အလံကိုင်ဆောင်ကာ စုဝေးဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ၁၇ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ ပြည်သူများက NLD အလံကိုင်ဆောင်ကာ စုဝေးဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ၁၇ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)

ဒေါ်အောင်ဆန်းစုကြည်၏ NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ကို ဖျက်သိမ်းရန် စစ်အာဏာရှင် ၏ ဆုံးဖြတ်ချက်သည် မြန်မာပြည်သူလူထု၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထပ်မံခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးက ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သည်။

စစ်အာဏာရှင်၏ နိုင်ငံရေးအရ လှုံ့ဆော်သည့် လုပ်ဆောင်ချက်များနှင့် အကြောက်တရားသွင်း၍ ဆန့်ကျင်မှုများအား ဖိနှိပ်ရန်အတွက် ပိုမိုရက်စက်သော နည်းဗျူဟာများအသုံးပြုခြင်းကို ဗြိတိန်က ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြသည်။

“ပြည်သူလူထုရဲ့ ဒီမိုကရေစီဝါဒအခြေခံတဲ့ ဆန္ဒများကို လေးစားသော၊ လေးနက်ပြီး အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများ မလုပ်ဆောင်ဘဲ စစ်အာဏာရှင်ဟာ ၎င်းတို့ဖန်တီးထားတဲဲ့ ကျပ်တည်းတဲ့ အခြေအနေကို ဖြေရှင်းလို့ မရနိုင်ပါဘူး” ဟု ဗြိတိန်နိုင်ငံခြားရေးရုံးပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ဗြိတိန်သည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်ပြီး လေးနက်၍ အားလုံးပါဝင်နိုင်သော အပြန်အလှန်ဆွေးနွေးမှုမျိုးဖန်တီးပေးရန် စစ်အာဏာရှင်ကို ဆက်လက်ဖိအားပေးလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ငြိမ်းချမ်း၍အားလုံးပါဝင်နိုင်သည့် အနာဂတ်ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းနေသည့် မြန်မာပြည်သူလူထုနှင့် ၎င်းတို့၏ ရည်မှန်းချက်များနှင့်အတူ ဗြိတိန်က ရပ်တည်ကြောင်းထပ်လောင်း ကတိပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။

နိုင်ငံတကာ

ချားလ်စ်ဘုရင် ဆေးကုသမှု ခံယူနေတဲ့ ကာလတွေအတွင်း သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို တခြားတစ်ဦးဦးဆီ လွှဲပြောင်းပေးထားမှာ မဟုတ်ဘူးလို့လည်း နန်းတော်က ဆိုပါတယ်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်ကျည်သောစိတ်ဓာတ်ဖြင့် မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်ရန် လေးလေးနက်နက်ကတိကဝတ်ပြုလိုက်ကြောင်း ဖော်ပြသည်။