Connect with us

Hi, what are you looking for?

သတင်း

ပြည်သူလူထု၏ မျှော်မှန်းချက်များ ပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NLD ထုတ်ပြန်

ယမန်နေ့တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က NLD အပါအဝင် ပါတီ ၄၀ ကိုဖျက်သိမ်းကြောင်း ကြေညာခဲ့မှုအပေါ် NLD ပါတီက တုံ့ပြန်ထုတ်ပြန်လာခြင်းဖြစ်သည်။

ပြည်သူလူထု၏ မျှော်မှန်းချက်များ ပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NLD ထုတ်ပြန်
ပြည်သူလူထု၏ မျှော်မှန်းချက်များ ပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NLD ထုတ်ပြန်
▪️ပြည်သူနှင့်တစ်သားတည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်သော နိုင်ငံရေးပါတီများကိုလည်း အသိအမှတ်ပြုလေးစားကြောင်းဖော်ပြ
▪️“ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့အတိုင်းပဲ ပါတီဆိုတာ ပြည်သူအသိအမှတ်ပြုမှ ရပ်တည်နိုင်တာဖြစ်တဲ့အတွက်ကြောင့် ပြည်သူရှိသရွေ့ပါတီဆိုတာ ရှင်သန်နေမှာပဲဖြစ်တယ်။ ရပ်တည်နေနိုင်မှာလည်းဖြစ်တယ်”

ဦးထွန်းမြင့်-NLD ဗဟိုအလုပ်ကော်မတီဝင်

စစ်ကောင်စီ၏ လက်ဝေခံရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများကို ဖျက်သိမ်းခွင့်၊ ​အတည်ပြုခွင့်လုံးဝမရှိဘဲ ပြည်သူလူထု၏ မျှော်မှန်းချက်များ ပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က NLD အပါအဝင် ပါတီ ၄၀ ကိုဖျက်သိမ်းကြောင်း ကြေညာခဲ့မှုအပေါ် NLD ပါတီက တုံ့ပြန်ထုတ်ပြန်လာခြင်းဖြစ်သည်။

ပြည်သူလူထု၏ မျှော်မှန်းချက်များ ပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NLD ထုတ်ပြန်
ပြည်သူလူထု၏ မျှော်မှန်းချက်များ ပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NLD ထုတ်ပြန်

တည်ဆဲဥပဒေများကိုချိုးဖောက်ထားသော စစ်ကောင်စီသည် တရားဝင်မှုမရှိသည့်အပြင် ပြည်သူလူထု အား ကိုယ်စားပြုမှုလည်းမရှိသည့်အတွက် ၎င်း၏လုပ်ကိုင်ဆောင်ရွက်သမျှသည် တရားဝင်မှုမရှိကြောင်း NLD ဗဟိုအလုပ်ကော်မတီက အကြိမ်ကြိမ်ကြေညာထားပြီးဖြစ်ကြောင်း ဖော်ပြသည်။

“ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့က ကိုယ့်ပါတီကို ဘယ်လိုပဲ ဖျက်သိမ်းနေစေကာမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့အတိုင်းပဲ ပါတီဆိုတာ ပြည်သူအသိအမှတ်ပြုမှ ရပ်တည်နိုင်တာဖြစ်တဲ့အတွက်ကြောင့် ပြည်သူရှိသရွေ့ပါတီဆိုတာ ရှင်သန်နေမှာပဲဖြစ်တယ်။ ရပ်တည်နေနိုင်မှာလည်းဖြစ်တယ်” ဟု NLD ဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်က ပြောသည်။

Public Service Announcement

Public Service Announcement

NLD သည် ယခုနွေဦးတော်လှန်ရေးတွင် ပြည်သူ့ဆန္ဒများဖြစ်သည့် အနာဂတ်နိုင်ငံရေးတွင် စစ်တပ်ပါဝင်ပတ်သက်မှုလုံးဝမရှိစေရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးတို့ အတွက် တိုင်းရင်းသား ညီအစ်ကိုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ လက်တွဲကာ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

ယနေ့ ထုတ်ပြန်ချက်တွင်လည်း ​၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်ပေါက်ဖွားလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ပြည်သူလူထု၏မျှော်မှန်းချက်များနှင့် အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်ဆောင်ရွက်လျက်ရှိကာ ပြည်သူလူထု၏အဆုံးအဖြတ်ကိုသာ ခံယူနေသောပါတီဖြစ်သည်နှင့်အညီ ပြည်သူရှိသ၍ ပါတီရှိနေမည်ဖြစ်ပြီး ပြည်သူလူထု၏ မျှော်မှန်းချက်များပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံတို့ဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းနှင့် ပြည်သူနှင့်တစ်သားတည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်သော နိုင်ငံရေးပါတီများကိုလည်း အသိအမှတ်ပြုလေးစားကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းကတည်းက ပြည်သူလူထု၏မျှော်လင့်ချက်များကို ရိုက်ချိုးရန်နှင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီကို ဖျက်ဆီးရေးရည်ရွယ်၍ ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီး၊ မတရားအမှုများဆင်ကာ ထောင်ချခြင်းကို ဦးစွာ ဆောင်ရွက်ခဲ့ကြောင်း ယနေ့ထုတ်ပြန်သည်။

ထို့အပြင် ပါတီဝင်များကိုလည်း ဆက်တိုက်ဖမ်းဆီးလျက်ရှိရာ ယနေ့အထိ ၁၂၃၅ ဦးရှိပြီး၊ ပါတီဝင်၂၆ ဦး မှာ စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ကြောင်း အသိပေးသည်။

အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိပြီး ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးဖြိုးဇေယျာသော်မှာ ကြိုးပေးသတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း ဖော်ပြသည်။ လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခံထားရသည့်အပြင် ၄၇ ဦးတို့၏ နေအိမ်များကိုလည်း ဝရမ်းကပ်ခံထားရပြီး ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးပေါင်း အကြိမ် ၁၂၀ ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဒီနေ့မှာလည်း ဘာသတင်းအချက်အလက်မှ မရရှိသေးဘူးလို့ NLD ပါတီဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင်တဦးကပြောပါတယ်။

သတင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာဘေးကင်းစေဖို့ ရည်ရွယ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ မေတ္တာပို့ဆုတောင်းတာတွေ ပြုလုပ်ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။