Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာမှ စစ်ဘေးရှောင်သက်ကြီးရွယ်အိုနှစ်ဦးအား စစ်ကောင်စီတပ် သတ်ဖြတ်

ပဇီကြီးရွာ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၃၀၀ခန့်ပါရှိပြီး ဧပြီ ၁၉ရက်နံနက်တွင် မန္တလေးတိုင်း သပိတ်ကျင်းမြို့ဘက်မှ တက်လာခြင်းဟု ဆိုသည်။

ပဇီကြီးရွာမှ စစ်ဘေးရှောင်သက်ကြီးရွယ်အိုနှစ်ဦးအား စစ်ကောင်စီတပ် သတ်ဖြတ်
ပဇီကြီးရွာမှ စစ်ဘေးရှောင်သက်ကြီးရွယ်အိုနှစ်ဦးအား စစ်ကောင်စီတပ် သတ်ဖြတ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ယနေ့ နံနက်အစောပိုင်းတွင် စစ်ဘေးရှောင် သက်ကြီးရွယ်အို နှစ်ဦးအား သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ပဇီကြီးနဲ့ မဲဇတော် ရွာကြားမှာ သတ်သွားတာ။ စစ်ကြောင်းက ရှိနေသေးလို့ ကျွန်တော်တို့ အလောင်းသွားမကောက်ရဲလို့ မကောက်ရသေးဘူး”ဟု စစ်ဘေးရှောင်အရပ်သားတစ်ဦးကပြောသည်။

အသတ်ခံရသူနှစ်ဦးမှာ အသက်(၇၀)ခန့်အရွယ် ဦး‌မောင်ကိုလေးနှင့် ဦးတင်မြင့်တို့ ဖြစ်ပြီး ပဇီကြီးရွာအနီး ထန်းတောရွာမှဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီစစ်ကြောင်းမှ လွတ်အောင် ပြေးလွှားရင်း မပြေးနိုင်တော့ဘဲသတ်ဖြတ်ခံလိုက်ရခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

ပဇီကြီးရွာ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၃၀၀ခန့်ပါရှိပြီး ဧပြီ ၁၉ရက်နံနက်တွင် မန္တလေးတိုင်း သပိတ်ကျင်းမြို့ဘက်မှ တက်လာခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ပဇီကြီးရွာကို စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းခွဲ မွှေနှောက်နေပြီး ပဇီကြီးရွာအပါအဝင် ကျေးရွာ ခုနစ်ရွာမှ စစ်ဘေးရှောင်အရပ်သားများ ထပ်မံထွက်ပြေးနေရကြောင်း သတင်းရရှ်ိသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ပဇီကြီး၊ မဲဇတော်၊ ရွာသာယာ၊ထန်းတော၊ ချောင်းသာနှင့် ချောင်းမကြီးစသည့် ကျေးရွာဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

” အခုစစ်ကြောင်းက ပစ်မှတ်တစ်ခုကို ဝင်တော့မယ်ဆို ပတ်ချာလည်က ဝိုက်ဝင်တာ။မနေ့ကဆိုရင် ကျွန်တော်တို့ကို သူတို့က ဝိုက်၊ ကျွန်တော်တို့က သူတို့နောက်က ပြန်ဝင်ပြီး သူတို့လာတဲ့လမ်းကနေ ပြန်ထွက်ပြေးရတာ”ဟု ပဇီကြီးရွာဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ပဇီကြီးရွာကို စစ်ကောင်စီက ဧပြီ ၁၁ရက်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား ၁၆၈ဦးထက်မနည်း သေဆုံးသွားခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေချိန်တွင် ပဇီကြီးရွာကို မြေပြင်မှပါ စစ်ကောင်စီက စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။