Connect with us

Hi, what are you looking for?

သတင်း

စီးပွားရေးလုပ်ငန်းများ ညနေ ၅နာရီနောက်ပိုင်း လျှပ်စစ်မီးမသုံးရန် စစ်ကောင်စီ တားမြစ်

ဖောက်ဖျက်ကျူးလွန်မှုကို စစ်ဆေးတွေ့ရှိပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း စစ်ကောင်စီ၏ YESCက ခြိမ်းခြောက်ထားသည်။

(ရန်ကုန်မြို့ ရပ်ကွက်လမ်းမတစ်ခုတွင် လမ်းမီးများထွန်းလင်း‌ထားသော်လည်း လူနေအိမ်တိုက်ခန်းများ မီးဖြတ်ထားသည်ကို ယခုအပတ်အတွင်း တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(ရန်ကုန်မြို့ ရပ်ကွက်လမ်းမတစ်ခုတွင် လမ်းမီးများထွန်းလင်း‌ထားသော်လည်း လူနေအိမ်တိုက်ခန်းများ မီးဖြတ်ထားသည်ကို ယခုအပတ်အတွင်း တွေ့ရစဥ်။ ဓာတ်ပုံ - PS)

ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ စီးပွားရေးနှင့်စက်မှုလက်မှုလုပ်ငန်းများအနေဖြင့် ညနေ ၅နာရီမှ နံနက် ၅နာရီအထိ လျှပ်စစ်မီးမသုံးရန် ဧပြီ ၂၃ ရက်က စတင်ပြီး ကန့်သတ် တားမြစ်လိုက်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပရေးရှင်း(YESC)က ယနေ့ ထုတ်ပြန်သည်။

ဖောက်ဖျက်ကျူးလွန်မှုကို စစ်ဆေးတွေ့ရှိပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း စစ်ကောင်စီ၏ YESCက ခြိမ်းခြောက်ထားသည်။

ရပ်ကွက်နှင့်ကျေးရွာအတွင်းရှိ စီးပွားရေးနှင့်စက်မှုလုပ်ငန်းများ ကန့်သတ်ချိန်အတွင်း လျှပ်စစ်မီးသုံးစွဲပါက မီတာပြဂဏန်းများကို ဓာတ်ပုံရိုက်မှတ်တမ်းတင် စစ်ဆေးသွားမည်ဟုလည်း YESCက ဆိုသည်။

“အခုချိန်မှာ မီးပြတ်တာအပြင် ဒီဇယ်ဝယ်ရတာလည်း အရမ်းခက်တဲ့ အချိန်ဖြစ်နေတယ်။ ဒီလို လုပ်ရပ်ကြောင့် လုပ်ငန်းတွေရပ်နားဖို့ပဲ ကျန်တော့တယ်”ဟု ဖိနပ်ချုပ်လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အသေးစားစီးပွားရေးလုပ်ငန်းများလည်ပတ်ရန် ကုန်ကျစရိတ်ကြီးမြင့်လာခြင်းကြောင့် ကုန်ဈေးနှုန်းများလည်း ပိုမိုမြင့်တက်လာမည်ဟုလည်း ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

ထို့အပြင် ရပ်ကွက်များအတွင်းရှိ စီးပွားရေးလုပ်ငန်းများဟုဆိုသည့်အတွက်ကြောင့် စတိုးဆိုင်များ၊ မီနီမတ်များနှင့် အခြားတပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ပိုမိုခက်ခဲလာမည်ဟုလည်း ၎င်းက ပြောသည်။

ထိုသို့ကန့်သတ်ရခြင်းမှာ နွေရာသီကာလအတွင်း အပူချိန်မြင့်မားလာမှု၊ ဓာတ်အားသုံးစွဲမှု မြင့်တက်ခြင်းနှင့်ဓာတ်အားပေးစက်များ နှစ်စဉ်ပုံမှန် ထိန်းသိမ်းပြုပြင်ရခြင်းကြောင့်ဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။ ထို့အပြင် လောပိတမဟာဓာတ်အားလိုင်းတာဝါတိုင်များ အကြိမ်ကြိမ်ဖျက်ဆီးခံရခြင်းဖြစ်သည်ဟု စစ်ကောင်စီက အကြောင်းပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေအပါအဝင်စစ်တပ် ဝါဒဖြန့်ချိတဲ့ အကောင့် တစ်ရာကျော်ကို ဖေ့စ်ဘွတ်ခ်ရဲ့ ပလက်ဖောင်းကနေကဖယ်ရှားခဲ့တယ်လို့ Justice For Myanmar (JFM) ကအသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။