Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တရားမဝင်စစ်ကောင်စီနှင့် ဆက်ဆံသည့် နိုင်ငံတကာသံတမန်များအားလုံး အရှုံးနှင့်သာ ရင်ဆိုင်ရဟုNUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်ဦး​ကျော်​ဇောပြောကြား

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ မပါဝင်သည့် မြန်မာ့အကြပ်အတည်းပြေလည်အောင်ဖြေရှင်းနည်းမှာ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းထံတွင်လည်း မရှိနိုင်ကြောင်း အထက်ပါ နိုင်ငံရေးလေ့လာသူက သုံးသပ်သည်။

(အာဏာသိမ်း​ခေါင်း​ဆောင်နှင့်​ဧပြီ ၂၄ ရက်တွင်တွေ့ဆုံ​နေ​သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း ။ဓါတ်ပုံ-စစ်​ကောင်စီ)
(အာဏာသိမ်း​ခေါင်း​ဆောင်နှင့်​ဧပြီ ၂၄ ရက်တွင်တွေ့ဆုံ​နေ​သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း ။ဓါတ်ပုံ-စစ်​ကောင်စီ)

-“မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့ အကြမ်းဖက်မှု ရပ်တန့်ဖို့မစ္စတာဘန်ကီမွန်းလုပ်ဆောင်ဖို့ဆိုရင် မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့လုပ်ဆောင်ချက်ဖြစ်ဖို့ လိုအပ်မယ်လို့ ပြောချင်ပါတယ်” -NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်

မြန်မာပြည်သူများ၏ဆန္ဒကိုမျက်ကွယ်ပြု၍ တရားမဝင်စစ်ကောင်စီနှင့် ဆက်ဆံသည့် နိုင်ငံတကာသံတမန်များအားလုံး အရှုံးနှင့်သာ ရင်ဆိုင်ရသည်မှာ ယခင်ဖြစ်စဉ်များက သက်သေရှိပြီးဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက​ပြောကြားသည်။

“ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့ကြီးဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ ကိုက်ညီတာ လုပ်ဖို့အတွက် ပြောထားတာရှိပါတယ်။ ဒါကို မစ္စတာဘန်ကီမွန်းအနေနဲ့ အလေးထားဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။ မြန်မာပြည်သူလူထုရဲ့ ဆန္ဒအမှန်ကို လေးစားပြီး မြန်မာပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်ကို အကောင်အထည်ဖို့ အတွက်ကို မစ္စတာဘန်ကီမွန်းလုပ်ဆောင်ဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။ ထိရောက်တဲ့ ရလဒ်ရဖို့အတွက် မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု ရပ်တန့်ဖို့ မစ္စတာဘန်ကီမွန်းလုပ်ဆောင်ဖို့ဆိုရင် မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့လုပ်ဆောင်ချက်ဖြစ်ဖို့ လိုအပ်မယ်လို့ ပြောချင်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ရှိနေသရွေ့အကြမ်းဖက်မှုတွေ ဖန်တီးနေမှာ၊ အကြမ်းဖက်မှုတွေကို ပိုမိုတိုးချဲ့ပြီးလုပ်နေမှာ ဆိုတာ သိသင့်ပါတယ်။ မစ္စတာဘန်ကီမွန်းအနေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေးမှာ အသုံးချခံ လက်ကိုင်တုတ်မဖြစ်ဖို့ သတိထားဆောင်ရွက်ပါ။ NUG နဲ့ တရားဝင်ထိတွေ့ဆက်ဆံပါ။ သက်ဆိုင်ရာ stakeholder အားလုံးနဲ့ ထိတွေ့ဆက်ဆံပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်”ဟု ဦးကျော်ဇောက ပြောသည်။

ထို​ကြောင့်မစ္စတာဘန်ကီမွန်း၏ နေပြည်တော်ခရီးစဉ်လာရောက်ခြင်းမှာ အချိန်ကောင်းမဟုတ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ကသုံးသပ်သည်။ မစ္စတာဘန်ကီမွန်းသည် ၂၀၂၁ ခုနှစ်အတွင်းက မြန်မာပြည်လာရောက်ရန် အဆိုပြုခဲ့ဖူးသော်လည်း စစ်ကောင်စီက ထိုစဉ်က ခွင့်မပြုခဲ့ဘဲ ယခုအချိန်မှ လာရောက်ခွင့်ပြုခြင်းမှာ စဉ်းစားဖွယ်ကောင်းကြောင်း၊ တရားမဝင်စစ်ကောင်စီနှင့် ဆက်ဆံသည့် နိုင်ငံတကာသံတမန်များအားလုံး အရှုံးနှင့်သာ ရင်ဆိုင်ရသည်မှာ ယခင်ဖြစ်စဉ်များက သက်သေရှိပြီးဖြစ်ကြောင်း NUG ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းသည် နေပြည်တော်သို့ နှစ်ရက်ကြာခရီးစဥ်အဖြစ် ယမန်နေ့က ရောက်ရှိလာခဲ့ပြီး ယနေ့ နံနက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့​ကြောင်စစ်​ကောင်စီကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

၂၀၀၇ မှ ၂၀၁၆ အထိ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် သက်တမ်းနှစ်ကြိမ်ဆက် တာ၀န်ထမ်းဆောင်ခဲ့သူ တောင်ကိုရီးယားနိုင်ငံသား မစ္စတာဘန်ကီမွန်းသည် လက်ရှိ The Elders(ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် တည်တံ့သောကမ္ဘာမြေအတွက် အလုပ်လုပ်နေသည့် လွတ်လပ်သော ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့)တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာ၀န်ယူထားသည်။ အဆိုပါ The Elders ဒုတိယဥက္ကဋ္ဌတစ်ဦးအနေဖြင့် နေပြည်တော်သို့ လာရောက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းစာများက ဖော်ပြသည်။

မစ္စတာဘန်ကီမွန်း၏ နေပြည်တော်ခရီးစဥ်နှင့်ပတ်သက်၍ ယနေ့ ညနေပိုင်းအထိ The Elders အဖွဲဲ့က တစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ တောင်ကိိုရီးယားသံရုံးကလည်း ဘန်ကီမွန်း၏ ခရီးစဥ်နှင့်ပတ်သက်၍ စစ်ကောင်စီနှင့် ညှိနှိုင်းစီစဥ်ပေးခြင်းမရှိကြောင်း AP သတင်းဌာနကို ပြောသည်။

ဘန်ကီမွန်းကို နေပြည်တော်သို့ ဖိတ်ခေါ်ခြင်းမှာ နိိုင်ငံတကာမျက်နှာစာတွင် အပြကောင်းရန်၊ အသုံးချရန်အတွက် ဖြစ်နိုင်ပြီး ဘန်ကီမွန်း၏ ခရီးစဥ်ကြောင့် မြန်မာပြည်နိုင်ငံရေးတွင် သိသာထင်ရှားသည့်အပြောင်းအလဲဖြစ်လာရန် အကြောင်းမရှိကြောင်း မြန်မာ့နိုင်ငံရေးသုတေသီ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။

“သူ(ဘန်ကီမွန်း)လာရောက်တဲ့အတွက် သူဖြစ်စေချင်တဲ့ အကြမ်းဖက်မှု ရပ်တန့်ဖို့ မဖြစ်နိုင်ပါဘူးး။ NLD ခေါင်းဆောင်တွေ လွှတ်ပေးဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ စကားဝိုင်းဆွေးနွေးပွဲဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့်မို့ စစ်ကောင်စီအနေနဲ့ နိုင်ငံတကာရုပ်ပြအတွက် အသုံးချနိုင်မယ့်သူကို ရွေးဖိတ်တာလို့ ကျွန်တော်က ယူဆပါတယ်။ The Elders အဖွဲ့တဖွဲ့လုံးကို မဖိတ်ပါဘူး။ နိုင်ငံတကာကို အပြကောင်းအောင် ထပ်လုပ်နေတာလို့ တွက်ပါတယ်။ ဒီအတွက် မြန်မာပြည်နိုင်ငံရေးမှာ ဘာမှ သိိသာထင်ရှားတဲ့အပြောင်းအလဲတွေ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာပြည်သူများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု(Genocide)၊ စစ်ရာဇဝတ်မှု(War Crimes)၊ လူသားမျိုးနွယ်ကိုဆန့်ကျင်သည့်ရာဇဝတ်မှု(Crimes Against Humanity)များကိို မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်နေသည်ကို အဖြေမရှာဘဲ ယခင်အတိုင်း တွေ့ဆုံဆွေးနွေး၊ နားချမှုများက မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အား ပြောင်းလဲသွားစေမည်မဟုတ်ကြောင်း ACDD(Action Committee for Democracy Development)ညှိနှိုင်းရေးမှူး မသဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။

“ ပြောင်းလဲသွားမှာ မဟုတ်ဘဲ ဒီလိုမျိုး ခရီးစဥ်လာရောက်တာဟာ မင်းအောင်လှိုင်ကို ပိုပြီး confident (ကိုယ့်ကိုယ်ကို ယုံကြည်မှု) ပိုတိုးသွားစေနိုင်တယ်။ အခုအချိန်မှာ စစ်အုပ်စု အလိုအပ်ဆုံး နိုင်ငံရေးအရ တရားဝင်ဖို့ပဲ။ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာဆိုရင် သူ့ပြည်သူတွေကိုယ်တိုင်က စွန့်ပစ်ထားတဲ့ အုပ်စုဖြစ်ပါတယ်။ အဲဒါကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖက်လှဲတကင်းအရေးတယူလုပ်လို့ ညှိနှိုင်းဖလှယ်နေရတယ်ဆိုတဲ့ အနေအထားက စစ်အုပ်စုကို ပိုပြီးတော့ အရေးပါတဲ့ နိုင်ငံရေး အစုအဖွဲ့အနေနဲ့ အမြင်လွဲသွားနိုင်စေတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ကုလသမဂ္ဂအထူးကိုယ်စားလှယ်(UN Special Envoy)နှင့် အာဆီယံအထူးကိုယ်စားလှယ်(ASEAN Envoy)တို့၏ မြန်မာနိုင်ငံခရီးစဉ်များကို စစ်ကောင်စီက ဖြစ်မြောက်အောင် မလုပ်နိုင်သေးချိန်တွင် ဘန်ကီမွန်းကဲ့သို့ ပုဂ္ဂိုလ်မျိုးကို လာရောက်ခွင့်ပြုခြင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်အတွက် များစွာအကြပ်အတည်းဖြစ်နေဟု ပြည်တွင်းရှိ နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။ သို့သော် စစ်ခေါင်းဆောင်သည် ဘန်ကီမွန်းကို အရပ်သားခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့နှင့် တွေ့ဆုံခွင့်ပေးမည်ဟု မယူဆကြောင်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ မပါဝင်သည့် မြန်မာ့အကြပ်အတည်းပြေလည်အောင်ဖြေရှင်းနည်းမှာ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းထံတွင်လည်း မရှိနိုင်ကြောင်း အထက်ပါ နိုင်ငံရေးလေ့လာသူက သုံးသပ်သည်။

“ကျွန်တော်အမြင်ပြောရရင် နှစ်ဖက်စလုံး(စစ်ခေါင်းဆောင်နှင့် ဘန်ကီမွန်)က သောင်မတင်ရေမကျပဲ။ နှစ်ဘက်စလုံးက စမ်းသပ်ကြည့်တဲ့အနေအထားနဲ့ သူ့အတွက်အကျိုးရှိမလား၊ ကိုယ့်အတွက် အကျိုးရှိမလားဆိုတဲ့ အနေအထားမျိုးနဲ့ လာတယ်လို့မြင်တယ်။ ဘန်ကီမွန်းက သူ့ကို(မင်းအောင်လှိုင်ကို)ကူဖို့လာတယ်လို့ မထင်ဘူး။ မင်းအောင်လှိုင်ကြုံတွေ့နေရတဲ့ အကြပ်အတည်းအပေါ်မှာ နိုင်ငံတကာက လိုလားနေတဲ့ လမ်းကြောင်းပေါ် ဘယ်လောက်အထိ ဆွဲတင်လို့ ရမလဲဆိုတဲ့အတွေး သူ့မှာ(ဘန်ကီမွန်း)ပါလာဖို့ များပါတယ်”ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။