Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“​နေပြည်​တော်ကို ဗဟိုပြုလှုပ်ခတ်​နေ​သောငလျင်”

အာဏာသိမ်းခေါင်းဆောင်သည် စစ်တက္ကသိုလ်အပါတ်စဉ်(၁၉)ဆင်းသူဖြစ်​၍ ဝန်ကြီးဟောင်းဦးမြင့်လှိုင်က မင်း​အောင်လှိုင်ထက် အပါတ်စဥ် ၂ ခုစီနီယာပိုကြသူဖြစ်သည်။

"​နေပြည်​တော်ကို ဗဟိုပြုလှုပ်ခတ်​နေ​သောငလျင်"
"​နေပြည်​တော်ကို ဗဟိုပြုလှုပ်ခတ်​နေ​သောငလျင်"

▪︎ရာထူးမှဖြုတ်ချရန် တပ်တွင်းဆော်ဩသည့် စီနီယာကို အာဏာသိမ်းခေါင်းဆောင်ဖမ်းဆီး

ယောနသံ/People’s Spring

သမ္မတဟောင်းဦးသိန်းစိန်လက်ထက် လယ်/ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်ကို စစ်ကောင်စီကဖမ်းဆီးခြင်းသည် ကျားဖြန့်လုပ်ငန်းနှင့် မသက်ဆိုင်ဘဲ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရာထူးမှဖြုတ်ချရန် ဆော်ဩမှုကြောင့် အဖမ်းခံရခြင်းဖြစ်​ကြောင်း စုံစမ်းသိရှိရသည်။

“စစ်ခေါင်းဆောင်ကပျော့ညံ့တယ်ပေါ့။ သူ့တို့ခေတ်တုန်းကဆို သူပုန်ကို ထုံးလိုချေ ရေလိုနှောက်ထားတာပေါ့။ အခုကတော့ စစ်တပ်သိက္ခာကျလို့ အဲ့ကောင်(မင်းအောင်လှိုင်)ကို အနားပေးလိုက်သင့်ပြီဆိုပြီး တပ်အသိုင်းအဝိုင်းမှာ မူးပြီးသွားပြောတာ” ဟု နေပြည်တော်မှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးမြင့်လှိုင်သည် ဧပြီလ ပထမလပတ်အတွင်း ၎င်း၏ မိတ်ဆွေ စစ်တပ်အရာရှိများ၊ အငြိမ်းစားအရာရှိများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့ပြီးနောက် ဧပြီလ ၉ရက် နံနက် ၇နာရီတွင် နေပြည်တော်ရှိ ၎င်း၏ နေအိမ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဟု စုံစမ်းသိရှိရသည်။

Public Service Announcement

Public Service Announcement

“အပြင်မှာ သတင်းတွေထွက်နေသလို ကျားဖြန့်နဲ့ သိပ်မဆိုင်ဘူး။ သူဝန်ကြီး လုပ်တုန်းက သိမ်းထားတဲ့လယ်‌တွေ၊ဂရန်ထုတ်ပေးတာတွေနဲ့ အမှုတည်ဆောက်ပြီးအဂတိနဲ့စွဲထားတယ်” ဟု People’s Spring ၏ သတင်းရင်းမြစ်ကပြောသည်။

အခြားရင်းမြစ်တစ်ဦးကလည်း ဦးမြင့်လှိုင်အဖမ်းခံရခြင်းမှာ စစ်​ကောင်စီ​ခေါင်​ဆောင်ကိုဖြုတ်၍ အာဏာသိမ်းရန်ကြံစည်မှု​ကြောင့်ဖြစ်​ကြောင်း အတည်ပြုသည်။

လတ်တလောစစ်ဆေးမှုများအရ ဦးမြင့်လှိုင်သည် လယ်/ဆည်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်က ရန်ကုန်တိုင်းအတွင်း လယ်ဧက၁၀၀၀ ​ကျော် အား ၎င်း၏သားမက်အမည်ဖြင့် ပိုင်ဆိုင်ထားသည့်ဖြစ်စဉ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်တာဝန်ယူခဲ့စဥ် ဓနု နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ လယ်ယာမြေများကို အုပ်ချုပ်ရေးအဖွဲ့များနှင့်ပေါင်း၍ ဂရံထုတ်ပေးခဲ့သည့် ဖြစ်စဉ်များအတွက် အမှုဖွင့်ထားကြောင့်သိရသည်။

ထိုအပြင်၎င်း၏ နေအိမ်အားချိတ်ပိတ်ထားကြောင်းလည်း သတင်းရရှိသည်။

ဦးမြင့်လှိုင်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရလက်ထက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်တာဝန်ယူခဲ့သည်။ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ကိုယ်ရေးအရာရှိလုပ်ခဲ့ဖူးပြီး ဒုတိယဗိုလ်ချုပ်ကြီးတာဝန်ကို အသက်အငယ်ဆုံးဖြင့် ရရှိခဲ့သူဟုဆိုကာ တပ်တွင်း၌ သြဇာရှိသူဖြစ်ကြောင်း စစ်တပ်အရာရှိဟောင်းတစ်ဦးကပြောသည်။ စစ်တက္ကသိုလ်အပတ်စဉ်(၁၇) ဆင်းသူဖြစ်ပြီး ကြံ့ခိုင်ရေးပါတီလက်ရှိဥက္ကဌ ၊ဝန်ကြီးဟောင်းဦးခင်ရီနှင့် အပတ်စဉ်တူသည်။

အာဏာသိမ်းခေါင်းဆောင်သည် စစ်တက္ကသိုလ်အပါတ်စဉ်(၁၉)ဆင်းသူဖြစ်​၍ ဝန်ကြီးဟောင်းဦးမြင့်လှိုင်က မင်း​အောင်လှိုင်ထက် အပါတ်စဥ် ၂ ခုစီနီယာပိုကြသူဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင်အား ရာထူးမှာဖြုတ်ချရန် ၎င်းပြောကြားခဲ့သည်များကို ကြံ့ခိုင်ရေးပါတီဥက္ကဌဦးခင်ရီက စစ်ခေါင်းဆောင်သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဟုလည်း စစ်တပ်အသိုင်းအဝိုင်းက​ပြောဆို​နေကြသည်။

” ဗိုလ်ချုပ်မှူးကြီးက ကျန်တာရတယ်။ သူ့အာဏာကိုထိပါးလို့တော့ မရဘူး။ ဝန်ကြီးဦးမြင့်လှိုင်ကိုလည်း ပုဒ်မမျိုးစုံတပ်ပြီးတော့ ထောင်ထဲကိုထည့်မှာ” ဝန်ကြီးဟောင်းဦးမြင့်လှိုင်၏ တပည့်ဖြစ်ပြီး၊ ယခုအခါ လယ်ဆည်ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်နေသည့်အရာရှိတစ်ဦးကပြောသည်။

စစ်ကောင်စီခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် နာမည်အမျိုးမျိုးဖြင့်ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့တွင် စစ်တပ်မှအရာရှိဟောင်းများ ထည့်သွင်းဖွဲ့စည်းခဲ့ပြီး ၎င်းမလိုလားပါက ဖြုတ်ထုတ်သတ်လုပ်လေ့ရှိသူဖြစ်လည်းဖြစ်သည်။

အမြင်သာဆုံးမှာ ၎င်း၏တပည့်ရင်းဖြစ်ပြီး ၎င်းကိုယ်တိုင်ခန့်အပ်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ကိုလည်း​ကောင်း ၊ အာဏာအတူသိမ်းခဲ့သည့် ၎င်း၏လူရင်း ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့ကိုလည်း အဂတိမှုခေါင်းစဉ်ဖြင့်ဖမ်းဆီးပြီး ထောင်ထဲထည့်ထားသည်။ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည်ထောင်တစ်သက် တစ်ကျွန်းကျခံနေရခြင်းဖြစ်သည်။

ထို့အပြင် တရုတ်ကို​ကြောက်၍ ကျားဖြန့်လောင်းကစားနှင့်ပတ်သက်၍ တရုတ်ကအလိုရှိနေသည့် ၎င်း၏ သစ္စာခံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌနှင့် မိသားစုကို ဖမ်းဆီးပြီးတရုတ်လက်ထဲသို့ အပ်ခဲ့သူဖြစ်သည်။

ထိုလုပ်ရပ်များကြောင့် အာဏာသိမ်း​ခေါင်း​ဆောင်မှာ အာဏာနှင့်အကျိုးစီးပွားအတွက်လုပ်​ဖော်ကိုင်ဖက်နှင့် လက်အောက်ငယ်သားများပင်မညှာဘဲ ဇာတ်တူသားစားသူဟု စစ်ကောင်စီအသိုင်းအဝိုင်းနှင့်တပ်အသိုင်းအဝိုင်း၌ နာမည်ကြီးခဲ့သည်။ယခုအကြိမ်တွင်လည်း အာဏာသိမ်း​ခေါင်း​ဆောင်ကို ရာထူးမှဖယ်ရှားရန်ဆော်သြသည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းနှင့် ဝန်ကြီးဟောင်းဦးမြင့်လှိုင်၏ စကားက အရှိုက်ထိသွားစေခဲ့သည်ဟု နေပြည်တော်သတင်းရင်းမြစ်ကဆိုသည်။

တော်လှန်ရေးအင်အားစုများနှင့်တိုက်ခိုက်နေသည့်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအဖမ်းခံရခြင်း၊ အိမ်နီချင်းနိုင်ငံများသို့ ထွက်ပြေးခိုလှုံရခြင်း၊ နေပြည်တော်အထိ တိုက်ခိုက်ခံရခြင်းများက စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် အငြိမ်းစားအရာရှိများကြား၌ ထိတ်လန့်တုန်လှုပ်​​စေခဲ့သည်။ ထို​နောက် အာဏာသိမ်းခေါင်းဆောင်အ​ပေါ် ဝေဖန်ပြစ်တင်သံများ ပုန်းရှိုးကွယ်ရှိုးထွက်ပေါ်လာနေသည်။

” သူ့(ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) ကြောင့် ငါတို့ အကုန်ဒုက္ခရောက်တော့မယ်လို့ ဦးမြင့်လှိုင်က မူးပြီး ပြောချပစ်တာ” ဟု နေပြည်တော်သတင်းမြစ်ကဆိုပါသည်။

ယခုအ​ဖြစ်အပျက်များမတိုင်ခင် ဧပြီ ၄ရက် ၂ ရက်တွင် PDF များက ​နေပြည်​တော်ရှိ စစ်​ထောက်ချုပ်ရုံး ၊ ​အေလာ​​လေတပ်နှင့် အာဏာသိမ်း​ခေါင်း​ဆောင်အိမ်တို့ကို ကာမီကာဇေ အ​သေခံဒရုန်းများဖြင့်တိုက်ခိုက်ခဲ့သည်။စစ်​ကောင်စီတပ်က ​ဒရုန်းတိုက်ခိုက်မှုကိုအတည်ပြု​သော်လည်းထိခိုက်ပျက်စီးမှုမရှိဟုငြင်းဆိုသည်။​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်မှုတွင်​သေဆုံးထိခိုက်မှုရှိ​ကြောင်း​ပြောသည်။ထိုအပြင် ​​နေပြည်​တော်တိုက်ခိုက်မှုဖြစ်ပြီး၈ ရက် အကြာဧပြီ ၁၂ ရက်တွင် ​အေလာ​လေတပ်ကိုပင် ​ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခံရပြန်သည်။ ထိုတိုက်ခိုက်မှုတွငိ ​လေတပ်အရာရှိ ၅ ဦးအပါအဝင် ၁၇ဦး​သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ၊ ဖိုက်တာလေယဥ်နှစ်စီးနှင့်အဆိပ်ငွေ့ ဗုံးသိုလှောင်နေရာနှစ်ခုမီးလောင်ပျက်စီးခဲ့​ကြောင်းတိုက်ခိုက်ခဲ့သည့် Brave Warriors for Myanmar (BWM) မှတာဝန်ရှိသူက လူထု​​နွေဦးကို​ပြောသည်။

​နေပြည်​တော်ကိုဗဟိုပြု​သောတိုက်ခိုက်မှုများခပ်စိပ်စိပ်ဖြစ်ပွားပြီး​နောက် စစ်အုပ်စုကြားအကွဲအပြဲဇာတ်လမ်းများထွက်​ပေါ်လာခြင်းလည်းဖြစ်သည်။

လတ်တလောအတည်မပြုနိုင်​သေးသောသတင်းများအရဦးမြင့်လှိုင်နှင့် ဆက်စပ်ပြီး စစ်တပ်အငြိမ်းစား၊ကြံ့ခိုင်‌ရေးပါတီထိပ်ပိုင်းခေါင်းဆောင် ဘူးလက်လှဆွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးလိုက်သည်ဟု သတင်းများထွက်ပေါ်နေသည်။ ဘူးလက်လှဆွေသည် ဝန်ကြီးဟောင်းဦးမြင့်လှိုင်နှင့် ပုဂ္ဂိုလ်ရေးအလွန်ရင်းနှီးသူဖြစ်သည်။ ယ​နေ့ (ဧပြီ ၁၂) ရက်တွင် ​နေပြည်​တော်ရှိ ဘူးလက်လှ​ဆွေ၏ အိမ်ကို စစ်​ကောင်စီက စီးနင်းခဲ့​ကြောင်း သတင်းထွက်​ပေါ်လာပြီး People’s Spring ကအတည်ပြုနိုင်ရန် ကြိုးစား​နေဆဲဖြစ်ပါသည်။

သမ္မတဟောင်းဦးသိန်းစိန်လက်ထက် ​ဧရာဝတီတိုင်းတွင် တောင်သူလယ်သမားများနှင့် ​တွေ့ဆုံစဉ်လယ်သမားများအနေဖြင့် အစိုးရ၏ချေးငွေပြန်ဆပ်ရန်အတွက် ထမင်းတစ်နပ်လျှော့စားရန် ပြောကြားခဲ့၍ ထမင်းတစ်နှပ်စားဝန်ကြီးဦးမြင့်လှိုင်မှာ စစ်တပ်​ထောက်ခံသူများနှင့် စစ်​ဗိုလ်ချုပ်များကြားတွင် မင်း​အောင်လှိုင်ကို သ​ဘောမကျ​ကြောင်း​ပြောကြားသည့် ပထမဆုံးပုဂ္ဂိုလ်​တော့မဟုတ်ပါ။

၂၀၂၄ ဇန်နဝါရီ ၁၇ တွင်ပြည်ဦးလွင်မြို့တွင် ပြုလုပ်​သော စစ်တပ်​ထောက်ခံပွဲတွင် ဘာသာ​ရေးအစွန်း​ရောက်လည်းဖြစ် ၊စစ်တပ်​ထောက်ခံသူ သက်န်းဝတ် ​ပေါက်ကိုယ်​တော်က မင်း​အောင်လှိုင်ကို တပ်ချုပ်မှ အနားယူပြီး ဝန်ကြီးချုပ်သာလုပ်ရန် စင်​ပေါ်မှ​ဟော​ပြောခဲ့သည်။ထိုသို့​ပြောကြားပြီး​နောက် စစ်​ကောင်စီက ​ခေါ်​ဆောင်စစ်​ဆေးခဲ့​သော်လည်း ​ပေါက်ကိုယ်​တော်ကို​ထောင်ချခဲ့ခြင်းမရှိ​ပေ။ထိုစဥ်က ညီ​နောင်မဟာမိတ် ၃ ဖွဲ့ထိုးစစ်​ကြောင့် ရှမ်း​မြောက်တွင် စစ်အုပ်စုရှုံးပွဲဆက်​နေချိန်တွင်စစ်တပ်​ထောက်ခံပွဲလုပ်ခဲ့ခြင်းဖြစ်သည်။

​ပေါက်ကိုယ်​တော်က မင်း​အောင်လှိုင်အနားယူပြီး ဒုတပ်ချုပ် စိုးဝင်းက တပ်ချုပ်ရာထူးယူရန် ​ပြောကြားခဲ့ခြင်းဖြစ်သည်။ယခုအခါဒုတပ်ချုပ်မှာလည်း ​မော်လမြိုင်တွင်အစည်းအ​ဝေးလုပ်​နေစဥ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ဒဏ်ရာရခဲ့​ကြောင်းတိုက်ခိုက်ခဲ့​သောအဖွဲ့များက​ကြေညာသည်။ဧပြီလ ၉ရက်နေ့နှင့် ၁၀ရက်နေ့များတွင် ​မော်လမြိုင်ရှိ အ​ရှေ့​တောင်တျုင်းစစ်ဌာနချုပ် (ရတခ )အတွင်း စစ်ဆင်ရေးအထူးအစည်းအဝေးလုပ်နေစဥ် SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ကာမီကာဇေဒရုန်းများဖြင့် ၂ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဒုချုပ်မှာ ဒဏ်ရာရရှိခဲ့​ကြောင်း ALpha Bats ကအသိ​ပေးထားသည်။ ဒဏ်ရာမှပြင်းထန်း၍ ​နေပြည်​တော်မှရန်ကုန်ရှိ စစ်တပ်ပိုင် ကန်သာယာ​ဆေးရုံသို့​ပြောင်း​ရွေ့ကုသ​နေ​ကြောင်းသတင်းထွက်​ပေါ်​နေသည်။ထိုသတင်းကိုအတည်မပြုနိုင် သေး​သော်လည်း စစ်​ကောင်စီမီဒီယာများ​ပေါ်တွင်ဒုချုပ်​ပျောက်​နေသည်မှာ တစ်ပါတ်နီးပါးရှိပြီဖြစ်၏။

ယ​နေ့ည​နေ ထပ်မံရရှိ​သော​နောက်ဆက်တွဲသတင်းအရ အာဏာသိမ်းရန်ကြံစည်မှုတွင် မြင်လှိုင်သာမက ပြည်ထဲ​ရေးဒုဝန်ကြီး​ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး​အောင်စိုး နှင့် ကြံ့ဖွံ့ပါတီထိပ်ပိုင်းမှ သ​ဘောထားတင်းမာသူအချို့ကိုပါစစ်​ကောင်စီကဖမ်းဆီးစစ်​ဆေး​နေ​ပြီး ​နေပြည်​တော်တွင် ကိုယ့်အုပ်စု ၊သူ့အုပ်စုဘက်ခွဲကာအက်​ကြောင်းကြီးကာဂယက်ထ​နေ ကြောင်း ​နေပြည်​တော်မှသတင်းရင်းမြစ်အချို့က​ပြောသည်။ သတင်းကို အတည်ပြုရန် People’s Spring ကဆက်လက် စုံစမ်း​နေဆဲဖြစ်ပါသည်။

လတ်တ​လော ဒုချုပ်ဒရုန်းထိ​သောသတင်း ၊မြဝတီတိုက်ပွဲနှင့် စစ်အုပ်စုတွင်းအာဏာသိမ်းရန်ကြံစည်မှု သတင်းများထွက်လာချိန်တွင် စစ်​ကောင်စီက ​အောင်လ၏ အညှိအ​ဟောက် အသံဖိုင်တစ်ခုကို လိုင်း​ပေါ်တင်၍ ပြည်သူများကို အာရုံလွှဲခဲ့​ကြောင်း နိုင်ငံ​ရေးသတင်းများ​စောင့်ဖတ်​နေ​သောပြည်သူတစ်ဦးကလည်း​ပြောသည်။ ထိုအသံဖိုင်အ​ကြောင်းကို အနုပညာသတင်းများ၊အညှိအ​ဟောက်သတငိးများအသား​ပေး ​ဖော်ပြသည့် အနုပညာအမည်ခံ ဒစ်ဂျစ်တယ်ရုပ်သံမီဒီယာအချို့က အကျယ်တဝင့်​ဖော်ပြကာစစ်​ကောင်စီကိုကူညီ​နေ​ကြောင်း၎င်းကဆက်​ပြောသည်။

​နေပြည်​တော်တွင် ပြည်သူမသိ​စေလို​သောပြသာနာများဖြစ်ပွား​နေပြီးစစ်​ကောင်စီက သတင်းကိုဖုန်းအုပ်ရန်ကြိုးစား​နေ​ကြောင်းသတင်းရင်းမြစ်တစ်ဦးက​လည်း​ပြောသည်။

​နိုင်ငံ​ရေးကိုစိတ်ဝင်စားပြီး​တော်လှန်​ရေးတွင်ပါဝင်ကူညီ​နေ​သော ပြည်သူတစ်ဦးကလည်း”ဒီဖက်ကသာ(​တော်လှန်​ရေးအင်အားစုများဘက်) အချင်းချင်းငြိတာနဲ့အကုန်သိတာ။

ဟိုကောင်တွေ (စစ်အုပ်စု)ကအကုန်ဖုံးတာ”ဟုမှတ်ချက်ပြုသည်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ရုံးချုပ်၊ ​အေလာ​လေတပ် နှင့် အာဏာသိမ်း​ခေါင်း​ဆောင်၏ ​အိမ်တို့အား Kamikaze ဒရုန်း အစင်း ၃၀ ​ကျော်ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ​စစ်​ရေးသတင်းရင်းမြစ်က​ပြောသည်။

သတင်း

​တော်လှန်​ရေးအဖွဲ့များက ယခင်​နေပြည်​တော်ရှိ ​လေတပ်နှင့် စစ်​ရေးပစ်မှတ်များကို​ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခဲ့ဖူးသည်။ ဒရုန်းဖြင့် တိုက်ခိုက်မှုမှာ ပထမဆုံးဖြစ်သည်။

သတင်း

လွိုင်ကော်၊ ဒီးမော့ဆို နှင့် ရှားတောတို့တွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပြီး၊ မယ်စဲ့၊ ဖားဆောင်း နှင့် ရွာသစ်မြို့ နယ်များတွင် ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ နှင့် ဖယ်ခုံတို့တွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

လွန်ခဲ့သည့် သုံးလ ကစ၍ ကရင်နီ ဒေသ(အထူးသဖြင့် ပင်လောင်း၊ဖယ်ခုံ ဘက်)မှ မြေပြင် အင်အား ၁,၀၀၀ ကျော် အပြင် လေကြောင်းမှတဆင့် နေပြည်တော် ကို ကာကွယ်ရန် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်ခဲ့သည်ဟု ၎င်းက ပြောသည်။