Connect with us

Hi, what are you looking for?

အတွေးအမြင်

အာရှလမ်းမ​ပေါ်က အဆုံးအဖြတ်တိုက်ပွဲများ

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

(​ဒေါန​တောင်​ခြေတွင် ​အောင်​ဇေယျစစ်​ကြောင်းကိုတိုက်ခိုက်ပြီး ရုရှားထုတ်သံချပ်ကာကားကိုသိမ်းပိုက်ဖျက်ဆီးနေ​​သော​ကောဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Cobra Column)
(​ဒေါန​တောင်​ခြေတွင် ​အောင်​ဇေယျစစ်​ကြောင်းကိုတိုက်ခိုက်ပြီး ရုရှားထုတ်သံချပ်ကာကားကိုသိမ်းပိုက်ဖျက်ဆီးနေ​​သော​ကောဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Cobra Column)

ဒီပ/People’s Spring

မြဝတီ​၊ သဃ်န်းညီ​​နောင် ​ဒေသအတွက် အ​ရေးကြီးလှတဲ့ တိုက်ပွဲ​တွေ ဒီရက်တည်း အပြင်းအထန်ဖြစ်ပွား​နေပါတယ်။

မြဝတီမြို့က ​​​စစ်​ကောင်စီတပ်ရဲ့ ​ခြေလျင်တပ်ရင်း -၂၇၅ (ခလရ-၂၇၅ )နဲ့ မြို့​ပေါ်က​နေ KNLA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်​တွေက ပြန်ဆုတ်ခဲ့​တာ​ကြောင့် ပြည်သူတချို့က အားမလို အာမရနဲ့ ​ဝေဖန်ပြစ်တင် တာ​တွေလုပ်​နေတဲ့ အချိန်မှာ ​တော်လှန်​ရေးတပ်​​တွေက ​ဒေသတစ်ခုလုံးကိုအနာဂါတ်မှာ ဘယ်သူ စိုးမိုးနိုင်မလဲဆိုတာကို အဆုံးအဖြတ်​ပေးနိုင်တဲ့ တိုက်ပွဲ​တွေကို ဆင်နွှဲ​နေကြတာဖြစ်ပါတယ် ။

အင်အား​ထောင်ချီရှိပြီး သံချပ်ကာကား​တွေ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ​လေ​ကြောင်းပစ်ကူ​ပေး ချီတက်လာတဲ့ စစ်​ကောင်စီတပ် စစ်​ကြောင်းကို KNLA ၊ PDF စတဲ့​တော်လှန်​ရေးတပ်​တွေက မြဝတီ-​ကော့ကရိတ်ကြား အာရှလမ်း​ပေါ်မှအပြင်းအထန်ခုခံတိုက်ခိုက်​နေတဲ့တိုက်ပွဲ​တွေဖြစ်ပါတယ် ။ စစ်​ကောင်စီက နိုင်ငံ​တော်အဆင့်စစ်ဆင့်​ရေးလို့ဆိုပြီး “​အောင်​ဇေယျစစ်ဆင်​ရေး”လို့အမည်​ပေးထားတဲ့ စစ်​ကြောင်းဟာ ​တော်လှန်​ရေးတပ်​တွေရဲ့ ပိတ်ဆို့ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့်​သေဆုံးထိခိုက်သူများပြီး ​နှစ်ပါတ်​ကျော်ကြာတဲ့တိုင် ​​ဒေါန​တောင်​ခြေမှာ​​ရှေ့မတိုးနိုင်ဖြစ်ခဲ့ပါတယ် ။

Public Service Announcement

Public Service Announcement

(​ဒေါန​တောင်​ခြေတွင် ​အောင်​ဇေယျစစ်​ကြောင်းကိုတိုက်ခိုက်ပြီး ရုရှားထုတ်သံချပ်ကာကားကိုသိမ်းပိုက်ဖျက်ဆီးနေ​​သော​ကောဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Cobra Column)
(​ဒေါန​တောင်​ခြေတွင် ​အောင်​ဇေယျစစ်​ကြောင်းကိုတိုက်ခိုက်ပြီး ရုရှားထုတ်သံချပ်ကာကားကိုသိမ်းပိုက်ဖျက်ဆီးနေ​​သော​ကောဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Cobra Column)

စစ်​ကောင်စီအတွက်အာဏာ​သိမ်းပြီး​နောက်ပိုင်းအခုလို စစ်ဆင်​ရေးအမည်​တွေ ​ပေးပြီးစစ်​ကြောင်းထိုးတာ ပထမဆုံးအကြိမ်​တော့မဟုတ်ပါဘူး။၂၀၂၁ အောက်တိုဘာလ တုန်းက “အနော်ရထာစစ်ဆင်​ရေး”ဆိုပြီး စစ်ကိုင်းတိုင်း က​တော်လှန်​ရေးသမား​တွေကို စစ်ဆင်​ရေးပြုလုပ်ခဲ့ပါတယ် ။၂၀၂၂ နှစ်ဆန်းပိုင်းမှာလည်း ချင်းပြည်နယ်ကို အလောင်းဘုရား စစ်ဆင်ရေးဆိုပြီးထိုးစစ်ဆင်ပါတယ် ။ဒါ​ပေမယ့် စစ်​ကောင်စီရဲ့ စစ်ဆင်​ရေး နှစ်ခုစလုံးမ​​အောင်မြင်ခဲ့ပါဘူး ။ လက်နက်ခဲယမ်း မပြည့်စုံ​တဲ့ကြားက စစ်ကိုင်းနဲ့ ချင်း​တောင်က ​တော်လှန်​ရေးတပ်​တွေ​ပြောက်ကျားနည်းနဲ့ စစ်​ကောင်စီတပ်ကို ရဲရဲဝံ့ဝံတိုက်ခိုက်ခဲ့တာ​ကြောင့် အ​နော်ရထာ​ရော ၊အ​လောင်းဘုရား စစ်ဆင်​ရေးရော အထိနာခဲ့ပါတယ် ။

ဒီတစ်​ခေါက်​အောင်​ဇေယျစစ်စစ်​ကြောင်းဟာ နိုင်ငံတစ်ဝန်းရှုံးပွဲ​တွေဆက်ပြီးအင်အားပြုန်းတီး​နေတည​တောင်စစ်သား ၁၀ ​ယောက်​သေရင် ၁၀၀ ထပ်တက်ခိုင်းတဲ့ပုံစံမျိုး ထုနဲ့ ဖိတိုက်ပြီး ​ရှေ့တိုးနိုင်​အောင်ကြိုးစား​နေပါတယ် ။

ကရင်နယ်ခြား​စောင့်တပ်(BGF) အကူအညီနဲ့ မြဝတီ မြို့ကို ပြန်ရပြီလို့ စစ်​ကောင်စီက ​ကြွေး​ကြော်​နေ​ပေမယ့် မြဝတီ၊သဃ်န်းညီ​နောင်​ဒေသကိုနိုင်ငံ​တော်အဆင့်စစ်ဆင်​ရေးဆိုပြီး ​ စစ်ကူ​တွေပို့ဖို့ အသည်းအသန်လုပ်နေတာကို ကြည့်ရင် လက်ရှိဒီ​ဒေသကို ဘယ်သူက အမှန်တကယ်စိုးမိုးထားတာလဲ ဆိုတာသုံးသပ်နိုင်ပါတယ် ။ စစ်တပ်က မစိုးမိုးနိုင်​သေးလို့ သူတို့ဆုံးရှုံးထားတဲ့ စခန်း​တွေ ပြန်ရဖို့ လုံးပန်း​နေတာပါ ။ လက်ရှိ စစ်​ကောင်စီဟာ မြဝတီ ​ဒေသမှာ ခလရ (၂၇၅) ကအမှတ် (၂ )တံတားနားထွက်​ပြေးတဲ့ တိုက်ပွဲမှမ​သေပဲကျန်ခဲ့တဲ့ စစ်သား​တွေ ၊မြဝတီမြို့ ​ရှေ့တန်းရုံးကို​ရဟတ်ယာဥ်နဲ့ထပ်ပို့တဲ့စစ်သား​တွေနဲ့ စွယ်​တော်ကုန်း​ပေါ်က စစ်သားတချို့ပဲ ကျန်တာဖြစ်ပါတယ်။ ကျန် စစ်စခန်း​တွေအားလုံးဟာ​တော်လှန်​ရေးတပ်​တွေကပဲ သိမ်းပိုက်ထိန်းချုပ်ထားတာပါ။

(​ဒေါန​တောင်​ခြေတွင် ​အောင်​ဇေယျစစ်​ကြောင်းကိုတိုက်ခိုက်ပြီး ရုရှားထုတ်သံချပ်ကာကားကိုသိမ်းပိုက်ဖျက်ဆီးနေ​​သော​ကောဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Cobra Column)
(​ဒေါန​တောင်​ခြေတွင် ​အောင်​ဇေယျစစ်​ကြောင်းကိုတိုက်ခိုက်ပြီး ရုရှားထုတ်သံချပ်ကာကားကိုသိမ်းပိုက်ဖျက်ဆီးနေ​​သော​ကောဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Cobra Column)

ဒီ​​ဒေသမှာ အမြင့်ဆုံး​တောင်ဖြစ်တဲ့ လက်ခတ်​တောင်ကို ​​ကော်ဘရာစစ်​ကြောင်းကသိမ်းပိုက်စိုးမိုးထားတာဖြစ်ပါတယ် ။ ​ဒေသတွင်းစစ်​ရေးအရ အ​ရေးကြီးဆုံး ခမရ ၃၅၅ ၊ ၃၅၆ ၊၃၅၇ သဃ်န်းညီ​နောင် ဗျူဟာ ၊ ဖလူးစခန်း ၊ ကျိုက်ဒုံဗျူဟာ စတဲ့ စစ်စခန်း​တွေကိုလည်း မတ်လ ၇ ရက်မှာစတင်ခဲ့တဲ့ KNLA ၊ KNDO ၊ PDF ပူး​ပေါင်းတပ်​တွေရဲ့ထိုးစစ်မှာသိမ်းပိုက်ထားတာဖြစ်ပါတယ်။ ဒါ​ကြောင့် ခလရ(၂၇၅ )တပ်ရင်းကိုသာတိုက်ခိုက်သိမ်းပိုက်ပြီး​တော်လှန်​ရေးတပ်​တွေက ပြန်ဆုတ်ခဲ့​ပေမယ့် ကျန်စခန်း​တွေအားလုံးကို ဆက်လက်စိုးမိုးထိန်းချုပ်ထားတာဖြစ်ပါတယ် ။ ဒါ​ကြောင့်စစ်​ကောင်စီက ဒီစခန်း​တွေ ပြန်သိမ်းပိုက်ပြီး မြဝတီ ၊သဃ်န်းညီ​နောင်​ဒေသ ကိုစိုးမိုးချင်​နေတာဖြစ်ပါတယ် ။

မြဝတီမြို့​ပေါ်က ပြန်ဆုတ်​ပေးခဲ့လို့ အ​ရေးကြီးတဲ့​နေရာလက်လွှတ်ရတယ်လို့ ပြည်သူ​တွေ သုံးသပ်ကြ​ပေမယ့် မြဝတီ မြို့ဟာ ​တော်လှန်​ရေးတပ်​တွေ ခလရ (၂၇၅)တိုက်ခိုက်သိမ်းပိုက်ပြီး​တော့ မြို့လုံခြုံ​ရေးလုပ်ခဲ့တာကလည်း BGF တပ်​တွေဖြစ်ပါတယ် ။အခုလည်း မြဝတီမြို့ကို စိုးမိုးထားတာက BGF ​တွေပဲဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဇန်နဝါရီလက စပြီး BGF ဟာ စစ်​ကောင်စီဆီက လစာ၊ရိက္ခာခံစားခွင့်​တွေမယူ​တော့ပဲ သီးခြားရပ်တည်မယ်ဆိုခဲ့ပြီး အခုရက်ပိုင်းမှာ BGF ကစစ်တပ်နဲ့ ပြန်​ပေါင်းထုပ်တာဖြစ်ပါတယ်။ ဒါ​ပေမယ့် မြဝတီမြို့အ​ခြေအ​နေဟာအခုချိန်ထိ ဘာမှ​ပြောမရ​သေးပါဘူး။ တစ်နှစ်ကို ​ဒေါ်လာ သန်း ၂၀၀ ​လောက်ထိရတယ်ဆိုတဲ့ အွန်လိုင်းကျားဖြန့်လုပ်ငန်း​တွေ​နဲ့ ​ဗိုလ်မှူးကြီး​​စောချစ်သူရဲ့ BGF ဟာလတ်တ​လော မြဝတီမှာ အခရာအကျဆုံးဆိုရ​ပေမယ့် တရုတ်၊ ထိုင်း အပြင် အ​မေရီကန်ကပါ ကျားဖြန့်လုပ်ငန်း​တွေ​ကြောင့်​စောင့်ကြည့်​နေတာမို့ မြဝတီရဲ့ အနာဂါတ်က ဘာမှ​ပြောလို့မရ​သေးပါဘူး။

ဒီအချိန်မှာ ​တော်လှန်​ရေး​အောင်ပွဲရလိုတဲ့ပြည်သူ​တွေ အာရုံစိုက်ရမှာ ၊ရသမျှနည်းလမ်း​ပေါင်းစုံက​နေ အား​ပေးရမှာက အာရှလမ်း​ပေါ်မှာ ဖက်ဆစ်စစ်တပ်ကို တားဆီးတိုက်ပွဲဝင်​နေတဲ့ ​ရဲရင့်လှတဲ့ ​တော်လှန်​ရေးတပ်​တွေဖြစ်ပါတယ်။

မြဝတီမြို့ဖြစ်ရပ်အတွက် စိတ်မ​ကောင်းဖြစ်​နေတဲ့ပြည်သူ​တွေ​ရော ၊အရင်ကတည်းက KNU/KNLA နဲ့​တော်လှန်​ရေးတပ်​တွေအ​ပေါ် မကြိုက်သူ​တွေ​ရော ၊ စစ်​ကောင်စီဘက်က အ​ကောင့်တု​တွေကပါ ဒီရက်ပိုင်းမှာ လူမှုကွန်ယက်မီဒီယာမှာအ​ပြောများ​နေတာက ​တော်လှန်​ရေးအဖွဲ့​တွေအ​ပေါ် ​ဝေဖန်ပြစ်တင်မှု​တွေဖြစ်​နေပါတယ် ။ စေတနာနဲ့အားမလိုအားမရဖြစ်လို့ ​ဝေဖန်တဲ့ ပြည်သူ​တွေလည်းရှိပါတယ် ။ဒါ​ပေမယ့် ဒီအ​ခြေအ​နေကို အခွင့်​​ကောင်းယူပြီး အာဏာလုစစ်တပ်​ထောက်ခံသူ​တွေကပါ အ​ကောင့်တုမျိုးစုံနဲ့ သတင်းဌာန​တွေက မြဝတီ နဲ့ပတ်သပ်တဲ့သတင်း​တွေ​အောက်မှာ ​တော်လှန်​ရေးအဖွဲ့​တွေ မ​ကောင်း​ကြောင်းနဲ့ ပြည်သူ​တွေ စိတ်ဓါတ်ကျ​အောင် ​ပုံစံမျိုးစုံနဲ့ရေးသား​ပြောဆိုမှု​တွေကို အင်နဲ့အားနဲ့ ပိုလုပ်​နေကြတာလည်း​တွေ့ရပါတယ် ။

ဘယ်လိုအ​ခြေအ​နေမှာဖြစ်​နေ ဖြစ်​နေ လုပ်စရာရှိတဲ့အလုပ်ကို အ​ကောင်းဆုံး လုပ်​နေကြတာက​တော်လှန်​ရေးတပ်​တွေဖြစ်ပါတယ် ။ ဒါ​ကြောင့်လည်း ဧပြီ ၇ ရက်ဝန်းကျင်ကတည်းက ​မော်လမြိုင်က ဟိတ်ကြီး ဟန်ကြီးနဲ့ ထွက်လာတဲ့ ယာဥ်ယန္တရားအစုံပါတဲ့ စစ်တပ်စစ်​ကြောင့်ဟာ သုံးပါတ်​ကျော်တဲ့တိုင် ​မြဝတီကိုမ​ရောက်တာဖြစ်ပါတယ်။ အဲဒီစစ်​ကြောင်းကို ကျုံဒိုး မ​ရောက်ခင် ဂျိုင်းတံတားမှာ ​PDF ​တွေက ဧပြီ ၁၀ ရက်မှာ စတင်တိုက်ခိုက်ပါတယ် ။

ဒါ​ပေမယ့် လက်နက်ခဲယမ်းအင်အားများတာ​ကြောင့် စစ်​ကြောင်းကိုမတားဆီးနိုင်ပဲ ဧပြီ ၁၁ ရက်ညပိုင်းမှာ​ကော့ကရိတ်မြို့ကို​ရောက်ရှိလာပါတယ် ။​ကော့ကရိတ်မြို့နဲ့ ပတ်ဝန်းကျင်မှာတိုက်ပွဲ​တွေ အပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်စစ်​ကြောင်းကို ​ကော့ကရိတ်လမှာ ကျားဖြူစစ်​ကြောင်းကအဓိကခုခံတိုက်ခိုက်ခဲ့ပါတယ် ။ ​ကော့ကရိတ်မြို့အထိမြန်မြန်ဆန်ဆန်​ရောက်လာခဲ့​ပေမယ့် မြို့အထွက်က စပြီး စစ်​ကောင်စီတပ်အတွက် ကြီးမားတဲ့အတားအဆီး​တွေစကြုံရတာဖြစ်ပါတယ် ။

ဧပြီ ၁၂ရက်မှာ ကော့ကရိတ်မြို့အထွက်ရှိ ကော့နွဲ့ကျေးရွာတံတားမှာ တော်လှန်ရေးပူးပေါင်းတပ်​တွေရဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်တိုက်ခိုက်တာကြုံရပါတယ် ။ ​ကျိုး​နေတဲ့ကော့နွဲ့တံတားကို ယာယီတံတားထိုးဖြတ်ကူးနိုင်​ပေမယ့် အဲဒီနားမှာပဲ​တော်လှန်​ရေးတပ်​တွေရဲ့ ပြင်းထန်တဲ့ ခံစစ်​ကြောင့် စစ်တပ်ဟာ ​ဒေါန​တောင်​ခြေအ​နောက်ဘက်ခြမ်း တတန်းကူးကျေးရွာအနီးအရောက်မှာ အထိနာပြီး ရှေ့ဆက်မတိုးနိုင်တော့ဘဲ ရပ်တန့်နေတာဟာ ၁၈ ရက်ဝန်းကျင်ရှိ​နေပါပြီ ။ ​အောင်​ဇေယျ စစ်​ကြောင်းဟာ​တော်လှန်​ရေးတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် အင်အား ၁၀၀ ​ကျော်​သေဆုံးပြီး ရုရှားထုတ် သံချပ်ကာယာဥ်​တွေ ၊စစ်ကား​တွေ အပါအဝင် လက်နက်ခဲယမ်း​တွေ ဆုံးရှုံးခဲ့ပါတယ်။ ဒါ​ပေမယ့် အင်အားကိုထပ်ထပ်တိုးပြီး ​ရှေ့တိုးနိုင်​အောင်ကြိုးစား​နေတာမို့ အခုဆိုရင် ​အာရှလမ်း​ပေါ်ကအင်အား ၊​ကော့ကရိတ်မြို့ဝန်းကျင်ကအင်အား အားလုံး​ပေါင်းရင် တစ်​ထောင်​ကျော်နိုင်တယ်လို့တောင်ပိုင်းတိုင်း အမှတ်(၃၁) ဗျူဟာအောက်ရှိ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက သုံးသပ်ပါတယ် ။

(​ဒေါန​တောင်​ခြေတွင် ​အောင်​ဇေယျစစ်​ကြောင်းကိုတိုက်ခိုက်ပြီး ရုရှားထုတ်သံချပ်ကာကားကိုသိမ်းပိုက်ဖျက်ဆီးနေ​​သော​ကောဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Cobra Column)
(​ဒေါန​တောင်​ခြေတွင် ​အောင်​ဇေယျစစ်​ကြောင်းကိုတိုက်ခိုက်ပြီး ရုရှားထုတ်သံချပ်ကာကားကိုသိမ်းပိုက်ဖျက်ဆီးနေ​​သော​ကောဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Cobra Column)

အင်အားအများအပြားနဲ့ စစ်​ကြောင်းထိုးလာသလို ဂျက်ဖိုက်တာ​လေယာဥ် ၊Y-12 ​လေယာဥ် ​တွေနဲ့ အ​ပေါ်က အချိန်အများစု​ထောက်လှမ်းဗုံးကြဲ​နေ​ပေမယ့် ​တော်လှန်​ရေးတပ်​တွေက ဧပြီလရဲ့ပြင်းထန်တဲ့အပူချိန်​အောက်မှာ ​အောင်​ဇေယျစစ်​ကြောင်းကို အဆင့်ဆင့်ဖြတ်​တောက်တိုက်ပွဲဝင်​နေကြပါတယ် ။

ဒုတိယအာဏာသိမ်း​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် စစ်ဗျူဟာ ဦး​ဆောင်ချခဲ့တယ်ဆိုတဲ့ စစ်​ကောင်စီရဲ့ ​အောင်​ဇေယျ စစ်​ကြောင်း ဟာ အင်အားများသလို အ​လျော်အစားလည်းကြီးမှာဖြစ်ပါတယ်။

အခုကိုမြဝတီမြို့ကို စစ်​ကောင်စီ က မည်းပြီးထိုးစစ်ဆင်​နေချိန်မှာ ကချင်ပြည်နယ်မှာ ဆင်ဘိုမြို့ကို ဆုံးရှုံးရပြီဖြစ်သလို ၊ရခိုင်ပြည်နယ်မှာလည်း ​တောဟိန်း​တောင်ဗျူဟာအပါအဝင်အ​ရေးကြီးလှတဲ့ စစ်စခန်း​တွေ ဆက်တိုက်ဆုံးရှုံး​နေပါတယ် ။ဒီ​နေ့(ဧပြီ ၂၉ )ည​နေမှာပဲ ​တော်လှန်​ရေးတပ်​တွေက လ​ပေါင်းများစွာထိုးစစ်ဆင်တိုက်ခိုက်​နေတဲ့ မြို့တစ်မြို့ကို ​သိမ်းပိုက်နိုင်ပြီဖြစ်ပါတယ် ။မကြာခင်မှာသက်ဆိုင်ရာ​တော်လှန်​ရေးအဖွဲ့​တွေက ထုတ်ပြန်မှာဖြစ်ပါတယ်။

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

(​ဒေါန​တောင်​ခြေတွင် ​အောင်​ဇေယျစစ်​ကြောင်းကိုတိုက်ခိုက်ပြီး ရုရှားထုတ်သံချပ်ကာကားကိုသိမ်းပိုက်ဖျက်ဆီးနေ​​သော​ကောဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Cobra Column)

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ လွိုင်ကော်-ဆီဆိုင် လမ်းကို ပိတ်လိုက်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာ အမှတ် (၂) ကမတ်လ ၂၀ရက်​နေ့ရက်စွဲဖြင့်ကြေညာသည်။

ဆောင်းပါး

မတ်လ ၄ ရက် ညနေ ၄ နာရီဝန်းကျင်က တိတ်ဆိတ်ခြောက်ကပ်နေသော မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် နေပြည်တော်-မုံရွာ ခရီးသည်တင်ယာဥ် မှန်လုံယာဥ်တစီးသည် မုံရွာဘက်သို့ ဦးတည်ကာ မောင်းနှင်လာခဲ့သည်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ခိုအောင်းနေသည့်နေရာများအား ချေမှုန်းနေပြီး စစ်ကောင်စီက အင်အားဖြည့်တင်းပြီး လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

မန္တလေးတိုင်းဝန်ကြီးချုပ် ဟောင်းဦးမောင်ကို က သူလုပ်ခွင့်ရထားတဲ့ ဖယောင်းတောင်ရွှေလုပ်ကွက်ပြန်ရဖို့ ​စစ်​ကောင်စီကို လေယာဥ်ဆီဖိုးပါ​ပေး​ထား