Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီဝါဒဖြန့်ချန်နယ်များမှ အလောင်းတော်ကဿပနှင့် ပတ်သက်၍ သတင်းအမှားဖြန့်ချီ​နေမှုအ​ပေါ် ယင်းမာပင်ခရိုင်အမှတ်(၃၆)တပ်ရင်း ရှင်းလင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

အလောင်းတော်ကဿပနယ်မြေရှိ အဆောက်အအုံများ တောမီးကူးစက်ခြင်းမရှိစေရန် ဆောင်ရွက်နေစဥ်။ ဓါတ်ပုံ-ယင်းမာပင်ခရိုင်အမှတ်(၃၆)တပ်ရင်း
အလောင်းတော်ကဿပနယ်မြေရှိ အဆောက်အအုံများ တောမီးကူးစက်ခြင်းမရှိစေရန် ဆောင်ရွက်နေစဥ်။ ဓါတ်ပုံ-ယင်းမာပင်ခရိုင်အမှတ်(၃၆)တပ်ရင်း

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အလောင်းတော်ကဿပကျောက်ဂူ၌ ဘုရားဖူးပိတ်ထားချိန်မှစ၍ မည်သည့်ရွှေအမှုန်အစမှ မကျန်ရှိဘဲ ဘာသာရေးမှိုင်းတိုက်ကာ လိမ်လည်ရေးသားနေခြင်းဖြစ်ကြောင်း ယင်းမာပင်ခရိုင်အမှတ်(၃၆)တပ်ရင်းကရှင်းလင်းသည်။

Facebook လူမှုစာမျက်နှာ၌ MaungKhaing Winn အကောင့် နှင့် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် အလောင်းတော်ကဿပဘုရား ကိုဗစ်ကာလမတိုင်ခင် ဘုရားဖူးရာသီအစ ရွှေမှင်သုတ်မွန်းမံထားသော ရွှေရောင်ကျောက်တံခါးနှင့် ယခုကာလ သဘာဝအတိုင်းရှိနေသော သဘာဝကျောက်တံခါးပုံဟုဆိုကာ နှိုင်းယှဉ်ဖော်ပြပြီး PDF များက ရွှေများခွာယူခဲ့သယောင် ရေးသားထားခြင်းဖြစ်သည်။

အလောင်းတော်ကဿပနယ်မြေရှိ အဆောက်အအုံများ တောမီးကူးစက်ခြင်းမရှိစေရန် ဆောင်ရွက်နေစဥ်။ ဓါတ်ပုံ-ယင်းမာပင်ခရိုင်အမှတ်(၃၆)တပ်ရင်း
အလောင်းတော်ကဿပနယ်မြေရှိ အဆောက်အအုံများ တောမီးကူးစက်ခြင်းမရှိစေရန် ဆောင်ရွက်နေစဥ်။ ဓါတ်ပုံ-ယင်းမာပင်ခရိုင်အမှတ်(၃၆)တပ်ရင်း

ထို ရေးသားချက်များသည် ဘာသာရေးမှိုင်းတိုက်ပြီး အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လိမ်လည်ရေးသားထားခြင်းသာဖြစ်ကြောင်း ယင်းမာပင်ခရိုင်အမှတ်(၃၆)တပ်ရင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

အလောင်းတော်ကဿပဘုရားကျောက်ဂူသည် ယခင်ကတည်းက ဘုရားဖူးရာသီချိန်အစတွင် ကျောက်ဂူကို ရွှေမှင်သုတ်၍ကြည်ညိုဖွယ် မွမ်းမံပြီး ဘုရားဖူးရာသီချိန်အတွင်း ပြည်သူများမှ ကပ်လှူကြသော ရွှေသင်္ကန်းများကို ၃ ကြိမ်ခွဲကာ ဝါဂွမ်းများဖြင့်ပွတ်ယူပြီးသိမ်းဆည်းလေ့ရှိကြောင်း၊ သိမ်းဆည်းပြီး ရွှေသင်္ကန်းများကို အစိုးရအဆက်ဆက် ဘုရားဂေါပကအဖွဲ့များက အလောင်းတော်ကဿပ ရန်ပုံငွေအဖြစ် လေလံတင် ရောင်းချမြဲ ဖြစ်ကြောင်း ယင်းမာပင်ခရိုင်အမှတ်(၃၆)တပ်ရင်းက ရှင်းပြသည်။

အလောင်းတော်ကဿပ ကျောက်ဂူသည် မည်သည့်ရွှေအမှုန်အစမှ မကျန်ရှိဘဲ ဘုရားဖူးရာသီပြီး၍ ရွှေသင်္ကန်းအနည်းငယ်ကျန်ရှိပါကလည်း ရေတိုက်စားပြီး သဘာဝကျောက်သားအတိုင်းသာ ကျန်ရှိသည်ဟု သိရသည်။

အလောင်းတော်ကဿပဘုရားနယ်မြေကို ထိန်းသိမ်းစောင့်ရှောက်ရန် ယင်းမာပင်ခရိုင်အမှတ်(၃၆)တပ်ရင်းအား ဒေသတွင်းခေါင်းဆောင် ဗိုလ်သံမဏိက ညွှန်ကြားခဲ့၍ ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့မှစတင်ကာ တာဝန်ယူထားသည်။

အလောင်းတော်ကဿပနယ်မြေရှိ အဆောက်အအုံများ တောမီးကူးစက်ခြင်းမရှိစေရန် ဆောင်ရွက်နေစဥ်။ ဓါတ်ပုံ-ယင်းမာပင်ခရိုင်အမှတ်(၃၆)တပ်ရင်း
အလောင်းတော်ကဿပနယ်မြေရှိ အဆောက်အအုံများ တောမီးကူးစက်ခြင်းမရှိစေရန် ဆောင်ရွက်နေစဥ်။ ဓါတ်ပုံ-ယင်းမာပင်ခရိုင်အမှတ်(၃၆)တပ်ရင်း

ထိုသို့တာဝန်ယူခဲ့ပြီးနောက် နှစ်စဥ်နွေဦးရာသီတိုင်း တောမီးလောင်ပြီး ဘုရားဝန်းကျင်အဆောက်အဦးများ မီးမလောင်စေရန် ကာကွယ်ရှင်းလင်းခြင်း၊ အလောင်းတော်ဘုရားနှင်ပတ်သတ်သော ပြည်သူပိုင် စက်ပစ္စည်းများကို ထိန်းသိမ်းခြင်း၊ တပ်ရင်းတပ်ဖွဲ့များ ဘုရားဖူးလာလျှင် အဆင်ပြေရန် လမ်းများပြင်ဆင်ခြင်း၊ အလောင်းတော်ကဿပရုပ်ပွားတော်ကြီးအား လောဘသမားများ မလွန်ကျူးနိုင်ရန်ကာကွယ်ခြင်း စသည့်တာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း ယင်းမာပင်ခရိုင်အမှတ်(၃၆)တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့သည် အလောင်းတော်ကဿပဘုရားမှာအခြေစိုက်တာမဟုတ်ပါဘူး။ အဲဒီနဲ့အနီးဆုံးအခြေစိုက်တပ်ရင်းဖြစ်နေတာပါ။ အဲဒီအတွက် အလောင်းတော်ကဿပ နယ်မြေကိုထိန်းသိမ်းစောင့်ရှောက်ဖို့ ကျွဲကူးရေပါ ဆောင်ရွက်ရတာဖြစ်ပါတယ်။”ဟု ယင်းမာပင်ခရိုင် အမှတ်(၃၆) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက လူထု​နွေဦးသို့ ပြောသည်။

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

ယခုနှစ်ပွင့်လင်းရာသီတွင် တော်လှန်ဖော်၊ တော်လှန်ဖက် ရဲဘော်များ ဘုရားဖူးခွင့်တောင်းဆိုချက်များကို လိုက်လျောပြီး ခွင့်ပြုခဲ့ကြောင်း၊ ပြင်ပရုပ်ပွားတော်အား အခါမလပ်စောင့်ကြည့်ဖူးမြော်စေခဲ့သော်လည်း ခိုးယူစရာဘာမျှမရှိသည့် ကျောက်ဂူအား လွတ်လပ်စွာ လည်ပတ်ဖူးမြော်စေခဲ့ကြောင်း ယင်းမာပင်ခရိုင်အမှတ်(၃၆)တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီလော်ဘီချန်နယ်များတွင် သတင်းမှားများရေးသားခဲ့သည်ကို တွေ့ရစဥ်
စစ်ကောင်စီလော်ဘီချန်နယ်များတွင် သတင်းမှားများရေးသားခဲ့သည်ကို တွေ့ရစဥ်

ယင်းလွတ်လပ်ခွင့်အပေါ် အမြတ်ထုတ်ပြီး ဘုရား၊ ကျောက်ဂူနှင့် ပတ်သတ်၍ အကျိုးအကြောင်းမသိသော ပြည်သူများကို ဘာသာရေးမှိုင်းတိုက်၊ PDF များအပေါ် အယုံအကြည်ကင်းမဲ့စေရန် တမင်အပုတ်ချစွပ်စွဲ ဖော်ပြခြင်း ဖြစ်ကြောင်း ယင်းမာပင်ခရိုင်အမှတ်(၃၆)တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယခုအချိန်မှစ၍ အလောင်းတော်ကဿပဘုရားကို ဖူးမြော်လိုပါက တာဝန်ယူထားရသည့် တပ်ရင်း၏ စည်းကမ်းသတ်မှတ်ချက်များကို အပြည့်အဝလိုက်နာရန်နှင့် လိုက်နာခြင်းမရှိပါက ဘုရားသို့တက်ခွင့်၊ ဖူးမြော်ခွင့်အား ပိတ်ပင်မည်ဟု ယင်းမာပင်ခရိုင်အမှတ်(၃၆)တပ်ရင်းက အသိပေးထားသည်။

(အလောင်းတော်ကဿပနယ်မြေရှိ အဆောက်အအုံများ တောမီးကူးစက်ခြင်းမရှိစေရန် ဆောင်ရွက်နေစဥ်။ ဓါတ်ပုံ-ယင်းမာပင်ခရိုင်အမှတ်(၃၆)တပ်ရင်း နှင့် စစ်ကောင်စီလော်ဘီချန်နယ်များတွင် သတင်းမှားများရေးသားခဲ့သည်ကို တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။