▪︎ကရင်အမျိုးသားတပ်(KNA)အမှတ်(၁)အထူးလုံခြုံရေးတပ်ရင်း၊ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်နဲ့မေးမြန်းခန်း
မေး – မြဝတီမြို့ လက်ရှိအခြေအနေကို ရှင်းပြပေးပါလား။
ဖြေ – မြဝတီမြို့ လက်ရှိအခြေအနေက နောက်ဆုံး ခလရ ၂၇၅ မနေ့က ဆုတ်ခွာသွားတာပေါ့။ ဒီမတိုင်ခင်ကတည်းက DKBA ဘဝကတည်းက မြို့ကို လုံခြုံရေးလုပ်လာတယ်ဆိုတော့၊ မြို့လုံခြုံရေး၊ ပြည်သူလုံခြုံရေးကို ပုံမှန်အတိုင်း ဆက်သွားပြီးတော့ လုပ်နေတာပေါ့။ အဓိက မြို့ပေါ်မှာ၊ ပြည်သူတွေ ခြားထဲမှာ တိုက်ပွဲမဖြစ်ရေးအတွက် ထိန်းထိန်းသိမ်းသိမ်းလုပ်နေတာပေါ့။
မေး – လက်ရှိစစ်ကောင်စီ ယန္တရား၊ ဝန်ထမ်းတွေ ကိစ္စရော ဘယ်လို ဆက်သွားမလဲ။ အကြီးပိုင်းတွေတော့ ပြောင်းရွှေ့သွားပြီလို့ သိရတယ်။ ကျန်တဲ့စစ်ကောင်စီဝန်ထမ်းတွေက ဘယ်လိိုဆက်ရှိမလဲ။ အုပ်ချုပ်ရေးယန္တရားအစားထိုးဖို့ ဖြစ်နိုင်မလား။

Public Service Announcement
ဖြေ – အဲဒါကတော့ လက်ရှိအခြေအနေမှာ ဒီကိစ္စပြောဖို့ နည်းနည်းစောသေးတယ်။
မေး – မြဝတီိမြို့အတွက် စစ်ကောင်စီနဲ့ညှိနှိုင်းနေတဲ့အခြေအနေရှိလား။
ဖြေ – မြဝတီမြို့အတွက်တော့ တိုက်ပွဲမဖြစ်ရေး၊ မြို့ပေါ်မှာ တိုက်ပွဲတွေ မရှိရင် ဗုံးချတဲ့ကိစ္စတွေ မရှိတော့ဘူးပေါ့။ အဲဒီအတွက်တော့ စစ်ကောင်စီနဲ့ရော၊ ညီနောင်မိတ်ဖက်အဖွဲ့တွေနဲ့ရော ဆွေးနွေးတိုင်ပင်နေတာ ရှိပါတယ်။
မေး – ကရင့်လက်နက်ကိုင်အဖွဲ့တွေအကြား ဆွေးနွေးထားမှု ပြောပြနိုင်မလား။
ဖြေ – ရှိပါတယ်။ ကျွန်တော်တို့ ကရင်လက်နက်ကိုင် ၄ ဖွဲ့ရှိပါတယ်။ KNU ရှိမယ်။ မိခင် KNU ၊ လက်ရှိ BGF အသွင်ပြောင်း KNA ရှိမယ်။ PC ရှိမယ်။ နောက် DKBA ရှိမယ်။ ၄ ဖွဲ့ လူကြီးတွေကတော့ မကြာခဏတွေ့ဆုံပြီးတော့ လက်ရှိ ဒေသဖွံ့ဖြိုးရေးနဲ့၊ တည်ငြိမ်အေးချမ်းရေးအဲဒီအတွက် ဆွေးနွေးတိုင်ပင်နေတာ ရှိပါတယ်။
မေး – အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ပါဝင်မှုအခန်းကဏ္ဍပေါ့။
လက်ရှိ မြဝတီနဲ့ပတ်သက်ပြီး ထိုင်းအစိုးရနဲ့ စကားပြောဆိုနေတာ ရှိပါလား။ ထိုင်းဘက်က ဆွေးနွေးမှု ဘယ်လိုရှိပါလဲ။
ဖြေ – အခုလက်ရှိ အခြေအနေမှာ ထိုင်းအစိုးရဆိုတာထက် အနီးစပ်ဆုံး တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးရှိိမယ်၊ စစ်ဗျူဟာမှူးရှိမယ်။ သူတို့ကတော့ ကျွန်တော်တို့ အကြီးအကဲတွေဆီကို မကြာခဏတွေ့ဆုံပြီးတော့ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု တတ်နိုင်သလောက်ဝိုင်းကူညီနိုင်ဖို့၊ လက်ရှိမြဝတီမြို့ လက်ရှိလုံခြုံရေးကိုလည်း အကောင်းဆုံး မိတ်ဖက်ညီနောင်တွေနဲ့ တိုင်ပင်လုပ်ပေးနိုင်ဖို့ သူတို့တိုက်တွန်းတာပေါ့။
မေး – ထိုင်းဘက်ရဲ့ စိုးရိမ်မှု ဘာရှိမလဲ။
ဖြေ – သူတို့ဘက်က စိုးရိမ်မှုက နှစ်နိုင်ငံနယ်ခြားဖြစ်နေတဲ့အတွက်တော့ ဒေသမတည်ငြိမ််ရင် သူတို့ဘက်လည်း လှုပ်ခတ်မှုတွေရှိတာကိုး။ သူတို့လည်း ဖြစ်နိုင်ရင် တည်တည်ငြိိမ်ငြိမ်လေးဖြစ်စေချင်တာပေါ့။
မေး – လက်ရှိမြဝတီတိုက်ပွဲကြောင့် စစ်ရှောင်တွေ ဘယ်လောက်ရှိမလဲ။ သူတို့အတွက်ရော ဗိုလ်မှူးတို့ဘာတွေ လုပ်ဆောင်ပေးနေလဲ။
ဖြေ – ကျွန်တော်ထင်တာ စစ်ရှောင်က မြို့ရဲ့ သုံးချိုး တစ်ချိုးက ရှောင်သွားကြတယ်ထင်တယ်။ မြို့ပေါ်မှာ ကျွန်တော်ကင်းလှည့်ရင်း ကြည့်ရင် အိမ်တံခါးပိတ်ထားတာ တော်တော်များများတယ်။ စစ်ရှောင်က သူ့အစီအစဥ်နဲ့သူ သွားနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့က လုပ်ငန်းတာဝန်က ဒီမှာ ကျန်နေတဲ့သူတွေရဲ့ လုံခြုံမှုကိစ္စရယ်၊ ဘာလို့လဲဆိုတော့ နယ်စပ်မြို့ဖြစ်တော့ ဒုစရိုက်သမားတွေက တော်တော်များတယ်။ ပြီိးခဲ့တဲ့ရက်ပိုင်းကလည်း လော်တွေနဲ့ လိုက်ပြီးသတိပေးထားတာရှိတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ကိုင်တွယ်တဲ့ကာလမှာ ပြတ်ပြတ်သားသားဖော်ထုတ်ပြီး ကိုင်တွယ်မယ်လို့ ပြောထားတယ်။ ဒီမြို့ကနေ အမြန်ဆုံးထွက်ခွာဖို့လည်း ပြောထားတယ်။ အခုလည်း စစ်ဘေးရှောင်တွေ များတဲ့အခါကျတော့ အိုးအိမ်တွေ သော့ပိတ်ပြီး ရှောင်နေရတာများတာပေါ့။ များတော့ ဒီဥစ္စာကို သက်ဆိုင်ရာ ရပ်ကွက်ထဲက ရပ်မိိရပ်ဖတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေးလုပ်ပေးဖို့ အစီအမံတွေ ထပ်တိုးလုပ်ထားတာပေါ့။
မေး – မြဝတီမြို့ခံတွေကို ဘာသတင်းစကားပါးလိုပါလဲ။
ဖြေ – လက်ရှိအခြေအနေမှာ တအားကြီး စိုးရိမ်ထိတ်လန့်မှုပေါ့နော်။ ဒါက ကျွန်တော်တို့ နိုင်ငံသားတိိုင်းမှာ စိတ်တဇ တစ်ခုဖြစ်သွားပြီ။ အမြဲတမ်းစိုးရိမ်ကြောက်လန့်ပြီး စစ်ဆိုတဲ့အရာကလည်း ခဏလေးအတွင်း လူကိို သေစေတာလေ။ ခဏတဖြုတ်အတွင်း ကိုယ့်ရဲ့စည်းစိမ်တွေ ပျက်ဆီိးဆုံးရှုံးသွားတာဆိုတော့ အဲဒီလိိုမျိုးအနေအထားမှာ လူထုက ကြောက်လန့်တယ်ပေါ့။ အကြောက်တရားတစ်ခုအပေါ်မှာ လိိုင်းပေါ်မှာ တချိို့က ပုံကြီိးချဲ့ပြီး ခြောက်လှန့်တဲ့အခါကျတော့ ရှောင်နေရတာမျိိုးလည်းရှိတယ်။ နောက်ပြီး မကောင်းမှု ဒုစရိုက်လုပ်တဲ့သူတွေကလည်း ရပ်ကွက်ထဲမှာ လူတွေ ပိုပြေးအောင်၊ ပြေးမှာ သူတို့ အကွက်အကွင်းထဲ ဝင်မှာပေါ့။ အဲဒီလိုမျိိုး မဖြစ်အောင် ချင့်ချိန်ယုံစေချင်တာပေါ့။ သွားတာကလွယ်တယ်လေ။ ဒါပေမဲ့ သွားတဲ့အခါ စီးပွားရေးတွေကအစ အကုန်ထားခဲ့ရတော့ ဆုံးရှုံးမှုတွေ ဖြစ်တာပေါ့။
မေး – မြဝတီမြို့ပေါ်မှာ တိိုက်ပွဲဖြစ်လာနိုင်မလား။ လာမယ့် ရက်တွေအတွင်းမှာ…
ဖြေ – လတ်တလောအခြေအနေက ပြောဖို့ခက်တယ်။ ကျွန်တော်တို့က အကောင်းဆုံး ညှိနှိုင်းဆောင်ရွက်နေတာပေါ့။ မြို့ပေါ်မှာ တိိုက်ပွဲမဖြစ်ဖို့ပေါ့။ ရဟန်းသံဃာတွေ၊ မြို့မိမြို့ဖတော်တော်များများကလည်း မြို့ပေါ်မှာ တိုက်ပွဲဖြစ်မှာ တော်တော်စိုးရိမ်တယ်။ ဘာကို စိုးရိမ်လဲဆိုတော့ တိုက်ပွဲဖြစ်ပြီးရင် နောက်ဆက်တွဲဆိိုးကျိိုးတွေက အများကြီးရှိတယ်လေ။ အဲဒီလို မဖြစ်ဖို့ တင်ပြတောင်းဆိုတာတွေ ရှိတာပေါ့။
မေး – အမှတ်(၁) တံတားနဲ့ အမှတ်(၂) တံတား အခြေအနေနဲ့ပတ်သက်လို့ အခြေအနေ ဒီထက်ဆိုးလာရင် ဘယ်လိုဖြစ်လာနိုင်မလဲ။ ထိုင်းဘက်ကရော ပိတ်နိုင်ခြေရှိလား။
ဖြေ – ထိုင်းက ကျွန်တော်ကြည့်တဲ့အနေအထားတစ်ခုဆိုရင် သူက သူ့နိုင်ငံ လုံခြုံရေးနဲ့ပတ်သက်လို့ ထိခိုက်လာနိုင်တဲ့အနေအထားမျိုးရှိရင်တော့ ပိတ်ကောင်းပိတ်မှာပေါ့။ လက်ရှိမှာ ဒီဘက်မှာလည်း ဒေသတွင်း ပဋိပက္ခက အရေးပါတဲ့ ကိစ္စပဲ။ မြဝတီဘက်မှာ ဘာမှ ဆိုးဆိုးရွားရွားမဖြစ်တော့ ဖွင့်ထားမှာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်တို့နိုင်ငံထက် ထိုင်းရဲ့ဝင်ငွေက ပိုများတာကိိုး။ ဒါကြီး ပိတ်လိုက်ရင် သူ့အတွက် အများကြီးထိိခိုက်နိုင်တဲ့အနေအထားမျိုးလို့ သုံးသပ်လို့ရတယ်။ မြဝတီမြို့မှာ ကြီိးကြီးမားမားဖြစ်လာမယ်။ တံတားမှာ လည်ပတ်နေတဲ့ ကျွမ်းကျင် ဝန်ထမ်းတွေမရှိတော့ဘူးဆိုရင်တောာ့ သူ့ဘက်ကလည်း ပိတ်သွားမယ်လို့ ထင်ပါတယ်။
ကျေးဇူးတင်ပါတယ်။ ။
