Connect with us

Hi, what are you looking for?

Fact-Check

သံဘိုစခန်း စစ်ကောင်စီတပ် ပြန်သိမ်းယူနိုင်ပြီဆိုတဲ့ သတင်းမှား

မန္တလေး PDF နဲ့ တအာင်းတပ် (TNLA) တို့ သိမ်းယူထားတဲ့ ပြင်ဦးလွင် − မိုးကုတ်လမ်းပိုင်းက သံဘို တပ်စခန်းကိုပြန်သိမ်းလိုက်ပြီလို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က သတင်းဖြန့်နေပါတယ်။

သံဘိုစခန်းပြန်ရဖို့ နှစ်ရက်ဆက်တိုက် တိုက်ရပြီး TNLA တပ်တွေ ဆုတ်ခွာသွားသလို ၊ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကိုသယ်ယူသွားတဲ့ ကားတွေကို လည်း လေကြောင်းကနေ လိုက်လံတိုက်ခိုက် ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ် ချန်နယ် က ဇန်နဝါရီလ ၈ ရက်မှာ ဖော်ပြပါတယ်။

သံဘိုရွာစခန်း ပြန်ရပြီလို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ရဲ့ဖော်ပြပုံ

https://archive.ph/4bAcJ )

Public Service Announcement

Public Service Announcement

သံဘိုရွာ စခန်းဟာ စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်မြို့နဲ့ မိုင် ၂၀ ကျော်သာ ဝေးပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲမှာ တည်ရှိတာပါ။

ပြင်ဦးလွင် − မိုးကုတ်လမ်းပေါ်မှာရှိတဲ့ သံဘိုရွာမှာ ခြေကုပ်ယူ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မန္တလေး PDF နဲ့ တအောင်းတပ်(TNLA) တို့က ဇန်နဝါရီလ ၂ ရက်မှာစတင်တိုက်ခိုက်ပြီး နောက်ရက်မှာပဲ စခန်းသိမ်းနိုင်ခဲ့တာပါ။

သံဘိုရွာစခန်းသိမ်းတိုက်ပွဲသတင်း NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်

သံဘိုရွာစခန်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူတယ်ဆိုတဲ့သတင်းဟာ သတင်းမှားသာ ဖြစ်တယ်လို့ မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က People’s Spring သတင်းဌာနကို အတည်ပြုပါတယ်။

မန္တလေး PDF ရဲ့သတင်းထုတ်ပြန်ရေး ဖေ့ဘွတ်ခ်စာမျက်နှာလည်း သံဘိုစခန်းထဲမှာ တပ်စွဲနေရာယူပြီး စခန်းကို အပြည့်အဝ ထိန်းချုပ်ထားတယ်ဆိုတာကို ဇန်နဝါရီလ ၁၀ ရက်မှာ ရုပ်သံတင်ပြီး အသိပေးထားတာတွေ့ရပါတယ်။

သံဘိုစခန်းကို အပြည့်အဝ ထိန်းချုပ်ထားပုံ မန္တလေး PDF ရဲ့ ရုပ်သံဖေ့ဘွတ်ခ်လင့်ခ်

မန္တလေး PDF နဲ့ TNLA ဟာ သံဘိုစခန်း ကိုသိမ်းပြီးနောက် ပြင်ဦးလွင်ဘက်ဆီ ရှေ့ထက်တိုးလာပြီး ပြင်ဦးလွင် − မိုးကုတ်လမ်းပိုင်းက ကျောက်မဲလေးရွာ တပ်စခန်းကို ဇန်နဝါရီလ ၆ ရက်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

သံဘိုစခန်းနဲ့ ကျောက်မဲလေး စခန်းဟာ သုံးမိုင်သာသာပဲ ဝေးပါတယ်။

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

သူသေဆုံးသွားပြီဆိုတဲ့ သတင်းတွေကို ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက် စစ်ဆင်ရေး ကဏ္ဍတွေမှာ အဓိက ကြီးမှူး တာဝန်ယူနေသူ ထိုင်းစစ်နယ်မြေမှူးက ငြင်းဆိုခဲ့ပါတယ်။

Fact-Check

ရန်ကုန်မြို့ ၊ ပြင်ဦးလွင်မြို့ နဲ့ ရခိုင်ပြည်နယ်တို့မှာ မျောက်ကျောက်ရောဂါ သံသယလူနာတွေ တွေ့ရတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေမှုတွေ ဖေ့ဘွတ်ခ်နဲ့ တယ်လီဂရမ် လူမှုကွန်ရက်တွေမှာ အခုရက်ပိုင်းအတွင်း စတင် ပျံနှံ့နေပါတယ်။

Fact-Check

 သတင်းမှားတွေ လုပ်ကြံသတင်းတွေကို အတူတကွ ဖယ်ရှား၊ ရှင်းလင်းကြပါစို့  သတင်းမှားတွေ လုပ်ကြံသတင်းတွေဟာ ပြည်သူတွေရဲ့ နေစဥ်ဘဝနဲ့ လူမှုသဟာဇတ ဖြစ်မှုတွေအပေါ်များစွာ ထိခိုက်စေပါတယ်။ သတင်းမှားတွေ လုပ်ကြံသတင်းတွေကို စနစ်တကျဖြန့်ဝေနေသူတိုင်းကို နေ့စဥ်လူမှုဘဝတွေထဲကနေ တိုက်ထုတ်ဖယ်ရှားနိုင်ဖို့ အလွန်မှ အရေးကြီးတဲ့အချိန်လည်းဖြစ်ပါတယ်။ 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐒𝐩𝐫𝐢𝐧𝐠 သတင်းဌာနရဲ့ သတင်းတင်ဆက်သူ 𝑳𝒂𝒔𝒉𝒖...

Fact-Check

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်း အာဏာပိုင်တွေက အော်ပရာစီရာမှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတာဟာ စစ်ကောင်စီ ဆီအခွန်ဆောင်တဲ့အတွက် NUG က မလေး ရဲ ကို သတင်းပေးလိုက်တာကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီအာဘော် တယ်လီဂရမ်ချန်နယ်က သတင်းဖြန့်ဝေနေပါတယ်။ အဲဒီသတင်းကို ” မှိုင်းဝေ” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာလ...