Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

“လေယာဉ်သံတော်ဆိုပြီးတော့ ဘာမှ ကို မလုပ်လိုက်ရပါဘူးကွယ်။ ၀ုန်းကနဲဆိုကျလာတာ။ ကျတဲ့အကျမှာ အကုန်လုံးတစ်ခါတည်းမှန်ပြီးတော့ အကုန်သေတာပါပဲကွယ်။ အဖွားတစ်ယောက်တည်း ကျန်တာပါ။ မရှုမလှတွေချည်းတည်းပါကွယ် သေလိုက်တာမှ။ မျက်နှာပျက်သွားတဲ့သူနဲ့ အဖွားလည်း အရူးမကြီးကျလို့။ ဘယ်မောင်မှလည်း ကောက်မကိုင်ရ၊ ညီမကောက်မကိုင်နိုင် မောင်ကောက်မကိုင်နိုင်။ မောင်နှမ ငါးယောက်လုံး”

စစ်​ကောင်စီက ဇွန် ၂၇ ရက်ည​နေ ၃ နာရီဝန်းကျင်မှာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊​​ညောင်ကုန်းရွာကို တိုက်ပွဲလည်းမရှိ ၊PDF ​တွေလည်းမရှိဘဲ တိုက်​လေယာဥ်တစ်စီးနဲ့ ဗုံးကျဲပြီးပစ်ခတ်တာကြောင့် ​ပြည်သူ ၁၃ ဦးသေဆုံးပြီး​တော့ ရဟန်းတစ်ပါး ပျံလွန်​တော်မူခဲ့ပါတယ်။

-မောင်အရင်း ၄ဦး ၊ညီမအရင်း ၁ဦးအပါအဝင် မိသားစုဝင် ၇ဦးဆုံးရှုံးခဲ့ရတဲ့​ညောင်ကုန်းရွာမှပြည်သူ

▪စစ်​ကောင်စီက​လေယာဥ်နဲ့ဗုံးကျဲလို့မိသားစုဝင်​တွေ ဆုံးရှုံးခဲ့ရတဲ့​ညောင်ကုန်းရွာက ပြည်သူ​တွေရဲ့အဖြစ်ဆိုးကြီးအ​ကြောင်း​ပြောပြချက်

ဒါအပြင် ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူ​ ၁၂ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး​တော့ ၂ ဦးက ဒဏ်ရာပြင်းထန်ပါတယ်။ တိုက်ပွဲလည်းမရှိ ၊PDF လည်းမရှိ ၊ရွာမှာ အစည်းအ​ဝေးလုပ်​နေတာမျိုးလည်းမရှိပဲ ဒီတိုင်းပြည်သူ​တွေ ​နေထိုင်သွားလာလှုပ်ရှား​နေကြတာကို စစ်​ကောင်စီက ဂျက်တိုက်​လေယာဥ်နဲ့ ဗုံးကျဲတာဟာ ပြည်သူ​တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာလို့ ပြည်သူ​တွေက​ပြောပါတယ်။

အာဏာသိမ်းစစ်​ကောင်စီ​လေယာဥ်နဲ့ ဗုံးကျဲတာကိုကိုယ်​တွေ့ ကြုံခဲ့ရပြီး မိသားစုဝင်​တွေဆုံးရှုံးခဲ့ရတဲ့ ​ညောင်တုန်းရွာက ပြည်သူ​တွေကသူတို့ကြုံခဲ့ရတဲ့ အဖြစ်ဆိုးကြီးအ​ကြောင်းရင်ဖွင့်ထားကြပါတယ်။

● မောင်အရင်း ၄ဦး နဲ့ ညီမအရင်း ၁ဦးအပါအဝင် မိသားစုဝင် ၇ဦးဆုံးရှုံးခဲ့ရတဲ့ ​ညောင်ကုန်းရွာမှ အဘွား

“မောင်လေးကအရှေ့ဖျားကထိုင်တာ။အဘွားကဒီအနောက်ဖျားကထိုင်တာ ။ အဲဒီ ဦးပဇင်းက တောင်ဘက်တန်းလျားခုံကို အနောက်ဖျားက ထိုင်တယ်။ သူ့ရဲ့ညီလေးက အရှေ့ဖျားက ထိုင်တယ်။ မောင်လေးတစ်ယောက်က အဘွားရဲ့နောက်ကျောနားလေးက မတ်တပ်ရပ်တယ်။ ညီမလေးတစ်ယောက်က ဒီလို တိုင်နားလေးမယ် ထိုင်ပြီး နှီးထိုးနေတာ။ အဲဒါ လေယာဉ်သံတော် လေယာဉ်သံတော်ဆိုပြီးတော့ ဘာမှ ကို မလုပ်လိုက်ရပါဘူးကွယ်။ ၀ုန်းကနဲဆိုကျလာတာ။ ကျတဲ့အကျမှာ အကုန်လုံးတစ်ခါတည်းမှန်ပြီးတော့ အကုန်သေတာပါပဲကွယ်။ အဖွားတစ်ယောက်တည်းကျန်တာပါ။မရှုမလှတွေချည်းတည်းပါကွယ် သေလိုက်တာမှ။ မျက်နှာပျက်သွားတဲ့သူနဲ့ အဖွားလည်း အရူးမကြီးကျလို့။ ဘယ်မောင်မှလည်း ကောက်မကိုင်ရ၊ ညီမကောက်မကိုင်နိုင် မောင်ကောက်မကိုင်နိုင်။ မောင်နှမ ငါးယောက်လုံး။ ဟိုဦးလေးကြီးက မီးလောင်မယ်လုပ်တော့ မီးတွေထဲကို သွားပြီးဆွဲရ။နွားတွေကလည်း အိမ်ရှေ့မှာ သုံးကောင်စလုံးသေပါတယ်ကွယ်။ အဘွားတစ်ယောက်တည်းပဲ ကျန်ပါတယ်ကွယ်။အိမ်မိသားစု ၆ယောက်ပေါ့ကွာ။ အခုလောလောဆယ် ။ ဦးဇင်းကြွလာလို့မို့လို့ ဦးဇင်းကို ထိုင်ပြီးတော့ အအေးတွေကပ်၊ ဂျင်းသုပ်တွေကပ် ကပ်ပြီးမှ ထိုင်ပြီးတော့စကားပြောနေကြတာ။မောင်နှမ နှစ်ယောက်က အရင်ပေါ့။ ပြောပြီးခါမှ သူတို့ကရောက်ရောက်လာကြတာပေါ့ အငယ်တွေက။ နွားနဲ့နွားစာတိုက်သွားတာ ကလည်း ပြန်အလာနွားတွေချည်ပြီးခါရှိသေးတယ် ငါ့အနောက်က အရပ်။ အဲဒါ ဘယ်လိုမှကို ရှောင်စရာလည်းမလို တိမ်းစရာလည်းမလို ဖြစ်သွားတာပါကွာ။ ခါတိုင်းဆိုရင် လေယာဉ်လာတယ်ဆိုရင် တို့ချောင်ကလူတွေက ထွက်ထွက်ကြည့်ကြတာ မကြောက်မရွံ့ထွက်ထွက်ကြည့်ကြလွန်းလို့ ပြောရတာ။ ဒီတစ်ခါတော့ ထွက်ကြည့်ချိန်လည်း မရှိပါဘူး ဘာမှကိုမရှိပါဘူး လာတဲ့ပြီး ၀ုန်းကနဲဆို ချသွားတဲ့အသံပဲကြားရတာပါ။ အဖွားက မျက်စိလေးစုံမိတ်ပြီး တော့ ထားရတာပေါ့ကွာ။ ဘာမှကိုမမြင်ရပါဘူး။ ဖွင့်လို့လည်းမရပါဘူး။ ဖွင့်ကြည့်လို့လည်းမရပါဘူး။ ဦးဇင်းက ဘုရားဘုရားဘုရားဘုရားနဲ့တော့ အတန်တန်တတယ်ကွ။ ငါ့မောင်လေးကတော့ တကို တလိုက်နိုင်တယ်မထင်ပါဘူး ဟိုဟာတွေက တခါတည်းပြုတ်ထွက်တာပါပဲ။ အဲဒါအဖြစ်မှန်ပါပဲငါ့တူတို့ရယ်။

Public Service Announcement

Public Service Announcement

လုပ်ချလိုက်တာ သူတို့က ရက်ရက်စက်စက်လုပ်လည်းလုပ်ရပ်ကြပါတယ်။ လုပ်ရက်လိုက်ကြတာ။ ကိုယ်ချင်းမစာမနာ ဘာအပြစ်ရှိလို့တုန်းကွာ။ ဘာမှအပြစ်မရှိဘူး။ ဦးဇင်းဆိုရင် ရွာအလယ်ကြွလာတာပါကွာ။ငါ့မောင်ကြီးဆိုရင်အလယ်ကြွလာတာ။ ပြန်ရအောင်လို့ အလှူလေးရှိလို့ အလှူလေးပြီးအောင် နေပါအုံးကွာလို့ ဘုန်းကြီးက တားလို့မို့လို့ နေရှာတာ။ ငါ့မောင် အတူတူလာပြီး အသေခံပြန်လာရသလိုပါပဲ သူ့ခမျာ။ ကလေးမြို့ကျောင်းနေတာပါ။ သူကအကို ကျန်းမာရေးမကောင်းလို့ အဲဒီကျောင်းက ခေါ်ထားတာ နေတာ။ နယ်ပြန်လာတာ။ သူကလည်း ပြန်ချင်လိုက်တာ ငါက မလာခဲ့နဲ့ မလာခဲ့နဲ့လို့ ပြောတော့ ညီမလုပ်တဲ့သူက ခေါ်လိုက်ပါတဲ့ ဦးဇင်းကိုတဲ့။ဦးဇင်းဒီလောက်လာချင်နေတာကို မမက ဘာလို့ မလာခဲ့နဲ့လို့ပြောတာတုန်းဆိုတော့ လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ပါအေ လမ်းတစ်ခုခု ဖြစ်မှာစိုးလို့ အခု လမ်းမဟုတ်ပါဘူးကွယ် အိမ်ကျမှ ဖြစ်သွားတာပါကွယ်ငါ့မောင်ကြီးမယ်။ မရှုမလှပါကွယ်။ အဖွားကြည့်ရတာ မရှုမလှပါ။ သူတို့ဘာလို့ ဒီလိုလုပ်ရက်ကြတာလဲမသိပါဘူး။ ဘာမှလည်းအပြစ်မရှိပါဘူး ကွယ်။ ရွာကလည်း အပြစ်မရှိပါဘူးကွယ် တို့ရွာက။ ဘယ်သူပဲလာလာ ဘယ်ရွာကလာလာ ဘာတွေပဲလာလာ တို့ရွာက ကြွေးကြမွေးကြ၊ ထွက်ပြေးလည်း အကုန်ပြေးကြပေမယ့်လို့ ကျန်သင့်သလောက်ကျန် ချန်သင့်သလောက်ချန်ပြီးမှပြေးကြတာပါ။ သူများတကာ လာရင် စားဖို့ သောက်ဖို့ဆိုပြီး။ တို့ရွာက အပြစ်ကိုမရှိပါဘူးကွာ။ သပ်သပ်မဲ့ကွာ ကျောင်းဆိုဘာမှ ရစရာမရှိတော့ပါဘူးကွယ်။

ဒီကျောင်းဆို။ ကျောင်းလည်းဘာမှ မပြစ်မရှိပါဘူး။ ဦးဇင်းလေးဆို ဘာမှ မပြစ်မရှိသေးပါဘူး။ ဦးဇင်းလေးက ငယ်ငယ်လေးပဲရှိသေးတယ်။ နှစ်ဝါ တောင်မရသေးပါဘူး။ ဒီနှစ်ဝါမှ နှစ်ဝါရမှာ။ အဲဒါအဖြစ်အပျက်အမှန်ပါပဲ။ နောက်တစ်

ခါပြန်ကျတော့လည်း ငါ့တူမလေးကလည်း အိမ်ရှေ့ပက်လက်ကလေး။ အနောက်နားက မောင်ကလည်း ဘယ်မှလည်း မရွေ့နိုင်တော့ကျတော့ သူကလည်း မီးထဲပါသွားတယ်။ ညီမ ယောက်ကျားတစ်ယောက်ကတော့ အနောက်အိမ်ထဲ ဘယ်လိုသေနေကြောင်းလည်းမသိဘူးတဲ့သူကတော့ ပေါင်မှန်တာဆိုလား။ သေတာ ၇ယောက်သေတာ။အရီးတို့ ၇ ယောက်သေတယ်။ အရီးညီမနဲ့မောင် ၅ယောက်သေတယ်။အရီးတော့ အရူးမကြီးကျလို့ပေါ့။ ဟိုမောင် ပွေ့ရမလား ဒီမောင် ကောက်ရမလား။ ဟိုလူ့ကြည့်လိုက်ပြန်တော့လည်း သွေးနဲ့စက်လက်၊ ဒီမောင်ကြည့်လိုက်တော့လည်း သွေးနဲ့ရဲရဲ သွေးအိုက်ဗွက်ထဲသေကြတာပါကွယ်။ ကယ်မယ့်သူကလည်းခေါ်လို့ မလာနိုင်ပါဘူး။ သူတို့လည်း မီးတွေ ငြှိမ်းပြီးကာမှ လာကြရရှာတာပါ။ မီးတွေသတ်ပြီးကာမှ။ ငါ့တူလေးကတော့ တစ်ယောက်တည်း ပြေးလာပြီးတော့ ကောက်ပါတယ်ကွယ် ဖအေကောက်လိုက် ၊၀ရီးတွေကောက်လိုက် အရီးကောက်လိုက်။ သူတို့ရက်စက်တယ်ကိုးလို့ပဲအောက်မေ့ပါတယ်”။

●မိသားစုဝင် ၅ဦးအသက်ဆုံးရှုံးခဲ့ရတဲ့ညောင်ကုန်းရွာခံ အမျိုးသား

ညီအကိုငါးယောက် ရေနွေးသောက်နေကြတာ။ ယောက်ဖလေးယောက် ခယ်မ တစ်ယောက် ပေါ့။ အဲဒီလို ရေနွေးသောက်နေတာကို ကျနော်လည်း ဒီဘက်လှည့်ပြီး ကုလားထိုင်လေးပေါ်ထိုင်နေပြီးဟာပြင်းပါတယ်လေဆိုပြီးအနောက်ပိုင်း ထွက်သွားတာခင်ဗျ။ အနောက်ပိုင်းထွက်သွားတဲ့အခါ ကျတော့ ကြာဇံဟင်းသောက်နေတာပေါ့ မွေးနေ့ပွဲ။ အဲဒါကနေ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့လာတဲ့ပြီးတော့ ဗုံးသီးတွေ ကြဲသွားတာ ၀ုန်းဒိုင်းဆို ကျနော် အဲဒီ ကျနော်တို့ နေတဲ့အိမ်ကနေ ကုတင်အောက်ကို ဝင်ပုန်းနေရသေးတယ်။ ဝင်ပုန်းပြီး သူတို့ ငြိမ်သွားတဲ့အခါ ကျတော် ထွက်လာတယ်။ ထွက်လာတဲ့အခါ ကျနော်အိမ်လည်း ပျက်စီးသွားတယ်။ ပျက်စီးတဲ့အပြင် အဲဒီအထဲ သွားကြည့်တဲ့အခါ အလောင်း လေးလောင်းနဲ့ ဒဏ်ရာရနေတဲ့ မိန်းကလေးတစ်ယောက်တွေ့ပါတယ်။ အဲဒီ အလောင်းလေးလောင်းက ကျနော့်ယောက်ဖတွေပါ။ ဒဏ်ရာရတာက ကျနော့်ခယ်မ ။ အဲဒီမှာ သူ့ကို အရင်ပွေ့ပြီးထုတ်ခဲ့ရပါတယ်။ ထုပ်ရင်းမတ်တပ် ရေရေနဲ့ တောင်းရင်းမတ်တပ်ကနေ ကျနော့်လက်ပေါ်တင်ဆုံးရှုံးသွားပါတယ်ခင်ဗျ။ ရွာမှာလည်း မီးလောင်တာလည်း ၁၃ အိမ်လောင်ပါတယ်။ ရွာသားတွေ မသတ်ဘူးဆိုရင် တစ်ရွာလုံးလောင်နိုင်တဲ့အဆင့်ရှိပါတယ်။တောင် တစ်ချောင် ပျက်စီးသွားပါတယ်။ ဓမ္မာရုံ ဘုရားခန်း အကုန်လုံးပျက်စီးပါတယ်။ စေတီတွေရောတောင်ပျက်စီးပါတယ်ဟိုဘက်မှာ။

●သမီးနဲ့မောင်ဖြစ်သူအသက်ဆုံးရှုံးခဲ့ရတဲ့ညောင်ကုန်းရွာမှ မိခင်တစ်ဦး

ငါရေချိုးမယ်လို့သွားတော့ ငါက သမီးအင်္ကျီ အဝတ်လျှော်နေတာ။ လျှော်ပြီး အဝတ်လှမ်းပြီးတော့ မဟန်နီဇော်နဲ့ ဟိုဟာတို့က သူ့လုပ်ငန်းသူလုပ်နေကြတာပေါ့ကွာ။ သူ့လုပ်ငန်းသူ စားပွဲလေးနဲ့ တန်းလျားလေးနဲ့ တူ၀ရီးနှစ်ယောက် မယဉ်တင့်နဲ့ ဟန်နီဇော်က သူ့လုပ်ငန်းသူ လုပ်နေကြတာ။ အဲဒီလိုလုပ်နေရင်း ငါကတောင်လှည့်ကြည့်တော့ ဟော်တော်လေယာဉ်ကြီးတော့။ သိပ်လည်း မကြားရဘူးလေ။ အဲဒီလို လှည့်ပြီး‌ နောက်ဆုတ်တဲ့အချိန်မှာတိုက်လေယာဉ်က ဗုံးချတော့တာပဲ။ချပြီးတော့ ဟောဗျာ ငါ့တူမလေး လုပ်ပါအုံး ငါ့တူမလေးလုပ်ပါအုံးတဲ့ ကျမညီမက ပြောတာပေါ့။ ကျမညီမက အဲဒီလို ပြောတဲ့အခါကျတော့ သူ့မှာ ဘယ်တူမကြောင်းလဲမသိဘူး။ ကိုယ်ကမဟန်နီဇော်သမီးကိုလည်း မမြင်သေးဘူး။မမြင်တော့ကျတော့ ဒါနဲ့ ကိုကျော်မိုးက ငါ့တော့ ထိပြီငါ့တော့ထိပြီ ငါ့ပေါင်ထိပြီ ငါမသွားနိုင်တော့ဘူး အဲဒီလိုပြောတာ။ ပြောတော့ကျတော့ အမ၊ အမ ခင်ဗျားသားအငယ် ကျုပ်ညီကတော့ ဆုံးပြီဗျာ အသက်မရှိတော့ဘူးတဲ့။ ကျုပ်ကိုတွဲအုံးတွဲအုံးတဲ့။ကျုပ်ကျောင်းထဲပို့ကျောင်းထဲပို့ဆိုတော့ ဒါနဲ့ဆွဲခေါ်ကြတာ။ တို့အမေကလည်းဘာမှ မဖြစ်ဘူး။ ငါလည်း ဘာမှ မဖြစ်ဘူး။မမလည်း ဘာမှ မဖြစ်ဘူး။ ဒီကလေး ၁၀နှစ်သမီးကလည်း ဘာမှ မဖြစ်ဘူးပေါ့ကွာ။ ဖြစ်တာက ငါ့ညီမ အငယ်ဆုံး မယဉ်တင့်က ဒူးကို ခွဲစိတ်နေတယ်လို့ ပြောတာပဲ။ အကိုကြီးကတော့ ဆေးရုံမှာပဲ။

သမီးကတော့ ငါဆွဲကို ထုတ်ရတာ။ ဒီလို စားပွဲကြီးကိုကန်ပြီးတော့ မနိုင့်တနိုင်နဲ့ ဆွဲပြီး ငါ့သမီး မီးထဲမပါအောင် (ငိုလျက်) အဲဒီလိုမျိုးဆွဲထုတ်ပြီးတော့ ငါ့သမီးကို ရုပ်လှအောင်ယူခဲ့ရတာကွယ်။ ငါ့မောင်လေးက မဆွဲနိုင်လို့ အဲဒီမီးထဲပါသွားရှာတယ်ကွ။ သူကတော့ ချက်ချင်းပဲ လက်နက်ကြီးမှန်ပြီးသေသွားရှာတယ်။ ငါ့သမီးက ၁၉ နှစ်ရှိသေးတယ်။ ငါ့တစ်ဦးတည်းသောသမီးကွဲ့။ အမေတစ်ခု သမီးတစ်ခုနေတာ။ တအားလည်း လိမ္မာတယ်။ ရုပ်ကလည်း ချောတယ်။ ဆံပင်လေးလည်းကောင်းတယ်ကွဲ့။ ဘုန်းကြီးကန်ရောက်တော့ အသက်မရှိတော့ပါဘူး။ ဒါပဲပြောချင်ပါတယ်ကွယ်။

စစ်ကောင်စီ အမြန်ဆုံးကျရှုံးပါစေ၊ အမြန်ဆုံးပျောက်ကွယ်ပါစေ ဆုတောင်းပါတယ်ကွယ်။မင်းအောင်လှိုင်ကြီးကိုလည်းအမြန်ဆုံး ငရဲကခေါ်ပါစေဆုတောင်းပါတယ်ဟဲ့။ ငါ့သမီးလေး ငါ့ကို ခွဲသွားတယ်။ ငါ့သမီး၁၉နှစ်ပဲရှိသေးတယ်။ ရုပ်ကချောအေ၊ ဆံပင်ကကောင်းအေ။ သားအမိနှစ်ယောက် မွေးချင်းနဲ့အတူနေတာပေါ့။ဒါပေမဲ့ သားအမိနှစ်ယောက်ပေါ့။ သမီးတစ်ခု အမေတစ်ခုပေါ့။ ညဆိုလည်း ငါ့သမီးက ဝတ်ချ(ကန်တော့)အိပ်တယ်။ဝတ်ချအိပ်တာကိုလည်း သူ့ကိုလည်းဆုတောင်းပေးတယ် ငါ့သမီး သက်တော်ရာကျော်ရှည်ပါစေ အနာမျိုး ၉၆ ပါး ဝေဒနာကင်းရှင်းပါစေ အမြဲတမ်းဆုတောင်းတယ်။ ဒါပေမဲ့ ဆုတောင်းမပြည့်ရှာဘူး။ ငါ့သမီးလေး ၁၉နှစ်နဲ့ စစ်ကောင်စီ မကောင်းမှုကြောင့် ငါ့သမီးခေါ်သွားရှာတယ်။ တစ်ယောက်တည်း သမီးကို။ သူ့ကို ကိုငါမုန်းလိုက်တာကွာ။ ဒီစစ်ကောင်စီကြီးနဲ့တော့ ပြည်သူတွေလည်း နစ်နာလှပါပြီ။ငါ့သမီးလိုလူလေးတွေလည်းများကြပြီ။ ငါ့သမီးအတွက်နောက်ဆုံးဖြစ်ပါစေ ဆုတောင်းတယ်ကွာ။ အမြန်ဆုံးပြီးဆုံးပါစေပေါ့။အိမ်က ၁၃အိမ် မီးကျွမ်းသွားတာ။ ရစရာမရှိဘူးပေါ့။ ၁၃အိမ်ပြာကျသွားတယ်ပေါ့။ သူတို့ ဝဲဝဲပြီး ပစ်ပစ်သွားတာ။ သုံးခါပစ်တာ။ ငါ့သမီးလေးရုပ်ချောချောလေး ဖြစ်ရလေခြင်း။ ၁၉နှစ်ရှိသေးတယ်။ မဟန်နီဇော်တဲ့။ ဆယ်တန်းအောင်ပြီးခါရှိသေးတယ်။အမှတ်က သုံးရာ့အစိပ်(၃၂၅မှတ်)ရတယ်။လူချစ်လူချင်ပေါလိုက်တာ။ အလုပ်ကလည်းဖြစ်သလားမမေးနဲ့။ အလိမ္မာလည်း အလိမ္မာလေး။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။