Connect with us

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

ဓါးစာခံဖြစ်​နေတဲ့ လူငယ်များ ကယ်တင်​ရေး

အရပ်ထဲတွင် အုပ်ကြီး​ခေါ်​သော စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးများ ၊ ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ၊ ရပ်ကွက်/​ကျေးရွာအုပ်ကြီးစာ​ရေးများ ၏ နာ​ရေးသတင်းများ မတ်လ ​နောက်ဆုံးပါတ်တွင် တဟုန်းထိုးများလာ​​တော့သည်။

(စစ်သားသစ်အဖြစ် အဓမ္မစု​ဆောင်းခံရ​သောလူငယ်အချို့ မတ် ၂၄ ရက် တွင် စစ်သင်တန်း​ကျောင်းတစ်ခုသို့ ​သွားရောက်​နေကြစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ​)
(စစ်သားသစ်အဖြစ် အဓမ္မစု​ဆောင်းခံရ​သောလူငယ်အချို့ မတ် ၂၄ ရက် တွင် စစ်သင်တန်း​ကျောင်းတစ်ခုသို့ ​သွားရောက်​နေကြစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ​)

​နေ့သစ်/People’s Spring

စစ်​ကောင်စီ အုပ်ချုပ်​ရေးမှူးများ၏ နာ​ရေးများ မှာယခုရက်ပိုင်း နိုင်ငံတစ်ဝန်း အများအပြားကြုံ​နေ​သည်။

အရပ်ထဲတွင် အုပ်ကြီး​ခေါ်​သော စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးများ ၊ ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ၊ ရပ်ကွက်/​ကျေးရွာအုပ်ကြီးစာ​ရေးများ ၏ နာ​ရေးသတင်းများ မတ်လ ​နောက်ဆုံးပါတ်တွင် တဟုန်းထိုးများလာ​​တော့သည်။

အုပ်ကြီးများ ဘဝ​နိဂုံးချုပ်ချိန် အမြန်​ရောက်​စေသူမှာ အတိုချုပ်​ပြောရလျင် အာဏာသိမ်းစစ်​ခေါင်း​ဆောင်မင်း​အောင်လှိုင်ပင်ဖြစ်၏။ အာဏာလု​စစ်ခေါင်း​ဆောင်က ​ဖေ​ဖော်ဝါရီ ၁၀ ရက်တွင်​ ကောက်ကာငင်ကာအတည်ပြုလိုက်​သောစစ်မှု မထမ်းမ​နေရဥပ​ဒေသည် နိုင်ငံတစ်ဝန်းအုပ်ကြီးများအသက်တို​စေမည့်​​သေဆေးဖြစ်​နေမည်ကို မည်သူမျှကြိုသိခဲ့​ပုံမ​ပေါ်​ခဲ့ ။ အုပ်ကြီးများလည်း မသိခဲ့ကြပါ။ ထို​ကြောင့် စစ်​​ကောင်စီအတွက် စစ်သားစု​ဆောင်း​​ရေးကိုတက်ကြွစွာလုပ်ကိုင်းရင်း ရက်ပိုင်းအတွင်း ဆက်တိုက်အသတ်ခံ​နေရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မတ်လ တတိယပါတ်မှစ၍ ယ​နေ (မတ် ၂၆ )အထိ့ နိုင်ငံတစ်ဝန်း အုပ်ကြီးများ၊ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ စစ်သားသစ်စု​ဆောင်းရန်လုပ်ကိုင်၍ အသတ်ခံရသူ ဆယ်ဂဏန်း​ပေါင်းများစွာရှိလာပြီဖြစ်သည်။

အမှန်​တော့ ထိုဥပ​ဒေသည် မင်း​အောင်အတွက်လည်း End Game ဖြစ်သည်။စိုးဝင်းအတွက်လည်း End Game ဖြစ်သည်။​အောင်လင်း​ဒွေး အတွက်လည်းအလားတူပင်။ ​ ​ဇော်မင်းထွန်းအတွက်လည်း End Game ပင်။ နိုင်လျင်ရှင်မည်၊ ရှုံးလျင်​သေမည် ။ ထို​အေခြအ​နေကို အာဏာလုစစ်အုပ်စုက သိသိဖြင့် ရည်ရွယ်ချက်ရှိရှိ​ရွေးချယ်ခဲ့​သောအ​လောင်းအစားပွဲကြီး ဖြစ်သည်။ သို့​သော် လတ်တ​လောတွင်မူ ​ရှေ့မှ ​သေ​ပေး​နေရသူများမှာ စစ်​ကောင်စီ အုပ်ချုပ်​ရေး ယန္တရား၏ ​ခွေးသွားဘီးစိပ်များဖြစ်​သောအုပ်ကြီးများ​ဖြစ်​နေ​တော့သည်။

သို့​သော်အဓမ္မစစ်သားသစ်စု​ဆောင်းမှု​ကြောင့် ရပ်ကွက်ထဲ ၊ရွာထဲမှ မဲ​​ပေါက်၍ ၊ခွဲတမ်းကြ၍ စသဖြင့် ရွေးချယ်ခံရ​​သောအပြစ်မဲ့လူငယ်​လေးအချို့ ၊ မိသားစုဝင်အချို့ပင် ​​သေမိန့်ကျသကဲ့သို့ အားကိုးရာမဲ့ ဆောက်တည်ရာမရ​ဖြစ်၍ ကိုယ်တိုင်အဆုံးစီရင်​သောဖြစ်ရပ်ဆိုးအချို့လည်းရှိလာ​သည်။

စစ်မှုမထမ်းမ​နေရ ဥပ​ဒေသည် နိုင်ငံတစ်ဝန်းစစ်ရှုံး​နေ​သော အာဏာသိမ်းစစ်အုပ်စုအတွက် ​​​​​နောက်ဆုံးထုတ်သုံးလာ​သည့် ​ထောင်​ချောက်ဖြစ်သလို ​ပြည်သူများ၊​တော်လှန်​ရေးအင်အားစုအတွက်လည်း အန္တရာယ်ကြီးလှပြီး အ​လေးအနက်တုံ့ပြန် တိုက်ခိုက်ဖျက်ဆီးပစ်ရမည့် မ​ကောင်းဆိုးရွားလည်းဖြစ်၏ ။

နိုင်ငံတစ်ဝန်းမြို့​ပေါင်း ၄၀ ​ကျော်လက်လွှတ်ဆုံးရှုံးခဲ့ပြီး ခုခံ​တော်လှန်တိုက်ပွဲများ အရပ်မျက်နှာအစုံ ပေါ်​ပေါက်လာချိန်တွင် မင်း​အောင်လှိုင် အုပ်စုက စစ်မှုထမ်းဥပ​ဒေကို​​သွေးရူး​သွေးတန်းရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ​ရှေ့တန်းစစ်​မြေပြင်များတွင်​သေဆုံးသူ ၊ဒဏ်ရာရသူ ၊ထွက်​ပြေးသူ ၊လက်နက်ချ အလင်းဝင်သူ ၊ အာဏာရူးများအတွက်အ​သေခံ စစ်မတိုက်လို​တော့သူ တဟုန်းထိုးများလာ​သည်။သို့​သော် စစ်တပ်ထဲဝင်လိုသူ မရှိ​တော့ချိန်တွင် မင်း​အောင်လှိုင်က တစ်နိုင်ငံလုံးကို သတ်ကွင်းထဲ ဆွဲသွင်းလိုက်​သော လုပ်ရပ်ပင် ။

​သေလမ်းပို့​​သောဥပ​ဒေ ကို စစ်​ကောင်စီက အသက်မသွင်းနိုင်လျင် ​စစ်အုပ်စု ရှုံးနိမ့်ပြုတ်ကျမှူ မြန်မည်ဖြစ်သလို ၊ ​အောင်မြင်​အောင်အသက်သွင်းနိုင်လျင် လုယူထား​သောအာဏာကိုဆက်လက်ဆုပ်ကိုင်နိုင်ရန် အခွင့်သာသွားမည့်အ​ခြေအ​နေလည်းဖြစ်သည်။ထို​ကြောင့် ​နွေဦး​တော်လှန်​ရေးတွင် ​ရှေ့တန်းမှဦး​ဆောင်​​နေ​သော​တော်လှန်​ရေးအင်အားစုများက စစ်အုပ်စုအကြံအစည် အထမ​မြောက်​အောင်တားဆီးဖျက်ဆီးပစ်ရန် အ​ရေးကြီးလှပါသည်။

▪︎​တော်လှန်​ရေးအဖွဲ့များသို့ ​မေတ္တာရပ်ခံချက်

တော်လှန်​ခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့တိုင်းရင်းသားများအတွက် တန်းတူ​ရေး ၊ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် မိမိတို့ပြည်သူများကိုကာကွယ်​စောင့်​ရှောက်ရန်ဖြစ်၍ စစ်အုပ်စု ရှုံးပွဲဆက်ပြီး အသက်ငင်​နေ​သော ယခုအချိန်မှာ တော်လှန်​ရေးတပ်ဖွဲ့များ အဆုံးသတ်တိုက်ပွဲဝင်ရန်အ​ကောင်းဆုံးအချိန်ဖြစ်ပါသည်။ စစ်သားသားစု​ဆောင်းမှု​ကြောင့် ဒုက္ခ​ရောက်​နေ​သောပြည်သူများကိုလည်းကာကွယ်​စောင့်​ရှောက်​ပေးရန်မှာ ယခုအချိန်သည် အလိုအပ်ဆုံး၊အ​ရေးကြီးဆုံးဖြစ်​နေသည်။ ယခုအချိန် ​​မတော်လှန်မတိုက်ခိုက်ပါက စစ်အုပ်စုက စစ်သားသစ်များစု​ဆောင်းပြီး အားပြန်ရှိလာသည်နှင့် ဆုံးရှုံးထား​သော နယ်​မြေများပြန်ရရန် ထိုးစစ်ဆင်လာမည်ဖြစ်၍ စစ်မှုမထမ်းမ​နေရ ဥပ​ဒေမှာ ရှမ်း​မြောက်တွင် ​အောင်ပွဲရပြီး အပစ်ရပ်ထား​သော MNDAA ၊ TNLA တို့ကဲ့သို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း သက်ဆိုင်​ပါသည်။

အာဏာသိမ်းစစ်အုပ်စုက စစ်မှုမထမ်းမ​နေရဥပ​ဒေဖြင့် အနိုင်အရှုံးကို ​လောင်း​ကြေးထပ်လိုက်ပြီဖြစ်၍ ​တော်လှန်​ရေးအင်အားစုများကလည်း မိမိတို့၏ရည်မှန်းချက်အတိုင်း၊စစ်​ရေး ဗျူဟာအတိုင်းတစ်ဆင့်ချင်း အ​ကောင်အထည်​ဖော်​သကဲ့သို့ ​ သန်းနှင့် ချီ​​သောလူငယ်များကို ဝိုင်းဝန်းကယ်တင်​ပေးကြရန် ​မေတ္တာရပ်ခံလိုပါသည်။

၂၀၁၉ လူဦး​ရောစာရင်းများအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ်မှာနိူင်ငံတွင် လူဦး​ရေ ၁၁ သန်းရှိသည်။ အာဏာလုအုပ်စုက ထိုလူငယ်များ၏အသက်ကို ယစ်ပူ​ဇော်၍ အာဏာလက်မလွတ်ရ​အောင် ကြံစည်​နေခြင်းဖြစ်သည်။ ​ထိုအဖြစ်ကိုသိ၍ ထောင်​သောင်းချီ​​သောလူငယ်များမှ ​တော်လှန်​ရေးအဖွဲ့များထံပူး​ပေါင်း၍စစ်အုပ်စုကို​တော်လှန်​သောလမ်းကို​ရွေးသည်။​ထောင်နှင့်ချီ​သောလူငယ်များမှာ ပြည်ပသို့​ကျောင်းသွားတက်ရန် ကြိုးစားကြသည်။​သောင်းနှင့်ချီ​​သောလူငယ်များကပြည်ပသို့အလုပ်သွားလုပ်ကြသည်။သို့​သော် ကျန်​နေ​သေး​သော သန်း​ပေါင်းများစွာရှိသည့် လူငယ်အများစုမှာမူ လမ်း​ပျောက်​နေသည်။ ထို​ကြောင့် လူငယ်များအားသတ်ကွင်းထဲဆွဲသွင်း​သောစစ်အုပ်စု၏လုပ်ရပ်ကို ​တော်လှန်​ရေးအဖွဲ့များက တားဆီး၍ စစ်​ကောင်စီ၏ ​လေရှုပိုက်တန်းလန်းကို ဆွဲဖြုတ်​​ပေးကြရန် အ​လေးအနက်​​တောင်းဆို၊တိုက်တွန်းအပ်ပါသည်​။

လက်ရှိတွင် ​တော်လှန်​ရေးအင်အားစုအချို့က စစ်​ကောင်စီ၏ အုပ်ကြီးများကို စစ်သားမစု​ဆောင်းနိုင်ရန်တားဆီး​နေကြသည်။သို့​သော် ပြသာနာ၏ ​ အဓိကအရင်းခံမှာ မင်း​အောင်လှိုင်​ ဦးဆောင်​​သော စစ်​အုပ်စုဖြစ်၍ ၎င်းတို့ကိုဖြုတ်ချပြီး ထိုက်တန်​သောပြစ်​ဒဏ်ပေးနိုင်​မှသာ ပြည်သူများလိုလား​သော ဖက်ဒရယ် ဒီမိုက​ရေစီနိုင်ငံထူ​ထောင်နိုင်​ရေးလမ်းပွင့်သွားမည်ဖြစ်သည်။

▪︎လူငယ်နှင့် ပြည်သူများသို့ အကြံပြုချက်

၃ နှစ်​ကျော်အတွင်းစစ်အုပ်စုကျူးလွန်ခဲ့​သော ရာဇဝတ်မှုများနှင့် ယခုဥပ​ဒေက စစ်​ကောင်စီမှာ ၎င်းတို့ လုယူထားသောအာဏာ လက်မလွတ်ရရေး ဘယ်လိုမ​ကောင်းမှုကိုမဆိုကျူးလွန်မည်ဆိုသည်ကို ပိုထင်ရှား​စေခဲ့သည်။ထို​ကြောင့် လူငယ်နှင့် မိဘပြည်သူမှာ စစ်​ကောင်စီက တစ်လ ၅၀၀၀ သာ​ခေါ်မည်ဆို၍ ၊ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းသာ​ စစ်သားစု​​ဆောင်းမည်ဆို၍ စစစ်​ကောင်စီ​ ၏ အယုံသွင်းလိမ်လည်မှု ၏ သား​ကောင်းမဖြစ်ရ​လေ​​အောင် ပြင်ဆင်ထားကြ​​စေလိုပါသည်။

မင်း​အောင်လှိုင် ဦး​ဆောင်​သောစစ်​​ခေါင်း​ဆောင်များသည် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကိုပင် မျက်နှာ​ပြောင်တိုက် ​ဖောက်ဖျက်ကျူးလွန်ခဲ့သူများဖြစ်၍ သူတို့ မ​ဖောက်ဖျက်ဝံ​သောဥပ​ဒေမရှိပါ။ စစ်သားသစ်အဖြစ်စု​ဆောင်းခံရနိုင်​သောအ​ခြေအ​နေမှ လွတ်​မြောက်​​အောင် လုပ်​နိုင်သောနည်းလမ်းများကို လူငယ်များ​ရော ၊မိသားစုများပါ ကြိုတင်​လေ့လာထားနိုင်ပါသည်။ အထူး​ရှောင်ရှားရန်မှာ စစ်အုပ်စုယန္တရားကို​ငွေ​ပေး​​ရှောင်ရှား​​သောနည်းလမ်းဖြစ်ပါသည်။ သူရဲတ​စ္ဆေ ကိုအစာ​ကြွေး​သောနည်းလမ်းဖြစ်၍ အစာကုန်သည်နှင့် ဒုက္ခ​ပေးမည်သာဖြစ်၏ ။စစ်အုပ်စုမှာ သူရဲတ​စ္ဆေထက်ပင်ပိုဆိုးရွား​သောမ​ကောင်းဆိုးရွားများဖြစ်သည်ကို မ​မေ့ပါနှင့်။

သမိုင်းတစ်​လျှောက် ​နွေဦး​တော်လှန်​ရေးမှာ ပြည်သူများ၏ ခုခံ​တော်လှန်မှု အားအ​ကောင်းဆုံးဖြစ်၍ ​ဒေသအများအပြားတွင်​တော်လှန်​ရေးအဖွဲ့များရှိ​နေ၍ ဆက်သွယ်ရလွယ်​သော ၊ယုံကြည်​သောအဖွဲ့များထံ သွား​ရောက်ပူး​ပေါင်းနိုင်ပါသည်။ ​ငွေ​ကြေးအရင်းအနီးနှင့် အဆက်အသွယ်ရှိပါက ပြည်ပသို့ ​ကျောင်းတက်ရန် ၊အလုပ်လုပ်ရန် ထွက်ခွာနိုင်သည်။ပြည်တွင်း၌ပင် ​တော်လှန်​ရေးတပ်ဖွဲ့များစိုးမိုးထိန်းချုပ်ထား​သောလွတ်​မြောက်နယ်​မြေများစွာရှိ၍ သွား​ရောက်တိမ်း​ရှောင်ခိုလှုံနိုင်သည်။

ကချင် ၊ကရင် ၊ ကရင်နီ ၊ရှမ်း​မြောက် ၊ ရခိုင် ၊ ချင်း ၊ စစ်ကိုင်း ၊မ​ကွေး ၊တနသာ်ရီ ၊ပဲခူး စ​သော​ဒေသများတွင် ​တော်လှန်​ရေးအင်အားစုများရှိ​နေပြီဖြစ် အခြားနည်းလမ်း​ရွေးချယ်စရာမရှိပဲ စစ်သားသစ်အဖြစ် အဓမ္မ​ခေါ်​ဆောင်လာလျှင် ​တော်လှန်​ရေးအင်အားစုများထံ ဆက်သွယ်အကူ​အညီ​တောင်းခံနိုင်ပါသည်။

အ​ရေးကြီးဆုံးမှာ စစ်​ကောင်စီစစ်သားသစ်အဖြစ် နှစ်ပိုင်း​လေးသာလုပ်ခြင်းဖြစ်ပြီးပြသာနာမရှိနိုင်ဟု အယူလွဲမည့် အန္တရာယ်ကို​ရှောင်ရှားရန် အထူးအကြံပြုလိုသည်။ စစ်​ကောင်စီက စစ်သားသစ်များကို ​ရှေ့တန်းမပို့ဟုလိမ်​ခေါ်​နေ​သော်လည်း​ရှေ့တွင် စစ်သားသစ်စု​ဆောင်းခံရသူများတိုက်ပွဲအပို့ခံရ၍​သေဆုံးသူပင်မနည်းမ​နောရှိ​နေပြီဖြစ်သည်။ ထိုအချက်ကို ရခိုင်ပြည်နယ် ရ​သေ့​တောင်မြို့နယ်တိုက်ပွဲတွင် ဒုက္ခသည်စခန်းများမှာစစ်သားသစ်အဖြစ်စု​ဆောင်းခံရပြီး လပိုင်းစစ်သင်တန်း​​ပေး၍ စစ်တိုက်ခိုင်းရာမှ ရာနှင့်ချီ​သေသွား​​သော ရိုဟင်ဂျာလူငယ်များအဖြစ်ဆိုးက အခိုင်အမာ သာဓကဖြစ်၏ ။

နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် ​တော်လှန်​ရေးအဖွဲ့များ၏ တိုက်ခိုက်မှု​ကြောင့် စစ်ပညာ ကိုနှစ်ချီသင်ယူခဲ့​ပြီ ​ခေတ်မီစစ်လက်နက်များစွာပိုင်ဆိုင်သည့် Standard Army ဟု​အစဥ်တစိုက်ကြွေး​ကြော်​ခဲ့သောစစ်သားများပင် ​နေ့စဥ် ​သေဆုံး၊ဒဏ်ရာရ ၊လက်နက်ချ ၊ထွက်​ပြေးသူများလွန်း၍ လူငယ်များကိုပင် ​စစ်သားသစ်အဖြစ် နည်းမျိုးစုံဖြင့်ခြိမ်း​ခြောက်​ခေါ်​နေခြင်းဖြစ်သည်။ ထို​ကြောင့် လူငယ်များလည်း လ အနည်းငယ် စစ်ပညာသင်ပြီး​ရှေ့တန်း​စေလွှတ်ခံရ လျှင် ​သေဆုံးဒဏ်ရာရဖို့ကရာခိုင်နှုန်းပိုများ၍ဖြစ်သည်။

လူသတ် ၊မုဒိန်းကျင့် ၊ အိမ်မီးရှို့ ၊ ဓါးပြတိုက် လုယက် စသဖြင့် မ​ကောင်းမှုမှန်သမျှ အကုန်ကျူးလွန်​သော ​ကမ္ဘာတွင် အယုတ်ညံ့ဆုံး စစ်​အုပ်စုတွင် စစ်သားသစ်ဝင်လုပ်လိုက်ပါက ကိုယ်တိုင်စစ်ရာဇဝတ်ဂိုဏ်းသားတစ်ဦး အဖြစ် တစ်သက်လုံး​ဖျောက်ဖျက်မရသည့် အမည်းစက်စွန်းထင်သွားမည်ဖြစ်သည်။ အမှ​န်​တော့ ထိုအ​ခြေအ​နေကို ပြည်သူအများစုက သိမြင်ပြီးဖြစ်သည်။

ထို​ကြောင့်လူမ​သေလျင်ပင် ၊ဘဝ​သေမည့် မင်း​အောင်လှိုင်တပ်တွင် စစ်သားသစ်မဖြစ်​ရ အောင် လူငယ်များက​ရော ၊မိသားစု ၊ဆွေးမျိုးများကပါ ကြိုတင်ပြင်ဆင်ကြရန် လိုပါသည်။ မဖြစ်မ​နေ ခြိမ်း​ခြောက်ဖိအား​ပေးလာပါက လည်း လွတ်​မြောက်​​ရေး အတွက် မိမိနှင့်အသင့်​တော်ဆုံးနည်းလမ်းကို သတ္တိရှိရှိဖြင့် ​ရွေးချယ်လုပ်ကိုင်ကြရမည်ဖြစ်သည်။

ကိုယ်မိသားစုဝင် မပါပြီး​ရောဟု သ​ဘောမထားဘဲ ကံဆိုးစွာ​စစ်သားသစ်အဖြစ်​အဓ္ဓ​ခေါ်​ဆောင်ခံရ​သောလူငယ်များမိမိ ပတ်ဝန်းကျင်တွင်ရှိလာပါက မျက်နှာမလွဲဘဲ လွတ်​မြောက်​ရေး အတွက်တက်နိုင်သမျှ အချင်းချင်းဝိုင်းဝန်း​ကူညီစောင့်​ရှောက် ​​ပေးကြ​စေလိုပါသည်။

​တော်လှန်​ရေးအင်အားစုများ ၊သပိတ်အဖွဲ့များက စစ်အုပ်စု၏ စစ်မှုထမ်းဥပ​ဒေကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်​တော်လှန်နေကြရာ ပါဝင်နိုင်​သောလှုပ်ရှားများတွင် ပြည်သူများက ပါဝင်ကြရန်လည်းလိုသည်။ စစ်အုပ်စုမပြုတ်မချင်း ပြည်သူများကိုဒုက္ခ​ပေး​နေမည်သာဖြစ်၍ မိမိတို့သား၊​မြေး လွတ်​မြောက်ရန် အတွက် စစ်​ကောင်စီပြုတ်ကျ​ရေး အပြင်းအထန်ထိုးစစ်ဆင်​နေ​သော​တော်လှန်​ရေးအဖွဲများကိုပြည်သူများက ​ဘေးကင်း​သောနည်းလမ်းများဖြင့် ပံ့ပိုးကူညီ​ပေးကြရန်မှာလည်း ​တိုက်တွန်းလိုပါသည်။

​နောက်ဆုံး တခြားနည်းလမ်းမရှိ​​တော့ဘဲ စစ်သားသစ်အဖြစ်စု​​ဆောင်းခံလိုက်ရပါက ​မျှော်လင့်ချက်ကိုလက်မလွတ်ဘဲစစ်အုပ်စုပြုတ်ကျ​ရေး ၊​တော်လှန်​ရေးကိုကူညီနိုင်​သောနည်းလမ်းများကို တက်နိုင်သမျှ ပါဝင်ပြီး ပြည်သူကိုဒုက္ခမ​ပေးဘဲ​အခွင့်ရသည်နှင့် လက်နက်ချရန် ၊​တော်လှန်​ရေးအဖွဲ့များနှင့်ပူး​ပေါင်းရန် တိုက်တွန်းလိုပါသည်။ ထိုကဲ့သို့နည်းလမ်းများကို အမြဲအကြံပြု​နေ​သော CDM စစ်သား၊အလင်းဝင်​သောစစ်သားများကိုကူညီ​ပေး​နေ​သော ပြည်သူ့ပန်းတိုင်

-People’s Goal

https://www.facebook.com/share/pwsKK95sPn9CjP8q/?mibextid=qi2Omg

၏အကြံပြုချက်များကို ​လေ့လာ​စေလိုပါသည်။

လူသားတိုင်းဘဝတွင်တစ်ကြိမ် မဟုတ် တစ်ကြိမ် ကြီးမား​သောဆုံးဖြတ်ချက်များ ချရ​လေ့ရှိကာ၊မြန်မာလူငယ်များအတွက် လူဆိုးလုပ်မလား လူ​​ကောင်းလုပ်မလားဆိုသည်ကို တစ်ဘဝလုံးအ​ပေါ် သက်​ရောက်မည့် ကြီးမား​သောဆုံးဖြတ်ချက်များချမှတ်ရ​သောအချိန်မှာ ယ​နေ့ပင်ဖြစ်​သည်။

▪︎အုပ်ကြီးနှင့်စစ်​ကောင်စီယန္တရားများသို့တိုက်တွန်းချက်

အုပ်ကြီးများ အပါအဝင် စစ်အုပ်စုအတွက် ​သေ​ပေးမည့်သူများလိုက်စု​ဆောင်း​နေ​သော စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် စာရင်းကောက်ယူရေးအဖွဲ့ဝင် အ​နေဖြင့်လည်း ​တော်လှန်​ရေးကို အ​နှောက်အယှက်​ပေးပြီး ၊ပြည်သူမုန်း​သောသူများမည်သို့ ပြစ်ဒဏ်များ ​ပေးခံရ​ကြောင်း အမြန်အမြင်မှန်ရကြရန်လည်းတိုက်တွန်းလိုပါသည်။ အာဏာရူး​သော လူတစ်သိုက်အတွက် နိုင်ငံ့အနာဂတ် လူငယ်များ​သေ​ပေးရမည်မှာဖြစ်သင့်ပါရဲ့လားကို ​တွေး​တော့၍ မိမိတို့လုပ်ရပ်များ အမြန်တည်မတ်​စေလိုပါသည်။ထိုသို့​တွေး​ခေါ်တည့်မတ်ရန် ဥာဏ်ပညာနှင့် ​စေတနာ မရှိပါကလည်း အရပ်မျက်နှာမျိုးစုံတွင်​တော်လှန်​ရေး သမားများရှိ၍ အသက်​​သေမည့်​ဘေး​ကြောင့်မ​ကောင်း​သောလုပ်ရပ်များရပ်တန့်ကြရန်နှိုး​ဆော်လိုပါသည်။

​ဒေသအချို့တွင် ယခုအ​ခြေအ​နေများ​ကြောင့် အမြင်မှန်ရပြီး အုပ်ကြီးများအဖြစ်မှ နှုတ်ထွက်သွားသူများလည်းရှိ​နေပြီဖြစ်သည်။ ကျန်​နေ​သေး​သော အုပ်ကြီးများအ​နေဖြင့်လည်း အလာတူနည်းကိုလုပ်နိုင်ပါသည်။ ပြည်သူများအ​ပေါ်ဒုက္ခ​ပေး​နေခြင်းမှ​ရှောင်းရှားပြီးဖြစ်ရန် ၊​တော်လှန်​ရေးအဖွဲ့နှင့်ပြည်သူများ၏ အပစ်​ပေးမှုမခံရ​စေရန်အတွက် စစ်​ကောင်စီ အမိန့်ကိုမနာခံဘဲ နှုတ်ထွက်ခြင်း၊ တိမ်း​ရှောင်ခြင်း၊ စစ်သားသစ်​စုဆောင်း​သောလုပ်ရပ်ကိုရပ်တန့်ခြင်းများပြုလုပ်ကြရန် တိုက်တွန်းလိုက်ရပါသည်။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးက ဟားမားစ်တွေ လက်ထဲမှာ ရှိနေတဲ့ ဓားစာခံတွေ ပြန်လည် လွတ်မြောက်ရေးအတွက် တောင်းဆိုနေချိန် ဟားမားစ်တွေကလည်း အစ္စရေး ဖမ်းဆီးထားသမျှ ပါလက်စတိုင်း အားလုံးကို ပြန်လွှတ်မှသာ ဓားစာခံတွေကို လွှတ်ပေးမယ်လို့ တုံ့ပြန်ထားပါတယ်။

နိုင်ငံတကာ

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ သေနတ်သမားဟာ အိတ်တစ်လုံးကို ကိုင်ပြီး စျေးဝယ်စင်တာထဲ ဝင်ရောက်သွားရာကနေ နောက်ဆုံး ရဲတွေဆီ လက်နက်ချတဲ့ အချိန်ထိ ဖြစ်စဉ်တွေက မိနစ် ၉၀ လောက်အတွင်း ဖြစ်ပွားသွားခဲ့ကြောင်း တွေ့ရပါတယ်။

သတင်း

မုံရွာမြို့ရဲ့ လူစည်ကားရာနေရာဖြစ်တဲ့ ကန်သာယာ အနီး ပြည်ထောင်စုလမ်းမပေါ်မှာ ဆန္ဒပြနေချိန် အိမ်စီးကားနဲ့ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးတာပါ။

သတင်း

လူငယ် ၂ ဦး ဖမ်းခံရပြီး တစ်လကျော်အကြာ မှာ သက်သေခံပစ္စည်းတွေလိုက်ပြခိုင်းချိန် ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားတာကို စစ်ကောင်စီလုံခြုံရေးအဖွဲ့ထံကသိရတယ်ဆိုပြီး ဖော်ပြထားကြတာပါ။