ကရင်နီပူးပေါင်းတပ်တွေ ခေါ်ဆောင်သွားတဲ့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် သတ်ခံလိုက်ရပြီလို့ စစ်ကောင်စီအားပေးတယ်လီဂရမ်ချန်နယ်တွေနဲ့ဖေ့ဘွတ်ခ်အကောင့်တွေမှာဖြန့်ဝေနေကြပါတယ်။
နိုဝင်ဘာလ ၁၁ ရက်စတင်ပြီး လွိုင်ကော်မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေချိန် တက္ကသိုလ်ဝန်းထဲမှာပိတ်မိနေတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ကရင်နီတပ်ပေါင်းစုက ခေါ်ထုတ်သွားပြီးနောက် မှာ အဲဒီသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလာကြတာပါ။
အဲဒီသတင်းဟာ သတင်းမှားဖြစ်တယ်ဆိုတာ စိစစ်တွေ့ရပါတယ်။
တက္ကသိုလ် ပါမောက္ခချုပ်ကို သတ်လိုက်တယ်ဆိုတာ မမှန်ဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဥက္ကဋ္ဌ ခွန်ဘီထူးက မီဒီယာကို ဖြေကြားထားပါတယ်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/04/Safer-practices_inside_psa_ads.jpg?resize=880%2C138&ssl=1)
Public Service Announcement
“သတင်းတွေ ပြန့်နေတာက တက္ကသိုလ် ပါမောက္ခချုပ်ကို သတ်လိုက်တယ်ဆိုတဲ့ဟာတွေပေါ့နော် ၊ အဲဒါတွေအားလုံးကမမှန်ပါဘူးလို့” KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက မြစ်ကြီးနားသတင်းဂျာနယ်ကိုဖြေထားတာတွေ့ရပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ သတင်းဖော်ပြချက်ဖေ့ဘွတ်လင့်ခ်
ကယ်ထုတ်လာတဲ့ ပါမောက္ခချုပ်ကို ကောင်းကောင်းမွန်မွန်ထားရှိတယ်လို့လည်း KNDF ဥက္ကဋ္ဌ ခွန်ဘီထူး ဖက်ဒရယ် FM ကို အတည်ပြုထားပါသေးတယ်။
KNDF ဥက္ကဋ္ဌ ခွန်ဘီထူးရဲ့ အတည်ပြုချက်ကို. ဖက်ဒရယ် FM ရဲ့ သတင်းမှာဖတ်ရှုဖို့လင့်ခ်
တော်လှန်ရေးကာလအတွင်း ကရင်နီပြည် အုပ်ချုပ်ရေးအတွက် ဖွဲ့စည်းထားတဲ့ ကြားကာလ အုပ်ချုပ်ရေးကောင်စီကလည်း လွိုင်ကော်တက္ကသိုလ် ဆရာ ၊ဆရာမတွေနဲ့ပတ်သက်ပြီး နိုဝင်ဘာလ ၁၄ ရက်မှာ သတင်းထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ထားတာရှိပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ဆရာ ၊ဆရာမ ၁၃၄ ဦးနဲ့ မိသားစုဝင် ၆၄ ဦးကို ဘေးလွတ်ရာဆီ ခေါ်ဆောင်ပေးခဲ့ပြီး လူ့အခွင့်အရေးနဲ့အညီ စောင့်ရှောက်ထားတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
ကရင်နီပြည် ကြားကာအုပ်ချုပ်ရေးကောင်စီ ရဲ့ထုတ်ပြန်ချက်လင့်ခ်
https://www.facebook.com/photo.php?fbid=238545805908526&set=pb.100092593235157.-2207520000&type=3
ကရင်နီ ခေါင်းဆောင်တွေရဲ့ ဖြေကြားချက်၊ ထုတ်ပြန်ချက်တွေအရ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် သတ်ခံရတယ်လို့ဖြန့်ဝေနေတဲ့သတင်းတွေဟာ သတင်းမှားသာဖြစ်ပါတယ်။
![](https://www.ludunwayoo.com/wp-content/uploads/2024/08/banner-logo1-50px.png)