Connect with us

Hi, what are you looking for?

LuduNwayOo

Fact-Check

လွိုင်ကော်တက္ကသိုလ်ဝန်ထမ်းတွေ ၊ မိသားစုဝင်တွေနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်အတု

လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်တွေကယ်ထုတ်သွားတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ NUG အစိုးရက တောင်းဆိုတယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်စောင် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်မှာဖြန့်ဝေနေပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်တံဆိပ်ကိုသုံးထားတဲ့အဲဒီထုတ်ပြန်ချက်ကို စစ်ကောင်စီဝါဒဖြန့် Ko Thet တယ်လီဂရမ်မှာ နိုဝင်ဘာလ ၂၁ ရက် ကစတင်ဖြန့်ဝေတာပါ။

ထုတ်ပြန်ချက်ထဲမှာ လွိုင်ကော်တက္ကသိုလ်အတွင်းပိတ်မိနေတဲ့ ဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူတွေ ၊ မိသားစုဝင်တွေကို တိုက်ပွဲဖြစ်ပွားတဲ့ကြားထဲက ထိခိုက်မှုမရှိစေဖို့ကယ်ထုတ်သွားတာကိုကြားသိရကြောင်း နဲ့ ပြန်လွှတ်ပေးတာမရှိဘဲ ရက်ရှည် ထိန်းသိမ်းထားတဲ့အပေါ် သဘောတူညီမှုမရှိကြောင်း၊အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာတွေ့ရပါတယ်။

စစ်ကောင်စီအားပေး တယ်လီဂရမ်မှာ ထုတ်ပြန်ချက်ဖြန့်ဝေပုံ

Public Service Announcement

Public Service Announcement

( https://t[.]me/kothetjournalist/56036 )

အဲဒီထုတ်ပြန်ချက်ကို ဒီနေ့ နိုဝင်ဘာလ ၂၆ ရက်အထိ ၆ ရက်တာအတွင်း ကြည့်ရှုထားသူ ၄,၆၀၀ ကျော် ရှိနေပြီး ကြိုက်နှစ်သက်ကြောင်း တုန့်ပြန်ထားသူ ၃၀၀ ကျော်ရှိတာတွေ့ရပါတယ်။

People’s Spring က စစ်ဆေးရာမှာ ထုတ်ပြန်ချက်ဟာ အတုဖြစ်တာသိရပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန နဲ့ NUG အစိုးရ တို့ရဲ့ သတင်းထုတ်ပြန်နေကြ ဖေ့ဘွတ်ခ်စာမျက်နှာ ၊ ဝက်ဆိုက်တွေမှာ အလားတူကြေညာချက်ကို ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ NUG အစိုးရ ဖေ့ဘွတ်ခ်စာမျက်နှာ

https://www.facebook.com/modNUG
https://www.facebook.com/NUGmyanmar

ယခင်ကလည်း NUG အစိုးရက ထုတ်ပြန်သယောင် ကြေညာချက်အတုတွေကို စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်တွေကနေ ဖြန့်ဝေတာမျိုးရှိခဲ့ပါတယ်။

ကရင်နီပြည်နယ် (ကယားပြည်နယ်)မှာ နိုဝင်ဘာလ ၁၁ ရက်ကစတင်ပြီး ပြည်နယ်မြို့တော် လွိုင်ကော်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း လွိုင်ကော်တက္ကသိုလ်မှာ ပိတ်မိနေတဲ့ ပညာရေး ဝန်ထမ်း ၁၃၄ ဦးနဲ့ မိသားစုဝင် ၆၄ ဦးကို ကရင်နီတပ်ပေါင်းစုက ဘေးလွတ်ရာကို ခေါ်ဆောင်ပေးခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားပါတယ်။

ဘေးလွတ်ရာခေါ်ဆောင်လာသူတွေကို လုံလုံခြုံခြုံစောင့်ရှောက်ပေးထားတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက နိုဝင်ဘာလ ၁၄ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။

ကယ်ထုတ်ခံရသူတွေထဲက ဝန်ထမ်း ၇၀ ဦးနဲ့ မိသားစုဝင် ၃၇ ဦးတို့ကို နိုဝင်ဘာလ ၂၃ ရက်မှာ နေရပ်ပြန်နိုင်ဖို့ စီစဉ်ပေးခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက နိုဝင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ကျန်ရှိနေတဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကိုလည်း လိုအပ်တဲ့ စုံစမ်းမေးမြန်းမှုတွေပြုလုပ်ပြီးရင် နေရပ်ပြန်နိုင်ဖို့ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက နိုဝင်ဘာလ ၂၄ ရက် ထုတ်ပြန်ချက်မှာထည့်သွင်းအသိပေးထားတာတွေ့ရပါတယ်။

လွိုင်ကော်တက္ကသိုလ် ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေရဲ့ နောက်ဆုံးအခြေအနေကို သိရှိနိုင်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းထုတ်ပြန်ရာ ဖေ့ဘွတ်လင့်ခ်ကို ဖော်ပြပေးလိုက်ပါတယ်။

Karenni State Interim Executive Council-IEC

ဆက်စပ်သတင်းများ

Fact-Check

 သတင်းမှားတွေ လုပ်ကြံသတင်းတွေကို အတူတကွ ဖယ်ရှား၊ ရှင်းလင်းကြပါစို့  သတင်းမှားတွေ လုပ်ကြံသတင်းတွေဟာ ပြည်သူတွေရဲ့ နေစဥ်ဘဝနဲ့ လူမှုသဟာဇတ ဖြစ်မှုတွေအပေါ်များစွာ ထိခိုက်စေပါတယ်။ သတင်းမှားတွေ လုပ်ကြံသတင်းတွေကို စနစ်တကျဖြန့်ဝေနေသူတိုင်းကို နေ့စဥ်လူမှုဘဝတွေထဲကနေ တိုက်ထုတ်ဖယ်ရှားနိုင်ဖို့ အလွန်မှ အရေးကြီးတဲ့အချိန်လည်းဖြစ်ပါတယ်။ 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐒𝐩𝐫𝐢𝐧𝐠 သတင်းဌာနရဲ့ သတင်းတင်ဆက်သူ 𝑳𝒂𝒔𝒉𝒖...

Fact-Check

မန္တလေး PDF နဲ့ တအာင်းတပ် (TNLA) တို့ သိမ်းယူထားတဲ့ ပြင်ဦးလွင် − မိုးကုတ်လမ်းပိုင်းက သံဘို တပ်စခန်းကိုပြန်သိမ်းလိုက်ပြီလို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က သတင်းဖြန့်နေပါတယ်။ သံဘိုစခန်းပြန်ရဖို့ နှစ်ရက်ဆက်တိုက် တိုက်ရပြီး TNLA တပ်တွေ ဆုတ်ခွာသွားသလို ၊ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကိုသယ်ယူသွားတဲ့ ကားတွေကို...

Fact-Check

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်း အာဏာပိုင်တွေက အော်ပရာစီရာမှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတာဟာ စစ်ကောင်စီ ဆီအခွန်ဆောင်တဲ့အတွက် NUG က မလေး ရဲ ကို သတင်းပေးလိုက်တာကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီအာဘော် တယ်လီဂရမ်ချန်နယ်က သတင်းဖြန့်ဝေနေပါတယ်။ အဲဒီသတင်းကို ” မှိုင်းဝေ” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာလ...

Fact-Check

ကရင်နီပူးပေါင်းတပ်တွေ ခေါ်ဆောင်သွားတဲ့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် သတ်ခံလိုက်ရပြီလို့ စစ်ကောင်စီအားပေးတယ်လီဂရမ်ချန်နယ်တွေနဲ့ဖေ့ဘွတ်ခ်အကောင့်တွေမှာဖြန့်ဝေနေကြပါတယ်။ နိုဝင်ဘာလ ၁၁ ရက်စတင်ပြီး လွိုင်ကော်မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေချိန် တက္ကသိုလ်ဝန်းထဲမှာပိတ်မိနေတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ကရင်နီတပ်ပေါင်းစုက ခေါ်ထုတ်သွားပြီးနောက် မှာ အဲဒီသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလာကြတာပါ။ အဲဒီသတင်းဟာ သတင်းမှားဖြစ်တယ်ဆိုတာ စိစစ်တွေ့ရပါတယ်။ တက္ကသိုလ် ပါမောက္ခချုပ်ကို သတ်လိုက်တယ်ဆိုတာ...