Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းကြောင့် လူပေါင်း လေးသိန်းကျော်အတွက် စားနပ်ရိက္ခာ တစ်လစာ WFP ပြင်ဆင်ထား

NUG အစိုးရ ရဲ့ မုန်တိုင်းသတိပေးချက်မှာ တော့ မုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို မောင်တောမြို့နဲ့ စစ်တွေမြို့ ကြား ( ကျောက်ပန္ဒူရွာအနီး)မှ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့သတိပေးထားတာတွေ့ရပါတယ်။

မုန်တိုင်းကြောင့် လူပေါင်း လေးသိန်းကျော်အတွက် စားနပ်ရိက္ခာ တစ်လစာ WFP ပြင်ဆင်ထား
မုန်တိုင်းကြောင့် လူပေါင်း လေးသိန်းကျော်အတွက် စားနပ်ရိက္ခာ တစ်လစာ WFP ပြင်ဆင်ထား

မုန်တိုင်းကျမယ် လို့ခန့်မှန်းထားတဲ့ ရခိုင်ပြည်နယ်နဲ့အနီးအနားဒေသတွေက လူဦးရေ လေး သိန်းကျော်အတွက် တစ်လကြာတဲ့အထိ လုံလောက်တဲ့ စားနပ်ရိက္ခာတွေကို စီစဉ်ထားပြီဖြစ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး (WFP) ကဒီနေ့မှာထုတ်ပြန်အသိပေးပါတယ်။

စားနပ်ရိက္ခာ အပြင် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းကိရိယာတွေကို ကြိုတင်နေရာချထားပြီးဖြစ်တယ်လို့ WFP က ဆိုပါတယ်။

မုန်တိုင်းမကျမီအသင့်ပြင်ဆင်ထားနိုင်ဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာအသုံးပြုနိုင်ဖို့အတွက် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးစနစ်တွေကို လည်းတပ်ဆင်နေတယ်လို့ WFP က အသိပေးပါတယ်။

မုန်တိုင်းကြောင့် လူပေါင်း လေးသိန်းကျော်အတွက် စားနပ်ရိက္ခာ တစ်လစာ WFP ပြင်ဆင်ထား
မုန်တိုင်းကြောင့် လူပေါင်း လေးသိန်းကျော်အတွက် စားနပ်ရိက္ခာ တစ်လစာ WFP ပြင်ဆင်ထား

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ အလွန့်အလွန်အင်အားကောင်းလာနေပြီးဒီနေ့မနက်ပိုင်း စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၄၀ ခန့်မှာ ရောက်ရှိနေပြီလို့ အိန္ဒိယနဲ့မြန်မာ မိုးဇလက ထုတ်ပြန်ထားကြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို လာမယ့် တနင်္ဂနွေနေ့ ( မေလ ၁၄ ) နေ့လယ်ပိုင်းမှာ စစ်တွေမြို့အနီးက အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီကို ၁၀၅ မိုင်ကနေ ၁၁၅ မိုင် နဲ့ ဖြတ်သန်းဝင်ရောက်မှာဖြစ်ပါတယ်။

မုန်တိုင်းဒဏ်ကိုအဆိုးဆုံး ခံရနိုင်ခြေရှိတဲ့ ရခိုင်ပြည်နယ်က စစ်တွေ ၊ကျောက်ဖြူ ၊မောင်တော၊ ရသေ့တောင် ၊မြေပုံ၊ပေါက်တောနဲ့မာန်အောင်မြို့တွေကို ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားတဲ့ ဒေသတွေအဖြစ် အနီရောင် အဆင့်သတ်မှတ်တယ်လို့စစ်ကောင်စီက မနေ့ကညပိုင်းကကြေညာပါတယ်။

မုန်တိုင်းကြောင့် လူပေါင်း လေးသိန်းကျော်အတွက် စားနပ်ရိက္ခာ တစ်လစာ WFP ပြင်ဆင်ထား
မုန်တိုင်းကြောင့် လူပေါင်း လေးသိန်းကျော်အတွက် စားနပ်ရိက္ခာ တစ်လစာ WFP ပြင်ဆင်ထား

NUG အစိုးရ ရဲ့ မုန်တိုင်းသတိပေးချက်မှာ တော့ မုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို မောင်တောမြို့နဲ့ စစ်တွေမြို့ ကြား ( ကျောက်ပန္ဒူရွာအနီး)မှ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့သတိပေးထားတာတွေ့ရပါတယ်။

ရခိုင်ပြည်နယ်က စစ်တွေ ၊ရသေ့တောင် ၊ပုဏ္ဏာကျွန်း ၊ ပေါက်တော ၊မြေပုံ ၊ကျောက်ဖြူ ၊အမ်းမြို့နယ်တွေဟာ မုန်တိုင်းဒဏ် အဆိုးဆုံးကြုံရနိုင်တာကြောင့် ဘေးလွတ်ရာကို မြန်မြန်ဆန်ဆန်ရွှေ့ထားကြဖို့ NUG ကတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ကို စစ်တပ်ကတပ်စွဲထားဆဲဖြစ်ပြီး ဒေသခံပြည်သူတစ်သောင်းကျော်ဟာ တစ်လခွဲခန့်အကြာစစ်ဘေးရှောင်နေရဆဲဖြစ်ကာ စားနပ်ရိက္ခာ တွေလိုအပ် နေတယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။