Connect with us

Hi, what are you looking for?

သတင်း

မိုခါမုန်တိုင်းသင့်မြန်မာပြည်သူများအတွက် ဒေါ်လာနှစ်သန်းခွဲ ဗြိတိန်ထောက်ပံ့မည်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ဆိုင်ကလုန်းမိုခါ တုံ့ပြန်ရေးအဖြစ် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အပူတပြင်းလိုအပ်လျက်ရှိသည့် နားခိုစရာ၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူပစ္စည်းများအတွက် USAID မှတဆင့် ကနဦး အမေရိကန်ဒေါ်လာ နှစ်သိန်းကို ပေးအပ်လှူဒါန်းသွားမည်ဟု ကြေညာထားသည်။

(ရခိုင်ပြည်နယ် စစ်​တွေမြို့က ရိုဟင်ဂျာဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေကို ​မေလ ၁၄ ရက်က မိုခါ(မိုချာ) ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီး​နောက် အပျက်အစီး​တွေကို​ တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ရခိုင်ပြည်နယ် စစ်​တွေမြို့က ရိုဟင်ဂျာဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေကို ​မေလ ၁၄ ရက်က မိုခါ(မိုချာ) ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီး​နောက် အပျက်အစီး​တွေကို​ တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဗြိတိန်သည် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ နှစ်သန်းခွဲ ထောက်ပံ့ကူညီမည်ဟု မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးက ကြေညာသည်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူ ၁၇၅,၀၀၀ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို ဗြိတိန်က ပေးအပ်သွားမည်ဖြစ်ပြီး တတိ ယမြောက် ချားလ်စ်ဘုရင်ကလည်း မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။

“အခုလိုအကူအညီများစွာလိုအပ်နေတဲ့အချိန်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသူတွေအားလုံးအတွက် ကျွန်တော်တို့ သတိရဆုတောင်းပေးနေပါတယ်။ အခုလို အဖြစ်ဆိုးမှာ မိမိတို့ရဲ့ ချစ်ရသူများ ဆုံးရှုံးခဲ့ရတဲ့အတွက်လည်း နက်ရှိုင်းစွာဝမ်းနည်းကြေကွဲရပါတယ်” ဟု ဗြိတိန်ဘုရင်က ထုတ်ပြန်သည်။

ဗြိတိန်သည် ရန်ပုံငွေအသစ်အဖြစ် အမေရိကန်ဒေါ်လာ နှစ်သန်းခွဲကို အကူအညီ အများဆုံးလိုအပ်နေသော လူစုအတွက် ရေသန့်နှင့် အမိုးအကာများအတွက် ထောက်ပံ့ပေးမည်ဖြစ်ပြီး နောက်ဆက်တွဲရောဂါအန္တရာယ်များလျော့ပါးစေရန် ကူညီပေးမည်ဟု ဖော်ပြသည်။ အဆိုပါ ရန်ပုံငွေကို မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရှိ မြေပြင်မှ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများထံသို့ တိုက်ရိုက် ပေးအပ်မည်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများ လိုအပ်နေသည့် အသက်ကယ်ထောက်ပံ့မှုကို အမြန်ဆုံးလုပ်ဆောင်မည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ဆိုင်ကလုန်းမိုခါ တုံ့ပြန်ရေးအဖြစ် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အပူတပြင်းလိုအပ်လျက်ရှိသည့် နားခိုစရာ၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူပစ္စည်းများအတွက် USAID မှတဆင့် ကနဦး အမေရိကန်ဒေါ်လာ နှစ်သိန်းကို ပေးအပ်လှူဒါန်းသွားမည်ဟု ကြေညာထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။