Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရဲနှင့်ပေါင်းပြီး လူများကို ဖမ်းဆီး၊ ပြန်ပေးဆွဲ၊ ရောင်းချနေသည့် မုံးကိုးပြည်သူ့စစ်အဖွဲ့ဝင်များကို MNDAAကထောင်ဒဏ်ချမှတ်

ဇွန်လ ၅ရက်တွင် မြန်မာနိုင်ငံရှမ်းပြည်အထူးဒေသ(၁) အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားခုံရုံးမှ မုံးကိုးခရိုင် ပန်းဆိုင်ဒေသနှင့် ဘေးပတ်လည်ဒေသရှိ လက်နက်ကိုင် ပြန်ပေးဆွဲခြင်းနှင့် လူသတ်သော ရာဇဝတ်မှု ဂိုဏ်းအဖွဲ့ကို ဥပဒေအရ တရားစီရင်ခဲ့ကြောင်း​ဖော်ပြထားသည်။

(MNDAA က ရာဇဝတ်မှုကျူးလွန်သူများကို ပစ်ဒဏ်ချမှတ်​နေစဥ်။ဓါတ်ပုံ-MNDAA)
(MNDAA က ရာဇဝတ်မှုကျူးလွန်သူများကို ပစ်ဒဏ်ချမှတ်​နေစဥ်။ဓါတ်ပုံ-MNDAA)

▪︎ကျူးလွန်သူများတွငိစစ်​ကောင်စီလက်​အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်များလည်းပါဝင်​​

▪︎တရုတ်လူမျိုးများကို ပစ်မှတ်ထားဖမ်းဆီးရောင်းချခဲ့သည့် အမှုဖြစ်စဉ် ၁၃ခုကို ကျူးလွန်ခဲ့ကြောင်းဖော်ပြ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသတွင် စစ်ကောင်စီလက်အောက်ခံ ရဲများနှင့် ပူးပေါင်းပြီး လူများကို ဖမ်းဆီး ရောင်းချခဲ့သည့် ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင်များကို ထောင်ဒဏ်ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း ကိုးကန့်တပ်ဖွဲ့(MNDAA)က ယ​နေ့ထုတ်ပြန်လိုက်ပြီး ကျူးလွန်ခဲ့သူများတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်များ ပါဝင်ကြောင်း ဖော်ပြခဲ့သည်။

ဇွန်လ ၅ရက်တွင် မြန်မာနိုင်ငံရှမ်းပြည်အထူးဒေသ(၁) အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားခုံရုံးမှ မုံးကိုးခရိုင် ပန်းဆိုင်ဒေသနှင့် ဘေးပတ်လည်ဒေသရှိ လက်နက်ကိုင် ပြန်ပေးဆွဲခြင်းနှင့် လူသတ်သော ရာဇဝတ်မှု ဂိုဏ်းအဖွဲ့ကို ဥပဒေအရ တရားစီရင်ခဲ့ကြောင်း​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ရာဇဝတ်မှုဂိုဏ်အဖွဲ့ဝင်ဖြစ်သော လီအင်ဖူ ၊ ဟုတ်ချင်ပန်း ၊ ရန်မင်ဟွေ နှင့်အိုက်မောင် တို့သည် ၎င်းတို့ ကျူးလွန်သော အမှုများကို ဝန်ခံခဲ့ကြောင်း၊ လီအင်ဖူနှင့် ဟုတ်ချင်ပန်း တို့နှစ်ဦးသည် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါ အဖွဲ့များသည် အမှုများကို သီးသန့်ကျူးလွန်သကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့လက်အောက်ရှိပန်းဆိုင်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်​ကြောင်းလည်းသိရသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အဖွဲ့သည် အမှု (၁၃)မှုကျူးလွန်ခဲ့ပြီး တရုတ်လူမျိုး(၁၄)ယောက်ပြန်ပေးဆွဲကာ မူဆယ်သို့ ရောင်းချခဲ့ကြောင်း၊ အမှုနှင့်ပတ်သက်သောငွေကြေးမှာ တရုတ်ယွမ်ငွေ လေးသိန်း ရှစ်သောင်းနှင့် မြန်မာကျပ်ငွေ သိန်း၃၈၀ ဖြစ်ကြောင်း ဖော်ပြကာ အဆိုပါ ငွေများကို ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ရဲတို့ ခွဲဝေယူခဲ့ကြောင်း ဖြစ်စဉ်များကို အသေးစိတ်ဖော်ပြခဲ့သည်။

ထိုသို့ အမှုကျူးလွန်ရာတွင် မုံးကိုး ပြည်သူ့စစ်နှင့် ရဲများသည် အိမ်ထောင်စုစာရင်းစစ်ဆေးခြင်း၊အမှုစစ်ဆေးခြင်းခေါင်းစဉ်ဖြင့် တရုတ်လူမျိုးများကိုဖမ်းဆီးရောင်းချကာ ငွေကြေးများကို ခွဲဝေယူဆောင်ခဲ့သည်ဟုသိရသည်။

၂၀၂၂ ဩဂုတ်လတွင် တရုတ်လူမျိုး ၂ယောက်ကို ပြန်ပေးဆွဲရောင်းချပြီး ရရှိသည့်ငွေ ကျပ် သိန်း ၂၀ကို ရဲစခန်းနှင့် ပြည်သူ့ ခွဲဝေယူခဲ့ကြောင်း။ ယင်းလအတွင်း၌ပင် တရုတ်လူမျိုးတစ်ဦးကို ပြန်ပေးဆွဲကာ ပန်းဆိုင် ဖူဟွာ ဟိုတယ်သို့ ချုပ်နှောင်ရောင်းချခဲ့ရာ ရရှိသည့် တရုတ်ယွမ် ၈သောင်းကို ရာဇဝတ်ဂိုဏ်းအဖွဲ့မှ ၆သောင်းခွဲ၊ ရဲစခန်းမှ တစ်သောင်းခွဲ ခွဲဝေယူခဲ့ကြောင်း၊ ၂၀၂၂ စက်တင်ဘာလတွင်လည်း ဖူဟွာဟိုတယ် အနောက် ဂိမ်းဆိုင်တွင် တရုတ်လူမျိုး တစ်ဦးကို ဖမ်းဆီးရောင်းချရာ ကျပ် သိန်း ၁၆၀ ရရှိပြီး ရာဇဝတ်မှုဂိုဏ်းအဖွဲ့မှ သိန်း၈၀ နှင့် ရဲစခန်း က သိန်း၈၀ မျှဝေယူဆောင်ခဲ့ကြောင်း MNDAAက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အောက်တိုဘာလတွင် မူဆယ်မြို့ ဟင်ရှင်ကာစီနိုအပေါက်၀တွင် တရုတ်လူမျိုး တစ်ဦးကို ဖမ်းဆီးပြီး တရုတ်ယွမ် ၈သောင်းဖြင့် ရောင်းချခဲ့ကြောင်း၊ ယင်းလအတွင်း၌

ပင် ဖူဟွာဟိုတယ်အနောက်ဘက်ရှိ ဆိုင်ခန်းထဲတွင် အမှုစစ်ဆေးသောအမည်ဖြင့် တရုတ်လူမျိုး တစ်ဦးကို ဖမ်ပြီး ယွမ် ၅သောင်းဖြင့် ရောင်းချခဲ့ကြောင်း၊ ရာဇဝတ်မှုဂိုဏ်အဖွဲ့ မှ ၃ သောင်းရရှိပြီး ရဲစခန်းရဲတပ်ဖွဲ့ဝင်မှ ၂ သောင်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၂၂ အောက်တိုဘာလ၌ပင် ပန်းဆိုင် (၉၉၉)ကာစီနိုကွင်းအပြင်တွင် တရုတ်အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲရောင်းချသည့် အမှုကျူးလွန်ခဲ့သည်ဟုဆိုသည်။

ထို့အပြင်အောက်တိုဘာလအတွင်း၌ နောက်ထပ်ကျူးလွန်သည့် အမှု ၃ခု ရှိခဲ့ကြောင်း၊ နိုဝင်ဘာလအတွင်း၌လည်း တရုတ်လူမျိုး ၁ဦးကို ပြန်ပေးဆွဲပြီး ပန်းဆိုင်ဒေသ နမ်ပါတစ် KTV ၌ ချုပ်နှောင်ကာ ရောင်းချခဲ့သည်ဟုဆိုသည်။ အဆိုပါ အဖွဲ့များ ကျူးလွန်သည့် အခြားအမှုများကိုလည်း MNDAAက အသေးစိတ်ထုတ်ပြန်ခဲ့သည်။

(MNDAA က ရာဇဝတ်မှုကျူးလွန်သူများကို ပစ်ဒဏ်ချမှတ်​နေစဥ်။ဓါတ်ပုံ-MNDAA)
(MNDAA က ရာဇဝတ်မှုကျူးလွန်သူများကို ပစ်ဒဏ်ချမှတ်​နေစဥ်။ဓါတ်ပုံ-MNDAA)

ထိုသို့ အမှုများစွာ ကျူးလွန်ခဲ့သူများကို ပြစ်ဒဏ်များ ချမှတ်ခဲ့ရာ ပြည်သူ့စစ်အဖွဲ့ဝင် လီအင်ဖူကို ထောင်ဒဏ် ၁၀နှစ် နှင့် ဟုတ်ချင်ပန် ကို ထောင်ဒဏ် ၈နှစ်၊ ရန်မင်ဟွေကို ထောင်

ဒဏ် ၈နှစ်၊ အိုက်မောင် ကို ထောင်ဒဏ် ၃နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အသိပေးထားပြီး ပိုင်ဆိုင်မှုများကို သိမ်းယူခဲ့ကြောင်းပါရှိသည်။

MNDAA သည် ယခုနှစ်အတွင်း ကိုးကန့်ဒေသအတွင်း၌ ပြန်ပေးဆွဲ ၊ လူသတ်၊ ငွေကြေးလုယူ၊ ခိုးယူနေ​သောရာဇဝတ်ဂိုဏ်းများကို ဖမ်းဆီးပြီး အများပြည်သူမြင်ကွင်းတွင်းချက်ချင်းသေဒဏ်ပြစ်ဒဏ်ချမှတ်သည့် အရေးယူခြင်းအပါအဝင် ပြင်းထန်​သောပစ်ဒဏ်များချခဲ့သည်ကို​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်အတွင်း ယခင်က ပန်ဆေးပြည်သူ့စစ် ထိန်းချုပ်ခဲ့သည့် ဒေသမှ ဘိန်းခင်းများကို မတ်လ ၄ ရက်နေ့မှ ၁၂ရက် အတွင်း ၉ရက်ကြာ ဖျက်ဆီးခဲ့သည်ဟု အသိပေးသည်။

မေးမြန်းခန်း

ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People's Spring ကဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

သတင်း

PNLA ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီနှင့် အပေါင်းအပါများက စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်နေသည်ဟု အသိပေးထားသည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။