Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ခံရသည့် မယ်စဲ့ရှိဒေသခံ ၂,၀၀၀ခန့် ထိုင်းဘက်သို့တိမ်းရှောင်

ကရင်နီဒေသများသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက်ခြမ်းသို့ တိမ်းရှောင်သွားရာထိုင်းနိုင်ငံဘက်၌ လတ်တလော စားနပ်ရိက္ခာနှင့်နေထိုင်ရေး ကူညီပေးထားသည်ဟု ဆိုသည်။

(တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော မယ်စဲ့မြို့နယ်ရှိ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - Kantarawaddy Times)
(တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော မယ်စဲ့မြို့နယ်ရှိ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - Kantarawaddy Times)

ကရင်နီပြည်နယ်(ကယားပြည်နယ်) မယ်စဲ့မြို့နယ်ရှိ ဒေသခံ ၂,၀၀၀ ခန့် ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကရင်နီဒေသသတင်းရင်းမြစ်က ပြောသည်။

မယ်စဲ့မြို့နယ်ရဲစခန်းနှင့် မြို့နယ်အတွင်းရှိ တပ်စခန်း သုံးခုကို ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တို့က ဇွန်လ ၁၃ရက်တွင် တစ်ပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဒေသခံများ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

“အခုကတော့ စစ်ဘေးရှောင်တွေကထိုင်းဘက်ထွက်ပြေးကြတယ်။ မယ်စဲ့မြို့ခံတွေရယ် နောက် ဟိုစဲဆိုတာ က ဘီပီ ၁၄နားမှာပေါ့။ အဲဒီမှာက စစ်ဘေးရှောင်စခန်းတစ်ခုရှိတယ်။ အဲဒီ စစ်ဘေးရှောင်ကလူတွေထိုင်းဘက်ကိုတစ်ထောင်ကျော် နှစ်ထောင်နီးပါးလောက် သွားပြီးတော့ထွက်ပြေးခိုလှုံတာပေါ့” ဟုကရင်နီဒေသ သတင်းရင်းမြစ်က ပြောသည်။

မယ်စဲမြို့နယ် ဟိုစဲဒေသ၌ ယခင်ကတည်းက စစ်ရှောင်စခန်းတစ်ခုရှိရာယခုတွင်ထိုင်းဘက်သို့ထပ်မံ တိမ်းရှောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဟိုစဲက IDP စခန်းဆိုတာက ဖရူဆိုတို့ ဒီးမော့ဆိုတို့ အဲဒီဘက်ကနေ လာနေတဲ့သူတွေရှိတယ်။ ဟိုစဲဆိုတာက ဟိုစဲမြို့သစ်လို့ပြောတယ်။ အဲဒီဘက်က မြို့တွေဆိုတာကလည်း ရွာကြီးသာသာလောက်ပဲရှိပါတယ်။ အဲဒီမှာ မယ်စဲ့ပတ်ဝန်းကျင်က ရွာငယ်တွေရှိတာပေါ့။ ဟိုစဲနားလည်းရွာငယ်တွေရှိမှာပေါ့”ဟု ကရင်နီ သတင်းရင်းမြစ်ကပြောသည်။

ကရင်နီဒေသများသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက်ခြမ်းသို့ တိမ်းရှောင်သွားရာထိုင်းနိုင်ငံဘက်၌ လတ်တလော စားနပ်ရိက္ခာနှင့်နေထိုင်ရေး ကူညီပေးထားသည်ဟု ဆိုသည်။

“အခုက ကျနော်သိရသလောက် သူတို့ ထမင်းထုပ်တွေပေးတယ်။သောက်ရေသန့်တွေပေးတယ်။ လူကတော့ စာသင်ကျောင်းတို့ ဘုန်းကြီးကျောင်းတို့မှာ ခွဲနေတယ်ပြောတာပဲ။ သူတို့ကတော့ နည်းနည်း ပြန်ငြိမ်သွားရင် သူတို့ ပြန်ရမှာပဲလေ”ဟု ကရင်နီသတင်းရင်းမြစ်ကပြောသည်။

မယ်စဲ့ဒေသတွင် ယခင်က တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းမရှိဘဲ ယခုလတွင် ကရင်နီပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

သုံးနှစ်ကျော်ကြာ ကိုမာဝင်ပြီး သတိလစ် မေ့မြောနေခဲ့တဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ အသက် ၄၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။