Connect with us

Hi, what are you looking for?

သတင်း

မယ်စဲ့မြို့နယ်ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ် သိမ်းပိုက်

ဇွန်လ ၁၂ရက်က ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းကြောင်း ကြေညာပြီးနောက် ယနေ့(ဇွန်လ ၁၃ရက်)တွင် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပူးပေါင်းတပ်က စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းယူပြလိုက်ခြင်းလည်းဖြစ်သည်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား ‌ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား ‌ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

▪️ရဲစခန်းတစ်ခုတည်းမှ လက်နက် ၄၀ကျော်ရ၊ တောင်လှတပ်စခန်းမှ (၁၂၀) မမ လက်နက်ကြီး ၂လက်အပါအဝင် လက်နက်များရ

ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုနှင့် ရဲစခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်က ယနေ့နံနက်တွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ဇွန်လ ၁၂ရက်က ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းကြောင်း ကြေညာပြီးနောက် ယနေ့(ဇွန်လ ၁၃ရက်)တွင် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပူးပေါင်းတပ်က စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းယူပြလိုက်ခြင်းလည်းဖြစ်သည်။

“ကနဦးအခြေအနေကတော့ တောင်လှစခန်း၊ တောင်လှဆိုတာ BP-၁၄၊ ၁၅ နားမှာရှိတယ်။ ဘယ်တပ်ရင်းထိုင်လဲတော့ မသိဘူး။ အဲဒီမှာကျနော်တို့ပူးပေါင်းတပ်ကဝင်တိုက်တာ။ ဒီမနက် အစောကြီးလို့ပြောတာပဲ။ လေယာဉ်လာတ ၁၀နာရီလောက်ရှိပြီပြောတယ်။ လေယာဉ် ၄စီးလာတယ်တဲ့။ လက်နက်တွေတော့ရတယ်ပြောတယ်။ အကြီး ၂လက်ပါတယ်ပြောတယ်။ အကြီးဆိုတာ ၁၂၀ ပေါ့။ အငယ်ကတော့ မသိသေးဘူး” ဟု ကရင်နီစစ်ဘက် သတင်းရင်းမြစ်က ပြောသည်။

တစ်ပြိုင်တည်းတွင် မယ်စဲရဲစခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့သည်ဟုဆိုသည်။ တောင်လှတပ်စခန်းနှင့် မယ်စဲ့ရဲစခန်း သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်အခြေအနေနှင့် တော်လှန်ရေးအဖွဲ့များ ကျဆုံးထိခိုက်ရှိမရှိကို အသေးစိတ်မသိရသေးဟု ကရင်နီစစ်ဘက် သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“တစ်ပြိုင်နက်တည်းမှာပဲ မယ်စဲ့ရဲစခန်းကိုဝင်တာ။ တိုက်တာတော့ မဟုတ်ဘူးထင်တယ် သူတို့ လူ (ရဲအင်အား) ၁၀ယောက်ပဲရှိတယ်ဆိုတော့ ဒီလိုပဲ ဝင်ကောက်ယူသွားတာပေါ့ သေနတ်တွေ။ သူတို့ လူဆယ်ယောက်ပဲရှိတယ်ပြောတယ်။ အဲဒီမှာသိရသလောက်က လက်နက် အရေအတွက်က ၄၀လောက်ရတယ်ပြောတယ်။ အဲဒီရဲစခန်းမှာပဲ”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ယခင်ကလည်း နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်ဖြစ်စဉ်များရှိခဲ့သည်။ ထို့ပြင် ကရင်နီပြည်နယ် ဒီးမော့ဆိုအပါအဝင် ဒေသတွင်းထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို အထိနာအောင် ကရင်နီပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ထားနိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိထားသည်။

KNDF၏ (၂)နှစ်ပြည့်ထုတ်ပြန်ချက်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲထောင်ချီဖြစ်ပွားခဲ့ပြီး စခန်း ၁၀ခုထက်မနည်းကို သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ထံမှ လက်နက်အလက် ၆၀၀ကျော် သိမ်းဆည်းရရှိထားကြောင်း ဖော်ပြထားသည်။

ကရင်နီတပ်မတော်(KA)သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)လက်အောက်ခံတပ်ဖြစ်ပြီး KNDFသည် စစ်တပ်အာဏာသိမ်းပြီးနောက် လူငယ်များဖြင့် ဖွဲ့စည်းထားကာ KA ၏ စစ်ရေးဦးဆောင်မှုဖြင့် စစ်ကောင်စီတပ်ကို တော်လှန်နေသည့် တပ်ဖွဲ့ဖြစ်သည်။ ယခု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို KNPP ဥက္ကဋ္ဌ၊ KNDF ဥက္ကဋ္ဌ အပါအဝင် ၆ဦးဖြင့်ဖွဲ့စည်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။