Connect with us

Hi, what are you looking for?

သတင်း

ကျိုက်မရောရှိ ရဲကင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်ကောင်စီတပ် ပစ်ခတ်၍ ဗိုလ်ကြီးဟောင်း၏ သားဖြစ်သူသေဆုံး

KNLAနှင့် ပူးပေါင်းတပ်များသည် KNU တပ်မဟာ(၁)နယ်မြေရှိ စစ်ကောင်စီတပ်ယာဉ်များ၊ ဂိတ်များကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ် ဆောင်လျက်ရှိသည်။

(ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားရှိ လုံခြုံရေးရဲကင်းမှ လမ်းပိတ်ဆို့မှုပြုလုပ်ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KIC)
(ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားရှိ လုံခြုံရေးရဲကင်းမှ လမ်းပိတ်ဆို့မှုပြုလုပ်ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KIC)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ တံတားရှိ လုံခြုံရေးရဲကင်းကို ယမန်နေ့က တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နယ်မြေခံသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၂ရက် နံနက် ၁၀နာရီခွဲခန့်တွင် အဆိုပါ ရဲကင်းကို တော်လှန်ရေး ဒရုန်းအဖွဲ့တစ်ဖွဲ့မှ ဗုံးသီး သုံးလုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဗုံးသီးများ ဂိတ်အနီးကျရောက် ပေါက်ကွဲသော်လည်း ထိခိုက်မှုမရှိကြောင်း၊ ပေါက်ကွဲမှု အပြီးတွင် စစ်ကောင်စီတပ်က ပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း KNLA သတင်းရင်းမြစ်က ပြောသည်။

တံတားစောင့် စစ်ကောင်စီတပ်မှ ပစ်ခတ်၍ သေဆုံးသွားသူမှာ (၃၀)အရွယ်ရှိ ကိုငြိမ်းချမ်းဆိုသူဖြစ်ပြီး နှလုံးကျည်ဖောက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ ကိုငြိမ်းချမ်းသည် စစ်ကောင်စီ​၏ အငြိမ်းစား ဗိုလ်ကြီးဟောင်း​၏ သားဖြစ်ကြောင်း KNLA သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

KNLAနှင့် ပူးပေါင်းတပ်များသည် KNU တပ်မဟာ(၁)နယ်မြေရှိ စစ်ကောင်စီတပ်ယာဉ်များ၊ ဂိတ်များကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ် ဆောင်လျက်ရှိသည်။

အဆိုပါ ချောင်းနှစ်ခွတံတားရှိ စစ်ကောင်စီတပ်ဂိတ်ကို ယခင်နှစ်အတွင်းကလည်း KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ထိုစဉ်ကစစ်ကောင်စီ ရဲအချို့သေဆုံးထိခိုက်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။