Connect with us

Hi, what are you looking for?

သတင်း

မော်လမြိုင်မြို့တွင် ရပ်ကွက်အချို့ ​ရေလွှမ်း​နေပြီးက​လေးငယ်ဦးသုံး​ရေနစ်​သေဆုံး

ယနေ့ ည‌နေအထိ ရရှိသောသတင်းများအရ မော်လမြိုင်မြို့ဖက်ခင်းရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊မုပွန်ရပ်ကွက်၊ ဒိုက်ဝန်းကွင်းနှင့်ဒေါင်းမင်းရပ်တွင် ရေကြီးနစ်မြုပ်နေသည်ဟု သိရသည်။

(​ရေကြီး​နေ​သော ရပ်ကွက်များကို လူမှုကူညီ​ရေးအဖွဲ့များက ကူညီ​ရွေ့​ပြောင်း​ပေး ၊ထမင်းထုပ်​ပေး​နေစဥ်နှင့် ​ရေနစ်​နေ​သောက​လေးငယ် ၂ ဦးရှာ​​ဖွေ​နေကြစဥ်။ ဓါတ်ပုံ-ဇင်မိုး)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်ဇူလိုင်လ ၁၆ ရက်မှ စ၍ မိုးသည်းထန်စွာရွာသွန်းပြီးနောက်ရပ်ကွက် ၇ ရပ်ကွက်တွင် ရေလွှမ်းမိုးမှုကြုံတွေ့နေပြီးကလေးငယ်သုံးဦးရေနစ်သေဆုံးသွားကြောင်းမြို့ခံများကပြောသည်။

မော်လမြိုင်မြို့တွင်ဇူလိုင်လ၁၆ရက်မှစ၍မိုးသည်းထန်စွာရွာသွန်းပြီးယနေ့(ဇူလိုင်လ၁၉ရက်)အထိမိုးဆက်လက်ရွာသွန်းနေသည်ဟု ဒေသခံများကပြောသည်။

(​ရေကြီး​နေ​သော ရပ်ကွက်များကို လူမှုကူညီ​ရေးအဖွဲ့များက ကူညီ​ရွေ့​ပြောင်း​ပေး ၊ထမင်းထုပ်​ပေး​နေစဥ်နှင့် ​ရေနစ်​နေ​သောက​လေးငယ် ၂ ဦးရှာ​​ဖွေ​နေကြစဥ်။ ဓါတ်ပုံ-ဇင်မိုး)
(​ရေကြီး​နေ​သော ရပ်ကွက်များကို လူမှုကူညီ​ရေးအဖွဲ့များက ကူညီ​ရွေ့​ပြောင်း​ပေး ၊ထမင်းထုပ်​ပေး​နေစဥ်နှင့် ​ရေနစ်​နေ​သောက​လေးငယ် ၂ ဦးရှာ​​ဖွေ​နေကြစဥ်။ ဓါတ်ပုံ-ဇင်မိုး)

ယနေ့ ည‌နေအထိ ရရှိသောသတင်းများအရ မော်လမြိုင်မြို့ဖက်ခင်းရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊မုပွန်ရပ်ကွက်၊ ဒိုက်ဝန်းကွင်းနှင့်ဒေါင်းမင်းရပ်တွင် ရေကြီးနစ်မြုပ်နေသည်ဟု သိရသည်။

“သီရိမြိုင် ၈လမ်းနဲ့ ၁၇လမ်းမှာရေတွေမြုပ်ပြီး ကလေးသုံးယောက်ရေနစ်တယ်။ ရှာကြတာအလောင်းတွေပြန်တွေ့ပါတယ်။ရေလည်းထပ်တိုးနေပါတယ်”ဟုမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

(​ရေကြီး​နေ​သော ရပ်ကွက်များကို လူမှုကူညီ​ရေးအဖွဲ့များက ကူညီ​ရွေ့​ပြောင်း​ပေး ၊ထမင်းထုပ်​ပေး​နေစဥ်နှင့် ​ရေနစ်​နေ​သောက​လေးငယ် ၂ ဦးရှာ​​ဖွေ​နေကြစဥ်။ ဓါတ်ပုံ-ဇင်မိုး)
(​ရေကြီး​နေ​သော ရပ်ကွက်များကို လူမှုကူညီ​ရေးအဖွဲ့များက ကူညီ​ရွေ့​ပြောင်း​ပေး ၊ထမင်းထုပ်​ပေး​နေစဥ်နှင့် ​ရေနစ်​နေ​သောက​လေးငယ် ၂ ဦးရှာ​​ဖွေ​နေကြစဥ်။ ဓါတ်ပုံ-ဇင်မိုး)

ရေကြီးနေသောရပ်ကွက်များအတွင်း မြေနိမ့်ပိုင်းနေရာများတွင် ရေ ခုနစ်ပေခန့်အထိ နစ်မြုပ်နေပြီး ဘုန်းကြီးကျောင်းအချို့တွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရသည်ဟု မြို့ခံလူမှုကူညီရေးအဖွဲ့အချို့ကပြောသည်။

လက်ရှိတွင်မွန်ပြည်နယ်အတွင်းမော်လမြိုင်မြို့အပြင်ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရောနှင့်မုဒုံမြို့တို့တွင် မိုးသည်းထန်စွာရွာနေသည်ဟု သိရသည်။ မော်လမြိုင်မြို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၂၂ လက်မကျော်အထိ ရွာသွန်းခဲ့သည်ဟုလူမှုကူညီရေးအဖွဲ့အချို့က သတိပေးထားသည်။

(​ရေကြီး​နေ​သော ရပ်ကွက်များကို လူမှုကူညီ​ရေးအဖွဲ့များက ကူညီ​ရွေ့​ပြောင်း​ပေး ၊ထမင်းထုပ်​ပေး​နေစဥ်နှင့် ​ရေနစ်​နေ​သောက​လေးငယ် ၂ ဦးရှာ​​ဖွေ​နေကြစဥ်။ ဓါတ်ပုံ-ဇင်မိုး)
(​ရေကြီး​နေ​သော ရပ်ကွက်များကို လူမှုကူညီ​ရေးအဖွဲ့များက ကူညီ​ရွေ့​ပြောင်း​ပေး ၊ထမင်းထုပ်​ပေး​နေစဥ်နှင့် ​ရေနစ်​နေ​သောက​လေးငယ် ၂ ဦးရှာ​​ဖွေ​နေကြစဥ်။ ဓါတ်ပုံ-ဇင်မိုး)

မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းတွင် ဇူလိုင်လ ၂၁ရက်နေ့အထိ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေးနှင့် နောက်ဆက်တွဲဖြစ်သော မြေပြိုမှု‌ ဘေးအန္တရာယ်ကိုသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာနကဇူလိုင်လ၁၇ရက်တွင်သတိပေးထားသည်။

ယခုရေကြီးနစ်မြုပ်မှုအတွက် စစ်ကောင်စီဘက်ကမည်သည့်သတိပေးချက်မှ မရခဲ့ကြောင်းမြို့ခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။