Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မော်လမြိုင်မြို့တွင် ရပ်ကွက်အချို့ ​ရေလွှမ်း​နေပြီးက​လေးငယ်ဦးသုံး​ရေနစ်​သေဆုံး

ယနေ့ ည‌နေအထိ ရရှိသောသတင်းများအရ မော်လမြိုင်မြို့ဖက်ခင်းရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊မုပွန်ရပ်ကွက်၊ ဒိုက်ဝန်းကွင်းနှင့်ဒေါင်းမင်းရပ်တွင် ရေကြီးနစ်မြုပ်နေသည်ဟု သိရသည်။

(​ရေကြီး​နေ​သော ရပ်ကွက်များကို လူမှုကူညီ​ရေးအဖွဲ့များက ကူညီ​ရွေ့​ပြောင်း​ပေး ၊ထမင်းထုပ်​ပေး​နေစဥ်နှင့် ​ရေနစ်​နေ​သောက​လေးငယ် ၂ ဦးရှာ​​ဖွေ​နေကြစဥ်။ ဓါတ်ပုံ-ဇင်မိုး)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်ဇူလိုင်လ ၁၆ ရက်မှ စ၍ မိုးသည်းထန်စွာရွာသွန်းပြီးနောက်ရပ်ကွက် ၇ ရပ်ကွက်တွင် ရေလွှမ်းမိုးမှုကြုံတွေ့နေပြီးကလေးငယ်သုံးဦးရေနစ်သေဆုံးသွားကြောင်းမြို့ခံများကပြောသည်။

မော်လမြိုင်မြို့တွင်ဇူလိုင်လ၁၆ရက်မှစ၍မိုးသည်းထန်စွာရွာသွန်းပြီးယနေ့(ဇူလိုင်လ၁၉ရက်)အထိမိုးဆက်လက်ရွာသွန်းနေသည်ဟု ဒေသခံများကပြောသည်။

(​ရေကြီး​နေ​သော ရပ်ကွက်များကို လူမှုကူညီ​ရေးအဖွဲ့များက ကူညီ​ရွေ့​ပြောင်း​ပေး ၊ထမင်းထုပ်​ပေး​နေစဥ်နှင့် ​ရေနစ်​နေ​သောက​လေးငယ် ၂ ဦးရှာ​​ဖွေ​နေကြစဥ်။ ဓါတ်ပုံ-ဇင်မိုး)
(​ရေကြီး​နေ​သော ရပ်ကွက်များကို လူမှုကူညီ​ရေးအဖွဲ့များက ကူညီ​ရွေ့​ပြောင်း​ပေး ၊ထမင်းထုပ်​ပေး​နေစဥ်နှင့် ​ရေနစ်​နေ​သောက​လေးငယ် ၂ ဦးရှာ​​ဖွေ​နေကြစဥ်။ ဓါတ်ပုံ-ဇင်မိုး)

ယနေ့ ည‌နေအထိ ရရှိသောသတင်းများအရ မော်လမြိုင်မြို့ဖက်ခင်းရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊မုပွန်ရပ်ကွက်၊ ဒိုက်ဝန်းကွင်းနှင့်ဒေါင်းမင်းရပ်တွင် ရေကြီးနစ်မြုပ်နေသည်ဟု သိရသည်။

“သီရိမြိုင် ၈လမ်းနဲ့ ၁၇လမ်းမှာရေတွေမြုပ်ပြီး ကလေးသုံးယောက်ရေနစ်တယ်။ ရှာကြတာအလောင်းတွေပြန်တွေ့ပါတယ်။ရေလည်းထပ်တိုးနေပါတယ်”ဟုမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

(​ရေကြီး​နေ​သော ရပ်ကွက်များကို လူမှုကူညီ​ရေးအဖွဲ့များက ကူညီ​ရွေ့​ပြောင်း​ပေး ၊ထမင်းထုပ်​ပေး​နေစဥ်နှင့် ​ရေနစ်​နေ​သောက​လေးငယ် ၂ ဦးရှာ​​ဖွေ​နေကြစဥ်။ ဓါတ်ပုံ-ဇင်မိုး)
(​ရေကြီး​နေ​သော ရပ်ကွက်များကို လူမှုကူညီ​ရေးအဖွဲ့များက ကူညီ​ရွေ့​ပြောင်း​ပေး ၊ထမင်းထုပ်​ပေး​နေစဥ်နှင့် ​ရေနစ်​နေ​သောက​လေးငယ် ၂ ဦးရှာ​​ဖွေ​နေကြစဥ်။ ဓါတ်ပုံ-ဇင်မိုး)

ရေကြီးနေသောရပ်ကွက်များအတွင်း မြေနိမ့်ပိုင်းနေရာများတွင် ရေ ခုနစ်ပေခန့်အထိ နစ်မြုပ်နေပြီး ဘုန်းကြီးကျောင်းအချို့တွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရသည်ဟု မြို့ခံလူမှုကူညီရေးအဖွဲ့အချို့ကပြောသည်။

လက်ရှိတွင်မွန်ပြည်နယ်အတွင်းမော်လမြိုင်မြို့အပြင်ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရောနှင့်မုဒုံမြို့တို့တွင် မိုးသည်းထန်စွာရွာနေသည်ဟု သိရသည်။ မော်လမြိုင်မြို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၂၂ လက်မကျော်အထိ ရွာသွန်းခဲ့သည်ဟုလူမှုကူညီရေးအဖွဲ့အချို့က သတိပေးထားသည်။

(​ရေကြီး​နေ​သော ရပ်ကွက်များကို လူမှုကူညီ​ရေးအဖွဲ့များက ကူညီ​ရွေ့​ပြောင်း​ပေး ၊ထမင်းထုပ်​ပေး​နေစဥ်နှင့် ​ရေနစ်​နေ​သောက​လေးငယ် ၂ ဦးရှာ​​ဖွေ​နေကြစဥ်။ ဓါတ်ပုံ-ဇင်မိုး)
(​ရေကြီး​နေ​သော ရပ်ကွက်များကို လူမှုကူညီ​ရေးအဖွဲ့များက ကူညီ​ရွေ့​ပြောင်း​ပေး ၊ထမင်းထုပ်​ပေး​နေစဥ်နှင့် ​ရေနစ်​နေ​သောက​လေးငယ် ၂ ဦးရှာ​​ဖွေ​နေကြစဥ်။ ဓါတ်ပုံ-ဇင်မိုး)

မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းတွင် ဇူလိုင်လ ၂၁ရက်နေ့အထိ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေးနှင့် နောက်ဆက်တွဲဖြစ်သော မြေပြိုမှု‌ ဘေးအန္တရာယ်ကိုသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာနကဇူလိုင်လ၁၇ရက်တွင်သတိပေးထားသည်။

ယခုရေကြီးနစ်မြုပ်မှုအတွက် စစ်ကောင်စီဘက်ကမည်သည့်သတိပေးချက်မှ မရခဲ့ကြောင်းမြို့ခံများကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။