Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်း ၂ နှစ်ခွဲပြည့်သည့်နေ့တွင် ရွှေတစ်ကျပ်သား ကျပ်၃၆သိန်းခွဲရှိလာ

စက်သုံးဆီဈေးမှာလည်း အာဏာမသိမ်းခင်က အောက်တိန်း၉၂ တစ်လီတာကို ကျပ် ၆၅၅ ကျပ်ရှိရာမှ ယခုအခါက ၂၂၃၅ ကျပ်အထိမြင့်တက်ခဲ့သည်။

(၂ နှစ်ခွဲအတွင်း​ရွှေ​ဈေး ၂ ဆခွဲ​ကျော်တက်လာခြင်းဖြစ်ပြီး ကျပ် ၂၀၀၀၀ တန်ထွက်လာပါက​ဈေးပိုတက်မည်ဖြစ်သည်။ ဓါတ်ပုံ-ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်း)
(၂ နှစ်ခွဲအတွင်း​ရွှေ​ဈေး ၂ ဆခွဲ​ကျော်တက်လာခြင်းဖြစ်ပြီး ကျပ် ၂၀၀၀၀ တန်ထွက်လာပါက​ဈေးပိုတက်မည်ဖြစ်သည်။ ဓါတ်ပုံ-ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်း)

▪︎ကျပ် နှစ်​သောင်းတန်ထွက်လာပါက ​ဈေးပိုတက်မည်ဟု လုပ်ငန်းရှင်များခန့်မှန်း

စစ်တပ်အာဏာသိမ်းထားသည့် ၂ နှစ်ခွဲပြည့်သည့်နေတွင် အခေါက်ရွှေတစ်ကျပ်သား ၃၆သိန်းခွဲနှင့် အမေရိကန် တစ်ဒေါ်လာ ၃၄၃၀ အထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အာဏာမသိမ်းခင်က အခေါက်ရွှေတစ်ကျပ်သားကိုကျပ် ၁၃သိန်း​ကျော်( ၁,၃၂၀,၀၀၀​ကျော် )နှင့် အ​မေရီကန်တစ်ဒေါ်လာကို ၁၃၃၇ ကျပ်ရှိရာမှာ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲတွင် နှစ်ဆခွဲကျော်မြင့်တက်လာခြင်းဖြစ်သည်။

“ရွှေဆိုင်အများစုက အရောင်းရပ်ထားတယ်။ ရောင်းတဲ့ဆိုင်က ၃၆သိန်းခွဲနဲ့ သူတို့ပြန်ဝယ်ရင် ၃၅သိန်းခွဲရှိတယ်။”ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

ဇူလှိုင် ၂၈ ရက်က အခေါက်ရွှေတစ်ကျပ်သားလျင် ၃၅သိန်း​ကျော်( ၃,၅၂၀,၀၀၀) ရှိပြီး တစ်ဒေါ်လာကို ၃၃၅၀ကျပ်ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဈေးကွက်အတွင်းသို့ ကျပ်နှစ်သောင်းတန်ထွက်လာပါက ​အ​ခေါက်​ရွှေ​ဈေး ကျပ် သိန်း ၄၀ခန့်မြင့်တက်လာနိုင်သည်ဟုလည်း အခြားရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“အခုကနေ့တိုင်း ဈေးဆက်တက်နေတယ်။ဒီရက်ပိုင်း ကျပ် သိန်း ၄၀ အထိ တက်မယ်လို့ ခန့်မှန်းနေကြတယ်”ဟု အခြားရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဒေါ်လာဈေးမှာလည်း ယနေ့မနက်ပိုင်းတွင် တစ်ဒေါ်လာကို ၃၄၀၀ကျပ်ဈေးဖွင့်ခဲ့သော်လည်း နေ့လယ်ပိုင်းတွင် ၃၄၃၀ အထိမြင့်တက်ခဲ့သည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။

“ဈေးကွက်ထဲမှာ အရောင်းအဝယ်တွေ ရပ်ထားကြတယ်။ တချို့ကလည်း ထောက်လှမ်းရေးကိုကြောက်ပြီး မရောင်းရဲ၊မဝယ်ရဲဖြစ်နေတယ်”ဟု ၎င်းကဆက်ပြောသည်။

ဇူလိုင် ၃၁ ရက်တွင် အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့သက်တမ်းကို လေးကြိမ်မြောက်ထပ်တိုးခဲ့ပြီး စစ်အုပ်ချုပ်ရေးကို သက်ဆိုးရှည်ရန်ကြိုးပမ်းသည်။

စစ်အာဏာသိမ်းထားသည့် နှစ်နှစ်ခွဲအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ သုံးဆခန့်မြင့်တက်ခဲ့သည်။ ယခင်က စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၃၁ရက်က ရွှေဘိုပေါ်ဆန်းတအိမ်ကို ကျပ် ၅၇၀၀၀ ရှိရာမှ ယခုအခါ (၂၀၂၃ ဇူလိုင် ၃၁) ကျပ် ၁၄၀,၀၀၀ အထိမြင့်တက်လာသည်။ ဆန်ကြမ်းတအိတ်ကို ၂၁၅၀၀ ကျပ်ရှိခဲ့ရာမှ ၈၂၀၀၀ အထိမြင့်တက်ခဲ့သည်။

စက်သုံးဆီဈေးမှာလည်း အာဏာမသိမ်းခင်က အောက်တိန်း၉၂ တစ်လီတာကို ကျပ် ၆၅၅ ကျပ်ရှိရာမှ ယခုအခါက ၂၂၃၅ ကျပ်အထိမြင့်တက်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

ဆောင်းပါး

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို 'Survival Migration' (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက စတင်လာတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ တစ် သိန်းကျော်လွန်သွားပြီလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။