Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်မြို့ တရားရုံးအပါအဝင်ရုံးဌာနလေးခု တိုက်ခိုက်ခံရ

ဖာပွန်မြို့နယ် တရားရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ မြို့နယ်စာရင်းစစ်ရုံးနှင့် မြို့နယ်အခွန်ရုံးတို့ကိုဩဂုတ် ၁၁ရက် ညတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဟု ဖာပွန်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

(ဖာပွန်မြို့ရှိ စစ်ကောင်စီရုံးဌာနများ တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဖာပွန်မြို့ရှိ စစ်ကောင်စီရုံးဌာနများ တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ မြို့နယ်တရားရုံးအပါအဝင် စစ်ကောင်စီလက်အောက်ခံ ရုံးဌာန လေးခုကို တော်လှန်ရေးအင်အားစုများက ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှ်ိသည်။

ဖာပွန်မြို့နယ် တရားရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ မြို့နယ်စာရင်းစစ်ရုံးနှင့် မြို့နယ်အခွန်ရုံးတို့ကိုဩဂုတ် ၁၁ရက် ညတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဟု ဖာပွန်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

“ည ၁၁နာရီလောက်မှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားတာ။ ရုံးတွေက လူမနေရဲကြလို့ မနေကြဘူးလို့လည်း ကြားတယ်။NonCDM ဝန်ထမ်းတွေကတော့ တော်တော်လေး ကြောက်နေကြတယ်” ဟု ဖာပွန်မြို့ခံတစ်ဦးက ပြောသည်။

သို့သော် တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ (၅)​က စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့်ရာထူးမှ အမြန်ဆုံးနှုတ်ထွက်ရန်နှင့် လိုက်နာခြင်းမရှိပါကအရေးယူသွားမည်ဟုဩဂုတ် ၈ရက်တွင် ထုတ်ပြန်ခဲ့သည်။ထုတ်ပြန်ပြီး သုံးရက်အကြာတွင် စစ်ကောင်စီလက်အောက်ခံရုံးဌာနများ တိုက်ခိုက်ခံရခြင်းဖြစ်သည်။အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ KNUက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။